မိုးကုတ်မြို့ စွန့်ခွာမှုဖြင့် မန္တလေး ဒုတိုင်းမှူး စစ်ခုံရုံးတင်ခံရ

မိုးကုတ်မြို့ စွန့်ခွာမှုဖြင့် မန္တလေး ဒုတိုင်းမှူး စစ်ခုံရုံးတင်ခံရ

မန္တလေးမြို့ နန်းတွင်း အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်-လပခ တာဝန်ယူကွက်ကဲသည့် မိုးကုတ်မြို့ တိုက်ပွဲ အတွင်းမှ ဦးဆောင် ဆုတ်ခွာခဲ့သော ဒုတိုင်းမှူး ဗိုလ်မှူးချုပ်အောင်လွင် ကို အမိန့် မနာခံမှုဖြင့် စစ်ခုံရုံးတင် စစ်ဆေးနေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ဩဂုတ်လ ၇ ရက် တွင် ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ အတွင်း တိုက်ပွဲများ ပြင်းထန်နေသည့် မိုးကုတ်မြို့ ခံစစ်ကို စွန့်ခွာခဲ့သဖြင့် ဇူလိုင်လ ၂၄ ရက်တွင် မြို့ကို TNLA ပူးပေါင်းအဖွဲ့ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ကနဦး စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ယမန်နေ့ (သြဂုတ် ၆)ရက်တွင် နန်းတွင်း စစ်ရုံး၌ စစ်ခုံရုံးတင် စစ်ဆေးနေခြင်း ဖြစ်သည်။

“သူ (ဒုတိုင်းမှူး) က ခါးနာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မိုးကုတ်က ပြန်သွားတာ။ လက်အောက် စစ်သည်တွေကို ထားခဲ့တာ ဆိုတော့ တကိုယ်ကောင်းဆန်တယ်လို့လည်း ပြောလို့ရတယ်။ အခု စစ်ခုံရုံးမှာတော့ စစ်သည် အင်အား မပြည့်စုံလို့ ဆုတ်ခွာရတယ်လို့ ထွက်ဆိုထားပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။

မိုးကုတ်မြို့နယ် စစ်ကောင်စီ လပခ ကွက်ကဲမှုအောက်တွင် ခလရ (၇၈) (၈၈) (၁၄၈) တပ်များရှိပြီး တပ်စခန်း အားလုံး ဇူလိုင် ၂၄ ရက်၊ မွန်လွဲပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း တအာင်းတပ်မတော် PSLF/TNLA က ထုတ်ပြန်ထားသည်။

မိုးကုတ်မြို့ကို ဇွန်လ ၂၅ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး၊ သီတင်းပတ် (၄) ပတ်အကြာ ထိုးစစ်ဆင်ခဲ့ရကြောင်း တိုက်ပွဲ ပြင်းထန်နေစဥ် စစ်ကောင်စီတပ်များ စခန်းစွန့်ခွာ ထွက်ပြေးသွားကြောင်း၊ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မိုးကုတ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ လေကြောင်း တိုက်ခိုက်မှု အဖြစ် Jet Fighter ဖြင့် (၂၁)ကြိမ်၊ Y12 လေယာဥ်ဖြင့် (၉) ကြိမ်၊ လက်နက်ကြီးဖြင့် (၇၈) ကြိမ်နှင့် အတွဲလိုက်ဒုံး (၁၈)လုံး အသုံးပြု တိုက်ခိုက်ခဲ့သည်။

Most read this week

September 23, 2024
သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီမှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်သဖြင့်...
September 20, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်တို့တွင် TNLA မှ ဖွဲ့စည်းပေးထားသည့်...
September 20, 2024
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/...
September 19, 2024
သျှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်သည့်...