သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသခံများ မြဝတီမြို့ဘက် စစ်ရှောင်လာနေ

သင်္ဃန်းညီနောင် ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ၍ ဒေသခံများ မြဝတီမြို့ဘက် စစ်ရှောင်လာနေ

ကရင်ပြည်နယ် မြဝတီမြို့ နယ်ရှိ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု အတွင်း တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်ထားသော စစ်စခန်းများကို ပြန်လည်သိမ်းပိုက်ရန် စစ်ကောင်စီတပ်က မြဝတီမြို့ဘက်မှ စစ်ကြောင်း ထိုးလာသည့်အတွက် ကျေးရွာဒေသခံများ မြဝတီမြို့ဘက်ကို စစ်ဘေးရှောင်ပြောင်း ရွှေ့လာနေကြောင်း ဒေသခံများက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၊ PDF မဟာမိတ်ပူး ပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသော သင်္ဃန်းညီနောင်စစ်ဗျူဟာကုန်း စစ်စခန်းနှင့် ခြေမြန် တပ်ရင်း -ခမရ ၃၅၅၊ ၃၅၆ နှင့် ၃၅၇ တပ်ရင်း ၃ ခုနေရာများအား စစ်ကောင်စီတပ်များက မြဝတီမြို့ ဘက်မှ စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု မြဝတီမြို့ရှိ အရပ်ဘက်စစ်ဘေးရှောင်အကူ အညီပေးနေသူများက ကေအိုင်စီသို့ ပြောသည်။

“၂ ရက်ရှိပြီ၊ စစ်တပ်ယူနီဖောင်းတွေနဲ့ ပေါလောရွာ၊ သံပုရာရွာဘက်ကို မြဝတီကုန်သွယ်ရေး ဇုန် ၊ ရွာ သစ်နောက်ဘက် လမ်းကနေ ဖြတ်တက်လာပြီး ရွာထဲဝင်လာကြတာ လူရာချီတယ်။ မြန်မာစစ်သား တွေပေါ့၊ သူတို့လာတော့ ရွာသားတွေ အခု မြဝတီတက်ပြေးလာကြပြီ။ အရင်ကတည်းက မပြန် နေကြ သေးတဲ့ ရွာသစ်တို့၊ ညီနောင်တို့၊ မဲကနယ်တို့က လူတွေနဲ့ဆို မြဝတီမှာ လူနှစ်ထောင်လောက် ရှိ နေတယ်နေရာစုံမှာပေါ့။ တိုက်ပွဲမဖြစ်ခင် ကြိုရှောင်လာကြတာ။ တချို့ကတော့ရွာ မှာ နေနေကြ တုန်းပဲ”ဟု စစ်ဘေးရှောင်အကူအညီပေးနေသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင် မြဝတီမြို့သို့ ပုံစံမျိုးစုံဖြင့် ရောက်ရှိလာသည့် စစ်ကောင်စီတပ်များ အား မြဝတီ ခြေလျင်တပ်ရင်း (ခလရ ၂၇၅) တပ်ဝင်း၊ သင်္ဃန်းညီနောင် ရဲစခန်းနှင့်ကုန်သွယ်ရေးဇုန် နေရာ များသို့ ကရင်နယ်ခြားစာင့်တပ် အောက်ခြေတပ်ဖွဲ့အချို့၏ အကူအညီဖြင့် ဝင်ရောက်တပ်စွဲနေရာယူ မှုများလုပ်ဆောင်ပြီးနောက် ယခုရက်ပိုင်းအတွင်း စစ်ကြောင်းထိုးလှုပ်ရှား မှုများလုပ်ဆောင် လာခြင်းဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောဆိုသည်။

“ လေယာဉ်တွေ ဆက်တိုက် ဗုံးကြဲတော့ ရွာသစ်ရော၊ သင်္ဃန်းညီနောင်ရော မီးလောင်ပြင် ဖြစ်နေပြီ ၊ပြန်လို့လည်း မရဘူး။ အခု ၅ လ လောက်ရှိနေပြီ။ အိမ်တော့ မရှိတော့ ဒီရေပူဘုန်းကြီးကျောင်း နဲ့ ရော်ဘာခြံ စစ်ရှောင်စခန်းမှာနေနေရတယ်။ အခု စစ်တပ်နဲ့ BGF နဲ့က ညီနောင်ဗျူဟာကို ပြန်တိုက် မယ့် သတင်းတွေ ဖြစ်နေတယ်။ လူတွေကိုယ့်နေရာ ကိုယ်ပြန် မနေရဲသေးဘူး”ဟု မြဝတီ မြို့ တွင် လာ ရောက်နေထိုင်သူ ရွာသစ်ကုန်းကျေးရွာသားက ပြောသည်။

ထိုသို့ နှစ်ဖက် စစ်ရေးလှုပ်ရှားမှုများရှိနေသည့် မြဝတီ မြို့ပြင် ကျေးရွာများ မှ စစ်ဘေးရှောင် လာသူ များအား မြဝတီဖောင်ဒေးရှင်း နှင့် မြဝတီအခြေစိုက် ကုန်သည်လုပ်ငန်းရှင်များက တစ်ပိုင်တစ်နိုင် ကူညီစောင့်ရှောက်မှုပေးနေသလို ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသော DKBA ၊ ငြိမ်းချမ်းရေးကောင်စီ-PC နှင့် BGF တပ်ဖွဲ့များကလည်း စားသောက်နေထိုင်ရေးအကူအညီ ပေးမှုများ ရှိ ကြောင်း သိရသည်။

လတ်တလော မြဝတီမြို့ဘက်တွင် စစ်ကောင်စီတပ်၊ BGF၊ ကရင် ငြိမ်းချမ်းရေးကောင်စီနှင့် DKBA တပ်ဖွဲ့များက မြဝတီမြို့လုံခြုံရေးကို ပူးပေါင်းဆောင်ရွက်သည့် အခြေအနေဖြင့် လှည့်ကင်း၊ ရပ်ကင်း၊ ကင်းပုန်း၊ ရှောင်တခင်စစ်ဆေးမှုများလုပ်ဆောင်လျက်ရှိသည်။ နယ်စပ်ကုန်စည်စီးဆင်းမှုအတွက် ထို့ ကော်ကိုးလမ်း၊ ဒေါနတောင်လမ်းဟောင်း၊ ကြက်ဥတောင်လမ်းပိုင်းများမှ ဖားအံ၊ မော်လမြိုင်ဘက်သို့ ကုန်စည်စီးဆင်းမှုဆက်ရှိနေကြောင်း မြဝတီ မြို့ခံများ ပြောဆိုချက်အရ သိရသည်။

Most read this week

September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...
September 19, 2024
စစ်တောင်းမြစ်ရေလျှံမှုကြောင့် ရေကြီးမှုဆိုးဆိုးဝါးဝါး ခံစားနေရသည့် တောင်ငူမြို့ပေါ် နှင့်...