တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသော တီးတိန်မြို့ဒေသခံအားလုံးနီးပါးနေရပ်ပြန်ကြပြီဟုဆို

တိုက်ပွဲကြောင့် စစ်ဘေးတိမ်းရှောင်ခဲ့ရသော တီးတိန်မြို့ဒေသခံအားလုံးနီးပါးနေရပ်ပြန်ကြပြီဟုဆို

တိုက်ပွဲကြောင့် တစ်မြို့လုံးစစ်ဘေးတိမ်းရှောင်ခဲ့ကြရသော ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့ပေါ်က ဒေသခံပြည် သူများအားလုံးနီးပါးသည် မိမိနေရပ်သို့ပြန်လည်နေထိုင်ကြပြီး တီးတိန်မြို့သည်လည်း ယခင်အတိုင်းပုံမှန်အခြေအနေ ပြန်ရောက်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။

တီးတိန်မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့၏ မီးတင်ရှို့မှုကြောင့် နေအိမ်ပျက်စီးသွားသည့် ပြည်သူများနှင့် စစ်ဘေးရှောင် ရာမြို့များတွင် ကလေးငယ်များအား ကျောင်းထားကြသည့် မိသားစုများမှအပ ကျန်ပြည်သူများအားလုံးမှာ တီးတိန် မြို့ပေါ် သို့ ဇူလိုင်လကုန်းပိုင်းကစ၍ ပြန်လည်နေထိုင်ကြပြီဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

“ အများစုတော့ ပြန်ဝင်ကြပြီ၊အကြမ်းဖျင်းပြောရရင် အိမ်မီးလောင်တဲ့သူတွေနဲ့ ကလေးတွေ ကျောင်းထားတဲ့ မိသားစု ဝင်တွေက မပြန်သေးဘူး။ ဆေးရုံလည်းဩဂုတ်လ (၁) ရက်နေ့ကဖွင့်ပြီ လူနာလည်း တော်တော်များများလက်ခံပြီ” ဟု တီးတိန်မြို့ခံက‌ပြေသည်။

ယခုအခါ တီးတိန်မြို့ပေါ်တွင် ပြည်သူ့ဆေးရုံ၊ စာသင်ကျောင်း၊ လျှပ်စစ်မီး နှင့် အင်တာနက်လိုင်းများလည်း ပြန်လည်ရရှိ နေပြီဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံရုံးများလည်း တိတ်တဆိတ်ဖွင့်နေကြပြီဟုသိရသည်။

ဒါ့အပြင် ပြည်သူ့ဆေးရုံတွင် Non-CDM လက်ထောက်ဆရာဝန်နှစ်ယောက်က လူနာများကိုကြည့် ရှုပေးနေသည်ဟုသိရသည်။

“မြို့ထဲမှာ လူများပြီ၊ အေးဆေးပါပဲ၊ စကစတွေက သူတို့တပ်စွဲတဲ့စခန်းမှာပဲနေကြတယ်၊ အပြင်ထွက် တာသိပ်မတွေ့ ဘူး၊တချို့ကတော့ ကလေးမြို့ကနေလာလိုက်၊ ပြီးရင်ပြန်ဆင်းလိုက်ပါပဲ” ဟု တီးတိန်မြို့ဒေသခံတစ်ဦးကပြောသည်။

အိန္ဒိယ-မြန်မာနယ်စပ် ကလေး-ရိ ကုန်သွယ်ရေးလမ်းမပေါ်တွင်တည်ရှိသော တီးတိန်မြို့ကို ပြီးခဲ့သည့်မေလ ၂၆ ရက်နေ့ က ချင်းညီနောင်စစ်ဆင်ရေးအဖြစ် PDF-Zoland နှင့် CNDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မြို့ပေါ်က စစ်ကောင်စီတပ်ဖွဲ့များအခြေစိုက်ထားသော စခန်း ၂ ခုကိုသိမ်းပိုက်ခဲ့ကြသည်။

သို့သော်လည်း တီးတိန်မြို့အခြေစိုက် ခလရ ၂၆၉ တပ်က တီးတိန်မြို့ မြို့မရပ်ကွက် နာရီစင်နားက အရပ်သားနေအိမ် များကို မေလ ၂၇ ရက်ညနေပိုင်းမှာ ဓာတ်ဆီလောင်းကာ မီးတင်ရှို့ခဲ့ပြီး တိုက်တာအဆောက်အဦးကောင်းများအပါ အဝင် လူနေ အိမ်ခြေ ၃၀ ကျော်မီးလောင်ပြာကျခဲ့ရသည်။

PDF-Zoland နှင့် CNDF တပ်ဖွဲ့များကလည်း ချင်းညီနောင်စစ်ဆင်ရေးကို ဆက်လက်မဖော်ဆောင်ကြတော့ ပဲ စစ်ဆင်ရေးရပ်တန့်ကာ တီးတိန်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားခြင်းမရှိတော့ပေ။

ထို့ကြောင့် ယခုအခါ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ဘဲ နယ်မြေတည်ငြိမ်လာပြီဖြစ်သော တီးတိန်မြို့ပေါ်တွင် ဒေသခံ ပြည်သူများသည် နှစ်လ နီးပါးခန့် စစ်ဘေးတိမ်းရှောင်ကြရာမှာ မိမိနေရပ်သို့ အသီးသီးပြန်လည်နေထိုင်ကြပြီဟု သိရသည်။

Most read this week

September 20, 2024
အနာဂါတ်ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွလက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်...
September 19, 2024
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှ ချင်းတောင်သို့တက်သည့် ခရီးသည်တင်ကားနှင့် ကုန်တင်ကားများကို ဆန်နှင့်...
September 19, 2024
ချင်းပြည်နယ် ထန်တလန်မြို့ပေါ်က စစ်ကောင်စီအမာခံတပ်စွဲထားသော Lai Villa တည်းခိုခန်းကို...
September 18, 2024
အိန္ဒိယ-မြန်မာအမှတ် ၂ နယ်စပ်ကုန်သွယ်ရေးကို အိန္ဒိယဗဟိုအစိုးရက ဖွင့်မပေးသေးသည့်အတွက် ယနေ့ချိန်ထိ...