Published
Wednesday, July 31, 2024
ပူတာအိုဒေသက ရွာ ၃ ရွာမှာ ရွှေတူးဖော်မှုကြောင့် လယ်မြေတွေပျက်စီး
- ပူတာအိုဒေသက နမ်ရှဲဘွမ်ကျေးရွာ၊ နမ်ခမ်ကျေးရွာနဲ့ နမ်ဘော်ကျေးရွာတစ်လျှောက် ရွှေတူးဖော်နေတာကြောင့် ကျေးရွာဒေသခံတွေရဲ့လယ်တွေပျက်စီးသွားပါတယ်။
- ကချင်ပြည်ရဲ့နေရာအများစုမှာ ဖုန်းနဲ့အင်တာနက်လိုင်းတွေ ပြတ်တောက်နေတဲ့အချိန် စစ်ရေးသတင်းတွေ နားစွင့်ဖို့ခက်ခဲတာကြောင့် အပြင်ထွက်သွားလာတာတွေ သတိထားဖို့ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO/KIA)ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သတိပေး ပြောဆိုပါတယ်။
- ကချင်ပြည်အတွင်းမှာ ဖုန်းနဲ့အင်တာနက်တွေ ပြတ်တောက်နေတာကြောင့် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့နေသလဲဆိုတာကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။