မွန်ပြည်နယ်တွင် စစ်ကောင်စီ သတ်မှတ်ထားသည့်အတိုင်း သန်းခေါင်စာရင်းမကောက်ခံနိုင်

မွန်ပြည်နယ်တွင် စစ်ကောင်စီ သတ်မှတ်ထားသည့်အတိုင်း သန်းခေါင်စာရင်းမကောက်ခံနိုင်

မွန်ပြည်နယ်တွင် စစ်ကောင်စီ၏ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို သတ်မှတ်ထားသည့် ကောက်ကွက်အတိုင်း ကောက်ယူနိုင်ခြင်းရှိဘူးဟု သန်းခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူတို့ထံမှ သိရသည်။

မွန်ပြည်နယ်တွင် သန်းခေါင်စာရင်း ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်တွင် ကောက်ကွက်ပေါင်း ၂၆၀၀ ကျော် ကောက်ယူထားပြီဟု ပြည်နယ်သန်းခေါင်စာ ရင်းကော်မတီစာရင်းများအရ သိရသည်။

သို့သော် မြေမြင်တွင် သတ်မှတ်ထားသည့်အတိုင်း သန်းခေါင်စာရင်းကို မကောက်ယူနိုင်ကြောင်း သန်ခေါင်စာရင်းကောက်ယူရာတွင် ပါဝင်သူတို့က ဆိုသည်။

“ ရွာမှာတောင်မှ တစ်ရွာလုံးအတိုင်းအတာနဲ့ ကောက်ယူနိုင်ဖို့က ဘယ်လိုမှ မလုပ်နိုင်ဘူး။ ဥပမာအနေနဲ့ ပြောရရင် ရွာတစ်ရွာရဲ့ ၁၀ ပုံထဲမှာ တစ်ပုံလောက်ပဲ ကောက်ယူနိုင်ခဲ့တယ်။ အဓိက ကောက်ယူခဲ့ကြောင်း မှတ်တမ်းရပြီးရင် ပြီးပြီ။ သူတို့ (စကစ) ပြောတဲ့ကောက်ကွက် ထောင်ဂဏန်းအထိက မဖြစ်နိုင်ပါဘူး” သန်ခေါင်စာရင်းကောက်ယူရာတွင် ပါဝင်ခဲ့သူတစ်ဦးက ပြောသည်။

စစ်ကောင်စီက လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှုကို အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ သတ်မှတ်ထားသော်လည်း သတ်မှတ်ရက်အတွင်း ကောက်ယူပြီးစီးမှုမရှိသည့်အတွက် သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းစဉ်ကို အောက်တိုဘာလကုန်ထိ ရက်တိုးသတ်မှတ်ထားသည်။

မွန်ပြည်နယ်အတွင်း အထူးသဖြင့် စစ်ရေးပဋိပက္ခများ ဖြစ်ပွားနေသည့် ဒေသတွင် ယနေ့ထိ သန်းခေါင်စာ ရင်း လာရောက်ကောက်ယူခြင်း မရှိသေးဘူးလို့ ဒေသခံတို့က ဆိုသည်။

“အိမ်မှာပဲရှိနေတာ ဒါပေမယ့် စာရင်းလာကောက်တဲ့သူတွေကို မတွေ့ရသေးဘူး။ ၁၅ ရက်နေ့က နောက် ဆုံးနေ့လို့ ပြောထားတယ်။ ဒါပေမယ့် အဲနေ့ကလွန်လာခဲ့ပြီး စာရင်းကောက်တဲ့သူတွေက မရောက်သေးဘူး။ အုပ်ချုပ်ရေးမှူးကလည်း ကျွန်တော်တို့ကို ဘာမှလည်းမပြောရသေးဘူး” ဟု သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာခံတစ်ဦးက ပြောသည်။

အကြောင်းအမျိုးမျိုးကြောင့် သန်းခေါင်းစာရင်း မကောက်ခံရသေးသည့် ပြည်သူများအနေဖြင့် သန်း ခေါင်စာရင်း ပြန်လည်ကောက်ခံနိုင်ရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာနှင့် မြို့နယ် သန်းခေါင် စာရင်းကော်မတီထံ ဆက်သွယ်ဖို့ ဗဟိုသန်ခေါင်စာရင်းကော်မရှင်က ထုတ်ပြန်ထားသည်။

စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူသည့်လုပ်ငန်းစဉ်တွင် ပြည်သူများ ပူးပေါင်းပါဝင်မှုအားနည်းခြင်း၊ လုံခြုံရေးအရ အပြည့်အဝ ကောက်ခံနိုင်ခြင်းမရှိခြင်းကြောင့် စစ်ကောင်စီ၏ သန်းခေါင်စာရင်းအချက်လက်များသည် မှန်ကန်မှု မရှိနိုင်ကြောင်း သံဖြူဇရပ်ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

“ဒီစာရင်းအချက်အလက်ကနေတဆင့် စစ်မှုထမ်းဖို့အတွက် အထောက်အကူတစ်စုံတစ်ရာဖြစ်သွားမှာကို စိုးရိမ်လို့ ပြည်သူတွေက စာရင်းအမှန်ကို မပေးကြဘူး။ အဲဒါကြောင့် စာရင်းအမှန်အကန်ရဖို့ဆိုတာက မဖြစ်နိုင်ဘူး။ ပကတိမြေပြင်မှာ လူရှိနေရင်တောင်မှ စာရင်းမထည့်သွားတဲ့သူတွေ အများကြီးပဲ။ သန်းခေါင်စာရင်း လာကောက်မယ်လို့ သတင်းရထားတဲ့ လူအချို့ကလည်း ခြံကို ခေတ္တပြောင်းနေလိုက်တာတွေလည်း ရှိတယ်” ဟု ဆိုသည်။

ထိုသို့ မပြည့်စုံ မမှန်ကန်သည့် သန်းခေါင်စာရင်းအချက်လက်များကို အခြေခံပြီး စစ်ကောင်စီက ပြုစုမည့် မဲစာရင်းသည်လည်း တိကျမှန်ကန်မှုမရှိနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ဝေဖန်သုံးသပ်ကြသည်။

October 23, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာအနီး ပင်လက်ပြင်တွင်...
October 22, 2024
မွန်ပြည်နယ်အတွင်း ပွဲရုံ၊ ဂိုဒေါင်တို့တွင် သိုလှောင်ထားသည့် ထိုင်းကုန်ပစ္စည်းများနှင့်...
October 21, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့...
October 15, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကမ်းနားလမ်းရှိ သပိတ်မျှောပွဲ ကျင်းပပြုလုပ်မည့်...