တနင်္သာရီတိုင်းမှာ နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီကြိုးပမ်း

တနင်္သာရီတိုင်းမှာ နယ်မြေစိုးမိုးမှုပြန်ရဖို့ စစ်ကောင်စီကြိုးပမ်း

တနင်္သာရီတိုင်းရဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲတွေမှာ တပ်စခန်းတွေ တစ်ခုပြီးတစ်ခု လက်လွှတ်ဆုံးရှုံးနေရတဲ့ စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးမှု ပြန်ရဖို့အတွက် စစ်ကြောင်းထိုးတာနဲ့ အင်အားဖြည့်တာတွေ တောက်လျှောက် ပြုလုပ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက တပ်စခန်း သုံးခုထက်မနည်း လက်လွှတ်ဆုံးရှုံးခဲ့တဲ့ စစ်ကောင်စီတပ်ဟာ မြိတ်ခရိုင်နဲ့ ထားဝယ်ခရိုင်အတွင်းက ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ ရေဖြူမြို့နယ်နဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးမှာ စစ်ကြောင်းထိုးမှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့တာပါ။

တော်လှန်ရေးအင်အားစုဘက်တွေကလည်း နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို လမ်းတစ်လျှောက်မှာ ကြားဖြတ်တိုက်ခိုက်တာအပြင် နှစ်ဖက်ထိတွေ့တိုက်ပွဲပါ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။

ထားဝယ်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေး တာဝန်ခံက အခုလအတွင်း စစ်ကောင် စီတပ်ဟာ ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တွေမှာ အင်အားဖြည့်တင်းတာနဲ့ လက်နက်ခဲယမ်း ရိက္ခာတွေ ဖြည့်တင်းတာတွေ ခပ်စိပ်စိပ်လုပ်ဆောင်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ထားဝယ်ခရိုင်မှာဆိုရင်တော့ ရေဖြူမြို့နယ်ကို အဓိကထားပြီး စစ်ကြောင်းထိုးတာတွေ၊ နယ်မြေရှင်းလင်းတာတွေ လုပ်ဆောင်ခဲ့တယ်။ အဲဒါပြီးတော့ ဒီတစ်လထဲမှာဆိုရင်တော့ လောင်းလုံးမြို့နယ်ပေါ့နော်။ လောင်းလုံးမြို့နယ်ကို စစ်အင်အားရာချီလောက်ပေါ့။ အဲဒီလိုသုံးပြီးတော့ လောင်းလုံးမြို့ထဲမှာရှိတဲ့ စစ်တပ်စခန်းတွေကို စစ်ကူပေးတာတွေ ခြေလျင်စစ်ကြောင်းနဲ့ စစ်အင်အားဖြည့်တင်းတာတွေ အဲဒီလိုမျိုးရှိတယ်ဗျ။ နောက်ပြီးတော့ ရေကြောင်းနဲ့ လက်နက်ရိက္ခာတွေ ထောက်ပံ့ပေးတာမျိုးလည်း အခုတစ်လအတွင်းမှာ ခပ်စိပ်စိပ်လုပ်လာတယ်ပေါ့နော်” လို့ဆိုပါတယ်။

မြိတ်-ထားဝယ်လမ်းပိုင်းပေါ်ရှိ စစ်ကောင်စီအတွက် အရေးပါတဲ့ ပဲဒက်စခန်းကို တော်လှန်ရေးအင် အားစုပူးပေါင်းတပ်တွေ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီဟာ စခန်းပြန်ရရှိရေးအတွက် ကြည်း ၊ ရေ၊ လေ ပူးပေါင်းစစ်ဆင်ရေးကို ဟန်ချက်ချက်ညီညီ အသုံးပြုလာခဲ့ပေမယ့် အဲဒီစခန်းကို ပြန် လည်တပ်စွဲနိုင်ခဲ့တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

တစ်ဘက်မှာလည်း စစ်ကောင်စီက နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ ကျေးရွာတွေက အရပ်သားပြည်သူတွေ လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ သတ်ဖြတ်တာအပြင် နေအိမ်တွေကိုပါ မီးရှို့ဖျက်စီးခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးမှုအတွက် စစ်ကြောင်းထိုးလှုပ်ရှားလာတဲ့အခါ စစ်မှုထမ်း သင်တန်းဆင်းစစ်သားတွေပါ အသုံးပြုလာခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေး ပူးပေါင်းစစ် ကြောင်း ၂ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခု ကျွန်တော်ဘက်ကိုဆိုရင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနဲ့ အပတ်စဉ် သင်တန်းဆင်းတွေပေါ့။ ဒီအပတ်စဉ် ၁ ၊ ၂ ။ အဲဒီ ၁ ၊ ၂ တွေပေါ့။ ကျွန်တော်တို့ဘက်ကို အခုဆိုရင် အလုံးအရင်းနဲ့ ထိုးလာလို့ ပြန်ပြီးတော့ သူတို့နယ်မြေတွေကိုရဖို့အရေးကို ပြန်ပြီးတော့ ထိုးစစ်ဆင်တယ်လို့ဘဲ အဲဒီလိုပဲသဘောထားရမယ်” လို့ ဆိုပါ တယ်။

တဖက်မှာတော့ စစ်ကောင်စီတပ်ဟာ နယ်မြေစိုးမိုးရေးအတွက် ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အခါ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာနဲ့ လေကြောင်းအသုံးပြု တိုက်ခိုက်မှုတွေကိုပါ ပူး တွဲလုပ်ဆောင်ခဲ့ပါတယ်။

တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ လက်ဝေခံအဖွဲ့တွေရဲ့ ဖမ်းဆီးသတ် ဖြတ်မှုတွေအပြင် လက်နက်ကြီးနဲ့ လေယာဉ်တိုက်ခိုက်မှုတွေကြောင့် အသက် ၈ လအရွယ်ကလေးငယ် အပါအဝင် အရပ် သား ၁၃ ဦး သေဆုံးခဲ့တယ်လို့ FE5 Tanintharyi ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

ဒါပေမယ့် ဇွန်လအတွင်း မြို့နယ်အချို့မှာ စခန်းသိမ်းတိုက်ပွဲ ရှိခဲ့ပေမယ့် တိုက်ပွဲဖြစ်ပွားမှုဟာ သိသိသာသာ လျော့ကျလာတာ၊ စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့ ရက်ရှည်စစ်ကြောင်းထိုး ဝင်ရောက်မှုတွေကြောင့် စစ်ဘေးရှောင်ဦးရေ ၅၀၀၀၀ ကျော်အထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ ကျွန်းစုမြို့နယ်၊လောင်းလုံးမြို့နယ်နဲ့ ကော့သောင်းမြို့နယ်တွေမှာ စစ်ကြောင်းထိုး ဝင်ရောက် လှုပ်ရှားတာတွေရှိနေပြီး ပုလောနဲ့ သရက်ချောင်းမြို့နယ်တွေမှာလည်း နှစ်ဖက်စစ်ရေး တင်းမာနေတာတယ်လို့ သိရပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေအရ အခုနှစ်ဆန်းပိုင်းကစပြီး တနင်္သာရီတိုင်းမြို့နယ်တွေမှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်တွေက စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၁၂ ခုထက်မနည်း သိမ်းပိုက်ထားပါတယ်။

Most read this week

September 7, 2024
စစ်အာဏာသိမ်းချိန်ကပြီး ဒီကနေ့အထိ သုံးနှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်မှာ သတ်ဖြတ်ခံရသူ ၁၉၀...
September 6, 2024
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မရမ်းချောင်းစစ်ဆေးရေးဂိတ်မှာ စက်တင်ဘာ ၅ ရက်နေ့က မျောက်ကျောက်ရောဂါ...
September 5, 2024
နိုင်ငံအနှံ့ ခုခံတော်လှန်စစ် တိုက်ပွဲတွေတိုင်း စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ မွန်ပြည်နယ်မှာ...
September 5, 2024
တနင်္သာရီတိုင်း ထားဝယ်မြို့မှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး မျောက်ကျောက်ရောဂါ သံသယ...