မြစ်ကြီးနားမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ တယန်ဇွပ်စစ်တပ်စခန်းကို KIA အပြီးသိမ်းပိုက်

မြစ်ကြီးနားမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ တယန်ဇွပ်စစ်တပ်စခန်းကို KIA အပြီးသိမ်းပိုက်

- မြစ်ကြီးနားမြို့နယ်ထဲက စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတစ်ခုဖြစ်တဲ့ တယန်ဇွပ်စစ်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က အပြီးသိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

- ကချင်တစ်ပြည်နယ်လုံးမှာ ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေ ပြတ်တောက်နေတာဟာ စစ်ကိုင်းတိုင်းဘက် ကေဘယ်လ်ကြိုးတွေပြတ်နေတာကြောင့်ဖြစ်ပေမဲ့ တချို့နေရာတွေမှာတော့ ဖုန်းလိုင်းရအောင် ကြိုးစားထားတယ်လို့  စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ်က KNG သတင်းဌာနကို ပြောပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA ဘက်က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့ ခက်ခဲနေဆဲဖြစ်သလို စစ်ကောင်စီတပ်ဘက်က လေကြောင်းကတစ်ဆင့် တုံ့ပြန်တိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Most read this week