တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်တွင် ဒဏ်ငွေနှင့် ပြည်နှင်ဒဏ် ၂ နှစ်ထိပါဝင်

တရားမဝင်အလုပ်သမားဖမ်းဆီးရေး ရက် ၁၂၀ စီမံချက်တွင် ဒဏ်ငွေနှင့် ပြည်နှင်ဒဏ် ၂ နှစ်ထိပါဝင်

ထိုင်းနိုင်ငံအတွင်း တရားမဝင်အလုပ်သမားများ ဖမ်းဆီးမည့် ရက် ၁၂၀ စီမံချက်ထဲတွင် အထောက် အထားမရှိသူ နိုင်ငံခြားသားအလုပ်သမားနှင့် လုပ်ကိုင်ခွင့်မရှိသည့် အလုပ်အမျိုးစားကို လုပ်ကိုင်နေ သည်ကို တွေ့ရှိပါက ငွေဒဏ် ဘတ် ၅ သောင်းပေးဆောင်ရမည့်အပြင် ပြည်နှင်ဒဏ်၂ နှစ်အထိ ပါဝင် ကြောင်း ထိုင်းနိုင်ငံအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

အဆိုပါ စီမံချက်ကို ပြီးခဲ့သည့် ဇွန်လမှစတင်ကာ စက်တင်ဘာလအထိ အကျုံးဝင်ပြီး နိုင်ငံခြားသားရွှေ့ပြောင်း အလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် အလုပ်ကို လုပ်ကိုင်နေသူတို့အား ဖမ်းဆီး စစ်ဆေးခြင်းနှင့် စာရွက်စာတမ်း တွင်ပါသည့် အလုပ်နှင့် လက်ရှိလုပ်နေသည့်အလုပ်တို့ ကိုက် ညီမှုရှိမရှိကိုလည်း စစ်ဆေးသွားမည်ဟု မြန်မာ ပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက ဆိုသည်။

“သူတို့ နိုင်ငံသားပဲလုပ်ကိုင်ခွင့်ပြုထားတဲ့အလုပ်တွေကို ခွင့်ပြုချက်မရှိဘဲလုပ်ရင် ဖမ်းမယ်။ အထောက်အထား မရှိရင်လည်း ဖမ်းမယ်။ စာရွက်စာတမ်းမှာရှိတဲ့အလုပ်နဲ့ တကယ့်အပြင်မှာလုပ်တဲ့အလုပ်က တူမတူ အဲဒါတွေကို အဓိကထား ကြည့်ပြီးစစ်တာဖြစ်တယ်။ အဲဒါတွေက အလုပ်ခွင်အလုပ်ရုံတွေထဲမှာ ဝင်ပြီးတော့စစ်တာဖြစ်တယ်။ ပြီးတော့ အလုပ်ရှင်က သူမှတ်ပုံတင်ထားတဲ့အလုပ်နဲ့ လက်ရှိလုပ်နေတဲ့အလုပ်က မတူရင်လည်းဖမ်းမယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စီမံချက်အတွင်း ဖမ်းဆီးရမိသူများကို ဒဏ်ငွေ ၅,၀၀၀ ဘတ်မှ စတင်၍ ဘတ် ၅၀,၀၀၀ အထိ ဒဏ်ရိုက်ပေးဆောင် ရမည်ဖြစ်သည့်အပြင် ထိုင်းသို့ ၂ နှစ်အတွင်း ပြန်ဝင်ခွင့်မပြုသည့် ပြည်နှင်ဒဏ်ပေးခြင်းတို့ ပါဝင်သည်ဟု ထုတ်ပြန်ထားသည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ဇူလိုင် ၁၉ရက်နေ့ ထုတ်ပြန်ထားချက်အရ ထိုစီမံချက် စတင်ပြီး ရက်ပေါင်း ၄၃ ရက်အတွင်း အလုပ်သမားစုစုပေါင်း ၁၃၀,၀၀၀ (သုံးသိန်းသုံးသောင်း) ဦးကျော်ဖမ်းဆီးစစ်ဆေးပြီးနောက် မြန်မာအလုပ်သမား ၅၇၀ ဦး၊ ကမ္ဘောဒီးယား ၁၀၂ ဦး၊ ဗီယက်နမ်အလုပ်သမား ၂၁ ဦးနှင့် အခြားနိုင်ငံသားအလုပ်သမား ၆၈ဦးတို့ ဖမ်းဆီးရမိ ကြောင်း ထုတ်ပြန်ထားသည်။

ထိုသို့ ဖမ်းဆီးအရေးယူခံရမည့်သူများသည် ခွင့်ပြုအထောက်အထားလက်မှတ် မရှိသူများသာမက အလုပ်ရှင် မတူသူများ၊ Work permit (အလုပ်လုပ်ခွင့်)မရှိသူများ အလုပ်အမျိုးအစားမတူသူများလည်း ပါဝင်နေသည့်အတွက် အထောက်အထားပြည့်စုံသော်လည်း အထူးသတိထားရန် လိုအပ်နေသည်ဟု အလုပ်သမားအရေး လုပ်ဆောင်နေသူများက သတိပေး တိုက်တွန်းထားသည်။

၎င်းအပြင် လက်ရှိအချိန်တွင် အကျင့်ပျက်သူတို့က ဖမ်းဆီးခံရသူများကို ပိုက်ဆံတောင်း၍မရလျှင် ရက်ပေါင်း ၁၂၀ စီမံချက် ခေါင်းစဉ်အတွင်း ပြနိုင်သောကြောင့် တရားမဝင် အလုပ်သမားများအနေဖြင့် သတိပြုရန်လိုအပ်သည်ဟု JACBA ဥက္ကဋ္ဌ ဦးမိုးကြိုးက ဖြည့်စွက်ပြောဆိုသည်။

အလုပ်ရှင်များ အနေဖြင့် အလုပ်လုပ်ခွင့်မရှိသည့် အလုပ်သမားကို လက်ခံထားပါက ဒဏ်ငွေ ဘတ် တစ်သောင်းမှ ဘတ်တစ်သိန်းအထိ ပေးဆောင်ရမည်ဖြစ်ကာ ထပ်မံကျူးလွန်ပါက ရွှေ့ပြောင်း အလုပ်သမား ငှားရမ်းခွင့် ၃ နှစ်အထိ ပိတ်သိမ်းခံရမည်ဟုလည်း ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...