IKACC က AA နဲ့တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ၅ ဦးကို AA ကပြန်လွှတ်ပေး

IKACC က AA နဲ့တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ၅ ဦးကို AA ကပြန်လွှတ်ပေး

- ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အရပ်သားပြည်သူတွေကို ဖမ်းဆီးချုပ်နှောင်မှုနဲ့ပတ်သက်ပြီး ကြားကာလ ခူမီး(ချင်း)မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ- IKACC က AA နဲ့တွေ့ဆုံညှိနှိုင်းပြီးတဲ့နောက်မှာ ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲက ၅ ဦးကို AA က ပြန်လွှတ်ပေးလာတယ်လို့ သိရပါတယ်။

- ချင်းပြည်နယ်ရဲ့ မြို့တော် ဟားခါးမြို့က မြန်မာ့စီးပွားရေးဘဏ်မှာ ငွေသားပြတ်လပ်မှုကြောင့် ဘဏ်လုပ်ငန်းတွေ ပုံမှန်လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ စစ်ကောင်စီလက်အောက်ခံ Non-CDM ဝန်ထမ်းတွေကိုလည်း လစာပုံမှန်ထုတ်မပေးနိုင်တော့ဘူးလို့ သိရပါတယ်။

- ချင်းပြည်နယ် လောက်တူနယ်ဒေသ လောင်ထန်တလန်ကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးဆိုင်ရာကိစ္စနဲ့စပ်လျဉ်းပြီး လောက်တူပြည်သူ့ရေးရာကောင်စီက ဩဇာတိက္ကမ ရှိတဲ့ လူကြီးတွေပါဝင်တဲ့ ၉ ဦးပါ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ သိရပါတယ်။

Most read this week

September 18, 2024
- ပူတာအိုမြို့မှာ ကုန်တင်ကားသေးတွေ ဝင်နေပြီဖြစ်ပေမဲ့ ဒေသတွင်း ကုန်ဈေးနှုန်း သိသိသာသာ...
September 18, 2024
မြန်မာရွှေပြောင်း ကျောင်းတစ်ကျောင်း ဖြစ်တဲ့ ကွယ်ကဘောင် အထက်တန်းကျောင်းဟာ အလှူရှင်ဘက်က...
September 17, 2024
ရှမ်းပြည်မြောက်ပိုင်း နမ့်လန်မြို့- သီပေါမြို့ လမ်းပိုင်းကို စစ်ကောင်စီက ဖြတ်သန်းသွားလာခွင့်...
September 16, 2024
- ရခိုင်ပြည် မောင်တောမြို့ရှိ နခခ - ၂ စခန်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်လို့...