တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးမှုရှိပြီး စခန်းကုန်း၊ စစ်ဆေးရေးဂိတ်တွေပါ မီးရှို့ရှင်းလင်းနိုင်ခဲ့ ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးမှုရှိပြီး စခန်းကုန်း၊ စစ်ဆေးရေးဂိတ်တွေပါ မီးရှို့ရှင်းလင်းနိုင်ခဲ့ ၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိ

ကရင်နီပြည် နဲ့ ရှမ်းတောင်ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော် သေဆုံးမှုရှိသလို စခန်းကုန်း ၊ ရဲစခန်းကို မီးရှို့ရှင်းလင်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိတယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ ဩဂုတ်လ ၃ရက်‌နေ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ဇွန်လ နဲ့ ဇူလိုင်လတွေမှာ  တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး ရှမ်းတောင်ပိုင်းက ဆောင်းပြောင်းရွာ  နဲ့ နောင်ဝိုးကျေးရွာ တစ်လျှောက်တိုက်ပွဲမှာ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့မှ တပ်သား ၂၀ နီးပါး သေဆုံးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ဆောင်းပြောင်းရွာမှာရှိတဲ့  စစ်ကောင်စီတပ်ရဲ့   အထိုင်စခန်းကုန်း (၁)ခု နဲ့ ရဲစခန်းကို သိမ်းပိုက် မီးရှို့ရှင်းလင်းနိုင်ခဲ့သလို လက်နက်ငယ်စုံ (၁၅) လက်၊ ခဲယမ်း မီးကျောက်များ ၊ အသုံးအဆောင်များအား သိမ်းဆည်းရရှိခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၁၈ ရက်နေ့က စပြီး ဖယ်ခုံမြို့နယ်စပ်မှာရှိတဲ့ မှော်ဘီ-ဆီဆိုင်လမ်းမကြီးတစ်လျှောက် မှာ နှစ်ဖက် ထိတွေ့တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော်အပါအဝင် စစ်ကောင်စီနဲ့ PNOတို့ပူးပေါင်းပြီး အခြေချနေထိုင်တဲ့ လွယ်လုံစခန်းကုန်း နှစ်ခုနဲ့ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးဖက်မှ မီးရှို့ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အလားတူပဲ လွိုင်ကော်မြို့အတွင်းက မိုင်းလုံး၊ ရွာတန်းရှည်၊ GTCကျောင်း၊ မြကလပ်တောင်၊ ထူဒူငံသနဲ့ ပန်ကန်းရပ်ကွက်တွေမှာ ဇူလိုင်လက တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်မှ ထိခိုက်သေဆုံးမှုများသလို လက်နက်ငယ် ၄ လက် နဲ့ အသုံးအဆောင်ပစ္စည်းတွေကို ရရှိခဲ့ပါတယ်။

ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ငယ် ၁ လက်နဲ့ တော်လှန်ရေးတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။

ဖားဆောင်းနဲ့ ဒီးမော့ဆိုမြို့နယ်တွေမှာ စစ်ကောင်စီနဲ့တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲမှုတွေ ဖြစ်ပွားခဲ့သလို ကရင်နီနဲ့ ရှမ်းနယ်စပ်ဖြစ်တဲ့ ဖယ်ခုံ၊ ပင်လောင်းနဲ့ ညောင်ရွှေမြို့တွေမှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးမှုတွေကြောင့် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF က အသိပေးပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း လွိုင်ကော်မြိုတွင်းတိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ ၅ ဦး အထက် နဲ့ ထိခိုက်ဒဏ်ရာရသူရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ မီးရှို့ဖျက်ဆီးမှု တွေကြောင့် မိုင်းလုံး ၊ ရွာတန်းရှည် ၊ ပန်ကန်းရပ်ကွက်တစ်လျှောက်က အရပ်သား နေအိမ် ၉၀ ကျော် မီးလောင်ပျက်စီးခဲတယ်လို့ KNDF က ထုတ်ပြန်ပါတယ်။

Most read this week

September 23, 2024
ကရင်နီပြည်တွင်းမှာ အွန်လိုင်းလောင်းကစားပြုလုပ်သူတွေကို ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (...
September 23, 2024
စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား လည်ပတ်နေတဲ့ ကရင်နီပြည်  ဘောလခဲမြို့မှာ ရေဘေးသင့်ပြည်သူတွေကို...
September 20, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့လယ်ကို ဖြတ်စီးနေတဲ့ ဘီလူးချောင်းရေဆက်လက်မြှင့်တက်နေတာကြောင့်...
September 19, 2024
ကရင်နီပြည်  ဆိုမိုဖေစိုးလေးမြို့နယ် ( ရှားတောမြို့နယ် ) အတွင်းရှိ  ကျေးရွာသုံးရွာမှာ...