သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်အမှန်မပေးဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ သတိပေး

သန်းခေါင်စာရင်းကောက်ယူမှု အချက်အလက်အမှန်မပေးဖို့ မွန်တော်လှန်ရေးအဖွဲ့တွေ သတိပေး

လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့ သန်းခေါင်စာရင်းနဲ့ပတ်သက်ပြီး ပြည်သူတွေအနေနဲ့ အချက်အလက်အမှန်မပေးဖို့ မွန်တော်လှန်‌ ရေးအဖွဲ့တွေ သတိပေးလိုက်ပါတယ်။

အောက်တိုဘာ ၁ ရက်နေ့ကစပြီး ၁၅ ရက်နေ့အထိ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာ ရင်းကို စာရင်းကောက်ကွက်ပေါင်း ၁၁၀,၀၀၀ နဲ့ နိုင်ငံတဝန်းမှာ တပြိုင်နက်တည်း ကွင်းဆင်းကောက်ယူဖို့ ရှိနေတာပါ။

အဲဒီအတွက် စာရင်းကောက်ယူရာမှာ အိမ်ထောင်စု မေးခွန်းပုံစံ ၆၈ ခုအပါအဝင် အဖွဲ့အစည်းအ တွက် မေးခွန်းပုံစံ ၁၈ ခုကို တစ်အိမ်တက်တစ်အိမ်ဆင်း Mobile Tablet နဲ့ ကောက်ယူသွားမယ်လို့ စစ်ကောင်စီက ဆိုပါ တယ်။

စစ်ခေါင်းဆောင်ကတော့ စာရင်းကောက်တွေက အိမ်တိုင်ရာရောက် လာရောက်မေးမြန်းမယ့် မေးခွန်းတိုင်း အပေါ် သံသယစိတ် စိုးရိမ်ကြောင့်ကြစိတ်ကင်းစွာ အမှန်အတိုင်းဖြေကြားဖို့ စက်တင်ဘာ ၁ ရက်နေ့မှာ ပြောဆိုထားတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောခွင့်ရ နိုင်မွန်စိုင်းက ပြည်သူလူထုအနေနဲ့ အချက်အလက်အမှန်အားလုံးကိုမပေးသင့်ဘဲ မရိုးသားတဲ့ စစ်ကောင်စီအတွက် ချင့်ချင့်ချိန်ချိန်ဖြေကြဖို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်အထင်ကတော့ ပြည်သူလူထုအနေနဲ့ အချက်အလက်အမှန်အားလုံးကို မပေးသင့်ပါဘူး။ မိမိရဲ့ မိသားစုလုံခြုံရေးကိစ္စ အိမ်မှာမရှိတဲ့ သား/သမီးတွေရဲ့ နေထိုင်ရာ နေရာအမှန်တွေ မပေးသင့်ဘူး။ အပေါ်က ကျွန်တော်ပြောသလိုပဲ စကစကတော့ မရိုးသားတဲ့အတွက် ချင့်ချင့်ချိန်ချိန်ဖြေဖို့ ပြည်သူတို့ကို သတိပေးချင်တယ်”လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး လူငယ်တွေ အလုံးအရင်းနဲ့ ထွက်ပြေးတိမ်းရှောင်ကြတဲ့ အခြေအနေမှာအကြုံးဝင်သူတွေရဲ့ အချက်အလက်တွေရယူဖို့ သန်းခေါင်စာရင်းကောက်တဲ့ ရည်ရွယ်ချက်တစ်ခုလို့ သူက သုံးသပ်ပါတယ်။

သန်းခေါင်စာရင်းအတွက် ဖြည့်စွက်ရမယ့် လူဦးရေနဲ့သက်ဆိုင်တဲ့ အချက်တွေအပါအဝင် ပြည်တွင်း ရွှေ့ပြောင်းမှု၊ ပညာရေး၊လုပ်သားအင်အား၊မသန်စွမ်း၊ ပြည်ပရွှေ့ပြောင်းမှု၊ကိုယ်ဝန်ဆောင်နဲ့ သေဆုံးမှုအကြာင်းအရာစတာတွေ ပါဝင်ပါတယ်။

အဲဒီအကြောင်းအရာတွေထဲမှာ ပြည်တွင်းပြည်ပရွှေ့ပြောင်းမှုအပါအဝင် အလုပ်အကိုင်၊ နေထိုင်မှုတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖြည့်စွက်ရမယ့် အချက်အလက်တွေကို အသေးစိတ် ထည့်သွင်းထားတာပါ။

ပြည်သူတစ်ဦးကတော့ ကိုယ်ရေးအချက်အလက်တွေအကုန်လုံး အမှန်အတိုင်းဖြေဆိုဖို့ဆိုတာ လက်ရှိအခြေအနေအရ အင်မတန်ခက်ခဲပြီး အခုသန်းခေါင်စာရင်း ကောက်ယူမှုဟာ စစ်ကောင်စီဘက်က လုပ်ချင်သလို လုပ်မယ့်အနေအထားလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အမှန်အတိုင်းဖြေဆိုရမယ်ဆိုတဲ့ဟာက နဂိုကတည်းက ကိုယ့်နိုင်ငံရဲ့အခြေအနေ ကိုယ်သိလေဗျ။ အခုဟာက ကျွန်တော်အလုပ်သွားလုပ်နေရင်တောင် ဘယ်သွားမှာ သွားလုပ်နေလဲ။ မိန်းကလေးတစ်ယောက်ဆိုရင် သူအလုပ်လုပ်နေတာက ဘာအလုပ်လုပ်နေတယ်ဆိုတာကအစ။ ကျွန်တော်တို့မှာက ကိုယ်ဘာအလုပ်လုပ်နေတယ် ဆိုတာက ကိုယ်ရဲ့ Privacy ရှိတယ်။ ကိုယ်ရဲ့ Privacy ကိုပါ မေးမှာဆိုတော့ သူတို့လုပ်ချင်သလို လုပ်နေတဲ့အနေအထားလို့ မြင်တယ်” လို့ ဆိုပါတယ်။

စစ်ကောင်စီကတော့ နိုင်ငံရဲ့ လက်ရှိနဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံနိုင်ဖို့ တိကျတဲ့ လူဦး ရေဆိုင်ရာ ကိန်းဂဏန်းတွေ အမှန်တကယ်ရရှိဖို့ လိုအပ်တာကြောင့် သန်းခေါင်စာရင်းကောက်ယူဖို့ ဆုံးဖြတ်ခဲ့တာလို့ အကြောင်းပြပါတယ်။

တစ်ဘက်မှာ သူတို့ကျင်းပမယ့် ရွေးကောက်ပွဲအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ မဲစာရင်းတိကျမှန်ကန်စေရေး လုပ်ဆောင်ရာမှာလည်း အသုံးပြုနိုင်မယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုထားတာပါ။

ဒါပေမယ့် အာဏာသိမ်းမှုအတွင်း သန်းခေါင်စာရင်း ကောက်ယူမှုဟာ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ငွေကြေးနည်းပညာ အထောက်အပံ့တွေ မရရှိတဲ့ စစ်ကောင်စီအနေနဲ့ ရရှိလာတဲ့ အချက်အလက်တွေကို ထောက်လှမ်းရေးယန္တရားအတွက် အသုံးပြုနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေတာပါ။

မွန်ပြည်တော်လှန်‌ရေးတပ်MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက ပြည်သူတွေအနေနဲ့ ကိုယ့်မိသားစုတွေ တော်လှန်ရေးအဖွဲ့ထဲ ရောက်သွားတာဖြစ်စေ ပြည်ပမှာအလုပ်လုပ်နေတာဖြစ်စေ အားလုံး လိမ်ဖြေဖို့ပဲလိုတယ်လို့ အကြံပြုပါတယ်။

“တော်လှန်ရေးအဖွဲ့အစည်းထဲ ကိုယ့်မိသားစုတွေ ရောက်သွားတာဖြစ်စေ တရားမဝင်ပြည်ပမှာ သွားရောက်လုပ်ကိုင်သည်ဖြစ်စေ အားလုံးကို ပြည်ပမှာသွားရောက်ပြီး အလုပ်လုပ်ကိုင်နေပါတယ်လို့ လိမ်ဖြေဖို့ပဲလိုတယ်။ ပြည်သူတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းကို တချိန်လုံးလိမ်ညာနေတဲ့ တရား မဝင်အဖွဲ့အစည်း (စကစ) ကို ပြည်သူတွေအနေနဲ့ကလည်း အချက်အလက်အမှန်တွေ ဖြေကြားစရာမလိုဘူးလို့ ကျွန်တော့်အနေနဲ့ ပြောကြားလိုပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ သန်းခေါင်စာရင်းကနေ ရရှိလာတဲ့ အချက်အလက်တွေကို အသုံးပြုပြီး ပြည်သူတွေကို အကြောင်းအမျိုးမျိုးပြကာ ညစ်ပတ်တဲ့ ဥပဒေပုဒ်မတွေနဲ့ တရားစွဲမှာကိုလည်း စိုးရိမ်စရာဖြစ်တယ်လို့ သူကထောက်ပြပါတယ်။

မြို့နယ် ၁၀ ခုရှိတဲ့ မွန်ပြည်နယ်မှာတော့ သန်းခေါင်စာရင်းအတွက် ကောက်ကွက်ပေါင်း ၃၆၀၀ ကျော်နဲ့ ဖွဲ့စည်းထားသလို စာရင်းစစ်၊စာရင်းကောက် ၁၂၀၀ နဲ့ ကောက်ယူသွားဖို့ စစ်ကောင်စီက လျာထားတာပါ။

ဒါပေမယ့် ကျိုက်ထို၊ဘီးလင်း၊သထုံ၊ကျိုက်မရော၊သံဖြူဇရပ်နဲ့ ရေးမြို့နယ်တို့ဟာ စစ်ကောင်စီ အပြည့်အဝ ထိန်းချုပ်ထားနိုင်စွမ်းမရှိဘဲ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ လှုပ်ရှားမှုအားကောင်းတဲ့ ဒေသတွေပါ။

အဲဒီဒေသအတွင်း တချို့နေရာတွေမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဘက်အပြန် အလှန် တိုက်ခိုက်နေတာရှိသလို မွန်နဲ့ကရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အလုံးစုံ ထိန်းချုပ်ထားပါသေးတယ်။

ဒါကြောင့် စစ်ကောင်စီအနေနဲ့ ပြည်နယ်တစ်ခုလုံးကို လွှမ်းခြုံပြီး သန်းခေါင်စာရင်းကောက်ယူနိုင်မှာမဟုတ်ဘူးလို့ သုံးသပ်တာတွေ ရှိနေသလို တော်လှန်ရေးအဖွဲ့တွေကလည်း ဆန့်ကျင်သွားမယ်လို့ ထုတ်ပြောထားပါတယ်။

Most read this week

September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...