ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းတွေမှာ အရေပြားယားနာ အဖြစ်များနေဆဲ

ဒီးမော့ဆို အရှေ့ဖက်ခြမ်းက ကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းတွေမှာ အရေပြားယားနာ အဖြစ်များနေဆဲ

ကရင်နီပြည်၊ ဒီးမော့ဆို မြို့နယ်အရှေ့ဖက်ခြမ်းက ကျေးရွာတချို့နဲ့ စစ်ရှောင်စခန်းတွေမှာ အရေပြားယားနာမှု အဖြစ်များနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ယခုဩဂုတ်လအတွင်း တစ်ရွာလုံးနီးပါး အရေးပြားယားနာမှု ဖြစ်နေကြပြီး အရေပြားယားနာတာဟာ မပျောက်ကင်းနိုင်ပဲ အနည်းငယ်သက်သာပြီး ပြန်ဖြစ်နေတယ်လို့ ဒီးမော့ဆိုအရှေ့ခြမ်း ကျေးရွာတစ်ရွာမှာနေထိုင်တဲ့ အသက် ၃၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

“ရွာမှာဆို မဖြစ်တဲ့သူမရှိဘူးထင်တယ်။ ဖြစ်ပြီး သက်သာသွားတာနဲ့ ပိုဖြစ်တာပဲ ရှိမယ်။ ယားနာတာက ဖြစ်တာကြာပြီ ။ကလေး လူငယ် လူကြီးအကုန် ။ ယားတော့ တအားကုပ်ချင်တယ်လေ ကုပ်ပြီးရင် ပိုဆိုးလာတယ်။ အနာတွေဖြစ်တယ် တချို့အဖွားတွေ ကလေးတွေဆို အနား သွားတောင်မလည်ရဲကြဘူးလေ။ ဆေးတွေလည်းလိမ်းကြည့်တယ်။ အစာတွေလည်းရှောင်စားတယ်။ သဘာဝဆေးအဖြစ်နဲ့ အရွက်တွေနဲ့ ရေနွေးချိုးတာလည်း လုပ်ကြည့်တယ်။ မထူးလာသလိုပဲ ပျောက်ပြီး ပြန်ဖြစ် အဲ့လိုလေ”လို့ အဆိုပါ အမျိုးသမီးတစ်ဦးက ဆိုပါတယ်။

ကျောင်းနေအရွယ်ကလေးတချို့လည်း ပြင်းပြင်းထန်ထန် ယားနာတဲ့အချိန်တွေမှာ ကျောင်းမသွားရဲကြတော့ဘူးလို့ ပြောပါတယ်။

အရေပြားယားနာခြင်းကို ခံစားနေကြတဲ့သူတွေကို လိမ်းဆေး၊ သောက်ဆေးတွေ ဝေပေးတာရှိပေမဲ့ ဆေးသုံးစွဲနေတဲ့အတောအတွင်းမှာပဲ သက်သာကြပြီး ဆေးဝါးအခက်အခဲတွေကြောင့် လုံလုံလောက်လောက် မပေးဝေနိုင်ဘူးလို့ ‌ကျန်းမာရေးပိုင်းမှာ ဆောင်ရွက်နေတဲ့ နွေဦးဂုရုလေးများရဲ့ အဖွဲ့ဝင်တစ်ဦးက အခုလိုပြောပါတယ်။

“မိုးရာသီအတွင်းမှာဆိုတော့ ရေမသန့်တာရော အဝတ်တွေမခြောက်တာတွေကြောင့်ဖြစ်မယ်လို့ထင်တယ်။ အဓိက တစ်ကိုယ်ရေသန့်ရှင်းရေးပြည့်ပြည့်ဝဝ မလုပ်နိုင်ရခြင်းကြောင့်လိုမြင်တာပေါ့။ ဆေးပေးရင် လည်းပေးတဲ့ချိန်ဘဲ ပျောက်တာများတာထင်တယ် ဆေးကုန်ရင်တော့ပြန်ဖြစ်တယ်။ ဆေးလည်းအများကြီးမပေးနိုင်ဘူးပေါ့ ကျနော်တို့က။ ဆေးမရှိတော့ ခဏခနလည်း မလာပေးနိုင်ဘူးဖြစ်နေတာပေါ့နော”လို့ နွေဦးဂုရုလေးများရဲ့ အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

အလားတူ ဒီးမော့ဆိုမြို့နယ်ထဲက ပွန်ချောင်း အမှတ် (၄) စစ်ဘေးရှောင်စခန်းမှာလည်း ၅ နှစ်အောက် ကလေးနဲ့ ကျောင်းနေအရွယ်ကလေး ဦးရေ ထက်ဝက်ကျော်ဟာ အရေပြားယားနာတွေ အဖြစ်များနေပြီး လနဲ့ချီ ကြာနေပြီဖြစ်ပေမယ့် ပျောက်ကင်းတာ မရှိသေးဘူးလို့ သိရပါတယ်။

Most read this week

September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...
September 18, 2024
ရှမ်းပြည်နယ်တောင်ပိုင်း ၊ ညောင်ရွှေမြို့နယ်က အင်းတိန်ကျေးရွာ၊ အင်းတိန်ချောင်းဘေးမှာ...
September 17, 2024
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ရှမ်း-ကရင်နီနယ်စပ် ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ရှောင်စခန်းကို...