KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

KIA အနေနဲ့ စစ်တပ်လို သတင်းသမားတွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့ CPJ ပြော

ကချင်လွတ်လပ်ရေးတပ်မတော် KIA ဖမ်းဆီးထားတဲ့ ဖားကန့်မြို့နယ်၊ နယ်ခံသတင်းသမား ၂ ဦး အမြန်ဆုံး လွှတ်ပေးဖို့ CPJ က မနေ့ကပဲ တောင်းဆိုလိုက်ပါတယ်။

စာနယ်ဇင်းသမားများ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ CPJ က စက်တင်ဘာလ ၂၂ ရက်နေ့ရက်စွဲနဲ့ KIA  ဖမ်းဆီးထားတဲ့သတင်းသမား ၂ ဦးကို အမြန်ဆုံးပြန်လွတ်ပေးဖို့၊ KIA အနေနဲ့ စစ်ကောင်စီတပ်လို သတင်းသမား တွေကို ဖမ်းဆီးတာမလုပ်သင့်ဘူးလို့လည်း ဆိုထားပါတယ်။

“မြန်မာပြည်တွင်းစစ်မှာ ပါဝင်နေတဲ့အဖွဲ့တိုင်းဟာ သတင်းထောက်တွေကို ကာကွယ်ပေးဖို့ တာဝန်ရှိတယ်။ သတင်းထောက်တွေကို ပစ်မှတ်ထားခွင့်မရှိဘူး ကချင်လွတ်ရေးတပ်မတော်က သတင်းယူနေတဲ့ သတင်းထောက်တွေကို ဖမ်းဆီးပြီး မြန်မာစစ်အစိုးရလိုမလုပ်သင့်ပါဘူး။ တာလင်းမောင်နဲ့ နောင်ရိုးကို အခု လွှတ်ပေးသင့်တယ်”လို့ CPJ ရဲ့ အရှေ့တောင်အာရှကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA/KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကတော့ အဆိုပါ သတင်း သမား ၂ ဦးကို ဖားကန့်မြို့နယ်ထဲက KIA တပ်မဟာ ၉ နယ်မြေမှာဖမ်းဆီးထားပြီး လက်ရှိအခြေနေနဲ့ပတ်သက်လို့ KNG ကို အခုလိုပြောပါတယ်။

“ဘာကြောင့်ဖမ်း တယ် သူတို့အပြစ်ကဘာရှိတယ်ဆိုတာကို စစ်ဆေးမေးမြန်းနေတဲ့ အနေအထား ထင်တယ်  ဖမ်းတဲ့ကိစ္စနဲ့တော့ သတင်းဌာနနဲ့တော့ တိုက်ရိုက်ပတ်သက်မှုမရှိဘူး တပ်ပိုင်းဆိုင်ရာကနေဖမ်းတာဆိုတော့။ ဘာကြောင့် ဖမ်းတယ်ဆိုတာကတော့ ကျနော်မသိတာကိုပြောတာပါ။ သူတို့ကတော့သိမှာပါ။ သူတို့ရဲ့ စားရေးသောက်ရေးနဲ့တစ်ခြားကိစ္စတွေကတော့ စိုးရိမ်စရာတော့မရှိပါဘူး KIA ကတော့ အဲ့တာ မျိုးတွေ ဘယ်တော့မှအလေးမထားတာကိုမတွေ့ရဘူး အလေးထားပြီးတော့မှ သူတို့လိုအပ်တာတွေကို ဖြည့်ဆည်း ပြီးမှ ထိန်းထိန်းသိမ်းသိမ်းခေါ်

ထားတယ်ထင်တယ် ဒါက ကျနော်သူတို့ရဲ့အခြေနေကို သုံးသပ်ပြီးမှ ပြောတာ ပါ။”လို့ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

သတင်းထောက် ၂ ဦးဖမ်းဆီးခံထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီး KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက တိတိကျကျဖြေဆိုနိုင်တာမရှိပေမယ့် သတင်းထောက် ၂ ဦးကို အလေးနက်ထားပြီး သေချာထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။

ဖားကန့်မြို့နယ် နယ်ခံသတင်းသမား ၂ ဦးဖြစ်တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို KIA တပ်က စက်တင်ဘာလ ၂၉ ရက်နေ့နဲ့ ၃၀ ရက် နေ့ တစ်ရက်ခြားပြီးဖမ်းဆီးခဲ့တာဖြစ်ပြီး အခုဆိုရင် ၃ ပတ်ရှိလာပြီ ဖြစ်ပါတယ်။

သတင်းသမား ၂ ဦးနဲ့ရင်းနှီးတဲ့မိတ်ဆွေတစ်ဦးပြောတာကတော့ “ အဲဒီ ဖားကန့်တပ်မဟာက ၉ တပ်မဟာမှူး ပြောတာကတော့ ဆိုင်းတောင် တိုက်ပွဲပြီးရင် လွှတ်ပေးမယ်ပြောတယ်။ ဒါပေမယ့်ခုချိန်ထိ မလွှတ်ပေးသေး ဘူး” လို့ ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ သတင်းထောက်နှစ်ဦးထဲက အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးဟာ အာဏာသိမ်းခါစ ကာလဖြစ်တဲ့ ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှာ စစ်ကောင်စီရဲ့ဖမ်းဆီးခံရပြီး ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အောက်တိုဘာလ ၃ ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့သူလို့သိရပါတယ်။

သတင်းထောက်ကိုတာလင်းမောင်ကတော့ အာဏာမသိမ်းခင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ပြန်/ဆက်)မှာတာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး အာဏာသိမ်းပြီးနောက် CDM ဝင်ထားကာ Red News Agency သတင်းဌာနက သတင်းထောက်အလုပ်ကို လုပ်ကိုင်နေတာလို့သိရပါတယ်။

သတင်းသမား ၂ ဦးပြန်လွတ်ပေးဖို့ ဖားကန့်တော်လှန်ရေးအင်အားစုနဲ့ မိသားစု၊ရင်းနှီးတဲ့ မိတ်ဆွေတွေကလည်း ဖားကန့်မြို့နယ် KIA တပ် မဟာ ၉ ၊တပ်မဟာမှူးကို စာပေးပို့တောင်းဆိုထားကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲက KIA တပ်ဟာ သတင်းသမားတွေကိုပထမဆုံးအကြိမ် ဖမ်းဆီးတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ကြောင်းကိုလည်း CPJ ကဆိုထားပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ မြန်မာနိုင်ငံဟာ သတင်းလွတ်လပ်ခွင့်အတွက် ဒုတိယအဆိုးဆုံးနိုင်ငံဖြစ်ပြီး အနည်းဆုံး သတင်းထောက် ၄၃ ဦးအကျဥ်းချခံထားရတယ်လို့ CPJ ရဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့က ထုတ်ပြန် ချက်အရသိရပါတယ်။

October 22, 2024
ပန်ဝါမြို့နေ ပြည်သူတွေဟာ လေကြောင်းအန္တရာယ်ကို စိုးရိမ်နေရလို့...
October 21, 2024
နှစ်ပေါင်း ၆၀ နီးပါး ကွန်မြူနစ်စနစ် နှင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF...
October 18, 2024
အာဏာသိမ်းစစ်ကောင်စီတပ်ဟာ သန်းခေါင်စာရင်းကို အောက်တိုဘာလ ၃၁ ရက်နေ့အထိ ထပ်တိုးကောက်ယူသွားမယ်လို့...
October 16, 2024
ပူတာအိုမြို့နယ် ဆွမ်ပီယန်ရွာအပါအဝင် ကျေးရွာ ၃ ရွာမှ ပြည်သူ ၁၅၀၀ (တစ်ထောင့်ငါးရာ)ဟာ  တော၊...