ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများ ပြည်နယ်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ထွက်ပေါ်

ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများ ပြည်နယ်ကောင်စီ ဖွဲ့စည်းကြောင်း ကြေညာချက်ထွက်ပေါ်

ဧရာဝတီနိုင်ငံရေးစုဖွဲ့မှုတစ်ရပ် ပေါ်ပေါက်ရေးလုပ်ငန်းကော်မတီ၏ ယခင် ဇူလိုင်လ ၁၄ ရက်နေ့ အစည်း အဝေး ဆုံးဖြတ်ချက်အရ ဧရာဝတီမြစ်ဝကျွန်းပေါ်အမျိုးသားများ ပြည်နယ်ကောင်စီ (IDNSC)ကို ဖွဲ့စည်းလိုက်ကြောင်း ဩဂုတ်လ ၁ ရက်ယမန်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထွက်ပေါ်လာခဲ့သည်။

ဖက်ဒရယ်ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေးနှင့် ညှိနှိုင်းမှုကော်မတီ(FCDCC)၏ ဖက်ဒရယ် ပြည်ထောင် စု သမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (ဒုတိယမူကြမ်း)ပါ အခန်း (၃)၏ ပုဒ်မ (၄၆) ဖက်ဒရယ်ပြည် ထောင်စုအဖွဲ့ဝင် ပြည်နယ်များဆိုင်ရာအခြေခံမူ (က) နှင့် (ခ)အရ ယခုလို ပြည်နယ်ကောင်စီကို ဖွဲ့စည်းလိုက် ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ထို့အပြင် (FCDCC)၏ ဖက်ဒရယ်ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံ ဥပဒေ (ဒုတိယ မူကြမ်း)ကို လည်း ၎င်းတို့၏ တရားဝင် ကြားကာလဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံဥပဒေအဖြစ် သတ်မှတ် ကျင့်သုံးရန် ဆုံးဖြတ်ထားကြောင်းလည်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အဆိုပါ ပြည်နယ်ကောင်စီ ဖွဲ့စည်းခြင်း နှင့်ပတ်သက်ပြီး အခြေအနေကို သိရှိသည့် နီးစပ်သူများက အတည်ပြုပြောဆိုသော်လည်း အသေးစိတ် သိရှိရရန် ကောင်စီ၏ ပြောခွင့်ရ ပုဂ္ဂိုလ် များကို ဆက်သွယ်မေးမြန်းရာ ပြန်လည် ဖြေကြားပေးခြင်းမရှိသေးပေ။

ပြည်နယ်ကောင်စီ၏ ရည်မှန်းချက်မှာလည်း မဟာလူမျိုးကြီးဝါဒနှင့် ဖက်ဆစ်အာဏာ ရှင်စနစ်ကိုကျင့် သုံးနေ သည့်စစ်အစိုးရ စစ်ဗျူရိုကရေစီ ယန္တရားအားလုံးကို တိုက်ဖျက်ရန်၊ ဧရာဝတီမြစ်ဝကျွန်း ပေါ်အမျိုးသားများ ပြည်နယ်ထူထောင်ရန် နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရန် ဖြစ်ကြောင်း INDSC ကဆိုထားသော်လည်း မည်သို့ မည်ပုံ လုပ်ဆောင်မည်ကို ဖော်ပြထားခြင်းမရှိကြောင်းတွေ့ရသည်။

ထို့အပြင် အသွင်ကူးပြောင်းရေးကာလဆိုင်ရာ ပြဌာန်းချက်များ (Transitional provisions) နှင့် အသွင်ကူး ပြောင်းရေးကာလဆိုင်ရာတရားမျှတမှုဆောင်ရွက်ချက်များ (Transitional Justice) ကို လည်း IDNSC အနေဖြင့် အာမခံ ဆောင်ရွက်မည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

လက်ရှိကြေညာလိုက်သည့် အမျိုးသားများပြည်နယ်ကောင်စီနယ်မြေသည် ယခင် စစ်အစိုးရ လက်ထက်က ကြေညာသတ်မှတ်ထားသည့် ဧရာဝတီတိုင်းဒေသကို အခြေခံထားခြင်းဖြစ်ပြီး ၎င်းဒေသတွင် မတူညီကွဲပြားသည့် ကရင်၊ မွန်၊ ရခိုင်၊ ချင်းနှင့် ဗမာ တိုင်းရင်းသားများ စုပေါင်း နေထိုင်းသည့်အပေါ် ယခုလို အမျိုးသားများ ပြည်နယ်ကောင်စီအနေဖြင့် ခေါ်ဝေါ်သုံးနှုန်းလာခြင်းဖြစ်သည်။

IDNSC ၏ ကြေညာချက်ပါအချက်များအရ (IIDNSC)၏ ကောင်စီအဖွဲ့ဝင်များနှင့် တာဝတ္တရာများကိုပါ ဖော်ပြ ပါရှိပြီး ဥက္ကဌ အနေဖြင့် ကရင်အမျိုးသားကိုယ်စားပြု မန်းဖန်းရှောင်း နှင့် ဒု ဥက္ကဌ (၁) အနေဖြင့် မှိုင်းရာပြည့် ရဲဘော်အောင်စောဦး၊ ဒုဥက္ကဌ (၂) အဖြင့် ရခိုင်အမျိုးသား ကိုယ်စားပြု ခိုင်မြတ်အောင် အပြင် (မှိုင်းရာပြည့် မန္တလေးတက္ကသိုလ်)ကိုယ်စားပြု ရဲဘော်အောင်မှိုင်း မှ အတွင်းရေးမှူး အဖြစ် တာဝန်ယူသွားမည်ဖြစ်သည်။

၎င်းအပြင် ကရင်အမျိုးသားပါတီ ကိုယ်စားပြု စောအယ်ကော်မှ တွဲဖက်အတွင်းရေးမှူး(၁)၊ ရဲဘော်နိုင်နိုင် (လူ့ ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)မှ တွဲဖက်အတွင်းရေးမှူး(၂) နှင့် မဟန်သက်ဖြိုး (CDM) မှ တွဲဖက်အတွင်း ရေးမှူး (၃) အဖြစ်တာဝန်ယူသွားမည်ဖြစ်ပြီး စုစုပေါင်း ကောင်စီအဖွဲ့ဝင် (၁၇) ဦးဖြင့် ဖွဲ့စည်းထားကြောင်း သိရသည်။

ယခုလို IDNSC အလားတူ ပြီးခဲ့သည့် နှစ် ဇန်နဝါရီလအတွင်းကလည်း ဧရာဝတီပြည်နယ် ဖက်ဒရယ်ကောင်စီ (AYYSFC) အမည်ဖြင့် အာဏာရှင်ဆန့်ကျင်ရေး အစုအဖွဲ့ (၉) ခု ပါဝင်ဖွဲ့ စည်းထားသည့် ကောင်စီတစ်ရပ် ပေါ်ပေါက် ခဲ့ဖူးပြီး တစ်နှစ်နီးပါး အကြာ နိုဝင်ဘာ ၃၀ ရက်နေ့က ပြန်လည် ဖျက်သိမ်းသွားခဲ့ဖူးသည်။

Most read this week

September 23, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မူး(မုန်း) မြို့နယ်ရှိ ရေဘေးသင့်...
September 21, 2024
“ဒီလိုအချိန်ကာလမျိုးမှာ စစ်အာဏာရှင်ချုပ်ငြိမ်းရေးကို အတူတကွ ဆောင်ရွက်ရတာဖြစ်တယ်။ တစ်ယောက်နဲ့...
September 20, 2024
ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်အတွင်းရှိ ဖားပြကျေးရွာထဲသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ...
September 20, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းမသစ်လမ်းပိုင်းနှင့် ဒေါနတောင်လမ်းဟောင်း လမ်းပိုင်းအား စစ်ကောင်စီ တပ်က...