မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်ဖွင့်

မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်ဖွင့်

ရှမ်း-မန်းစစ်ဆင်ရေးအတွင်း ထိခိုက်သေဆုံးမှု များပြားနေတဲ့ စစ်ကောင်စီတပ်ဟာ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၄ ထပ်မံခေါ်ယူလိုက်တယ်လို့ ဇူလိုင် ၃၁ ရက်နေ့ထုတ် ဝါဒဖြန့်သတင်းစာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီ ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ စစ်မှုထမ်းအပတ်စဉ် ၄ တက်ရောက်မယ့်သူတွေကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က မော်လမြိုင်မြို့ရှိ နယ်မြေခံသင်တန်းကျောင်းမှာ သွားရောက်တွေ့ဆုံခဲ့ပြီး ထောက်ပံ့ငွေပေးအပ်ခဲ့တာပါ။

ဒါပေမယ့် စစ်မှုထမ်းအပတ်စဉ် ၄ အတွက် လူဦးရေဘယ်လောက် တက်ရောက်မယ်ဆိုတာနဲ့ ဘယ်သင်တန်းကျောင်းမှာ သင်တန်းပို့ချသွားမယ်ဆိုတဲ့ အသေးစိတ်အချက်အလက်ကိုတော့ ဖော်ပြတာမရှိပါဘူး။

အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ စစ်မှုထမ်းအတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေက ရပ်ကွက်တွေအတွင်း ပိုက်ဆံလိုက်လံကောက်ခံပြီးနောက် အငှားနဲ့ ဝယ် ယူပြီး စစ်မှုထမ်းခိုင်းတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီမှာက အခုစုဆောင်းတာက ရပ်ကျေးကနေ ရာအိမ်မှူးတွေ အုပ်ချုပ်ရေးမှူးတွေက တချို့ပိုက်ဆံရှိတဲ့ အိမ်တွေမှာ ပိုက်ဆံကောက်တယ်။ ကောက်ပြီးတော့ အစားထိုးငှားပေးတာရှိတယ်။ တခြားဒေ သခံက လူတွေကို ပိုက်ဆံပေးပြီး အစားထိုး စစ်မှုထမ်းခိုင်းတာဖြစ်တယ်”လို့ ဆိုပါတယ်။

တဖက်မှာ စစ်ကောင်စီဟာ စစ်မှုထမ်းသင်တန်းအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို စာရင်းကောက်ယူ စုဆောင်းခိုင်းတာတွေရှိသလို တချို့တွေကိုတော့ အတင်းအဓမ္မဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ ရှိခဲ့တာပါ။

ဒါ့အပြင် စစ်မှုထမ်းအတွက် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက ရွှေ့ပြောင်းအလုပ်သမားတွေအပါအဝင် ဆင်းရဲနွမ်းပါးသူတွေကို တစ်ဦးလျှင် ကျပ် သိန်း ၃၀ ကနေ ကျပ် သိန်း ၅၀ အထိပေးပြီး အစားထိုး စစ်မှုထမ်းခိုင်းတာတွေ ရှိနေပါတယ်။

သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းကတော့ စစ်မှုထမ်းတွေထဲ အကျဉ်းထောင်တွေမှာ မူး ယစ်ဆေးဝါးအမှုအပါအဝင် ခိုးဆိုးလုယက်မှုနဲ့ အကျဉ်းကျခံနေရတဲ့ တရားခံတွေကိုလည်း သင် တန်းပေးပြီး ရှေ့တန်းလွှတ်တာတွေ တွေ့လာရတယ်လို့ ပြောပါတယ်။

“ထောင်ထဲမှာ ရှိနေတဲ့ အကျဉ်းကျနေတဲ့ မူးယစ်ဆေးဝါးတရားခံတွေ ခိုးဆိုးလုနှိုက်တရားခံတွေ အဲဒါတွေကို ထုတ်ပြီးတော့လည်း သူတို့တပ်ထဲကို ထည့်တာပေါ့နော်။ သင်တန်းတွေပေးပြီးတော့ ရှေ့ တန်းစစ်မြေပြင်ကို လွှတ်တယ်။ မူးယစ်ဆေးဝါးတွေသုံးစွဲတဲ့ ဒီစစ်ကောင်စီ လက်အောက်ခံ တပ် သားတွေ မိတာတွေလည်း ရှိတာပေါ့နော်”လို့ ဆိုပါတယ်။

ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ရဲ့ ပြီးခဲ့တဲ့ ဇွန် ၁၈ ရက်နေ့ထုတ် စစ်တမ်းအရ မွန်ပြည်နယ်မှာ စစ်မှုထမ်းအပတ်စဉ် ၁ အတွက် အယောက် ၂၀၀ ကျော် နဲ့ အပတ်စဉ် ၂ အတွက် အ‌ယောက် ၄၀၀ ထက်မနည်း စုဆောင်းခံခဲ့ရတာပါ။

ဒ့ါအပြင် ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၃ အတွက် မွန်ပြည်နယ်မှာ လူသစ်စုဆောင်းခံရသူ ၁၆၅ ဦးရှိတယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

စုဆောင်းခံရတဲ့ သင်တန်းသားတွေကို မွန်ပြည်နယ် သံဖြူဇရပ်မြို့ နယ် ဝဲကလိကျေးရွာအခြေစိုက် တကက – ၄ တပ်မတော်တန်းမြင့်သင်တန်းကျောင်းနဲ့ သထုံမြို့နယ်အခြေစိုက် အမှတ် ၉ စစ်အခြေ ခံလေ့ကျင်းရေး သင်တန်းကျောင်းတွေမှာ တပ်သားအဖြစ် စစ်သင်တန်းတက်ရောက်စေခဲ့ပါတယ်။

ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာ စောင့်ကြည်ရေးအဖွဲ့ BACS ရဲ့ အစီရင်ခံစာအရ တပ်အင်အားပြုန်း တီးနေတဲ့ စစ်ကောင်စီတပ်ဟာ စစ်မှုထမ်းအပတ်စဉ် ၁ နဲ့ ၂ အတွက် သင်တန်းကျောင်း ၂၁ ကျောင်းဖွင့်လှစ်ထားပြီး အပတ်စဉ်နှစ်ခုအတွက် လူငယ် ၉၀၀၀ ဝန်းကျင် တပ်သားစုဆောင်းထားတာပါ။

Most read this week

September 23, 2024
လာမယ့် ပွင့်လင်းခြောက်သွေ့ရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ...
September 21, 2024
မွန်ပြည်နဲ့ မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မယ့် မွန်ပြည်အစိုးရတစ်ရပ်...
September 20, 2024
မွန်ပြည်နယ် သံဖြူဇရပ်မြို့အခြေစိုက်ပိုင်ရှင်မဲ့ လူမှုကူညီရေးအသင်းဥက္ကဋ္ဌအပါအဝင် အသင်းဝင်ငါးဦးကို...
September 19, 2024
လာမယ့်အောက်တိုဘာ ၁ ရက်နေ့မှာ လူဦးရေနဲ့အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်တာကြောင့်...