စစ်ကောင်စီခွင့်ပြုထားတဲ့ ပါတီလေးခု တရုတ်ဖိတ်ကြားမှု မြန် မာ့အရေးဘာတွေဆွေးနွေးနိုင်လဲ

စစ်ကောင်စီခွင့်ပြုထားတဲ့ ပါတီလေးခု တရုတ်ဖိတ်ကြားမှု မြန် မာ့အရေးဘာတွေဆွေးနွေးနိုင်လဲ

လာမယ့်ရက်ပိုင်းမှာ တရုတ်နိုင်ငံကို လာရောက်ဖို့ တရုတ်ကွန်မြူနစ်ပါတီက စစ်ကောင်စီခန့် ရွေး ကောက်ပွဲကော်မရှင်ကနေ မှတ်ပုံတင်ခွင့်ပြုထားတဲ့ နိုင်ငံရေးပါတီတွေထဲက ပါတီလေးခုကို ဖိတ် ကြားထားပါတယ်။

အဲဒီပါတီလေးခုမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ပြည်သူ့ပါတီ၊ ရခိုင့်ဦးဆောင်ပါတီနဲ့ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပြီး ဇူလိုင် ၂၀ ကနေ ၂၇ ရက်နေ့အထိ တရုတ်နိုင်ငံခရီးစဉ်အဖြစ် သီးသန့်ဖိတ်ကြားခံခဲ့ရတာပါ။

အခုလို ဖိတ်ကြားမှုဟာ တရုတ်အစိုးရက မြန်မာ့နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးနဲ့ စစ်တပ်တို့ တွေ့ဆုံဆွေးနွေးဖို့ ချဉ်းကပ်နိုင်ရေး ကြိုးပမ်းတာလို့ တရုတ်အခြေစိုက် မြန်မာ့အရေးလေ့လာသုံး သပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ကိုရှင်းဖို့ဆိုရင် သူ (တရုတ်အစိုးရ) ပြောနေတာက မြန်မာပြည်မှာပါ ဝင်တဲ့ နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးနဲ့ စစ်တပ်နဲ့ ဆွေးနွေးပါလို့ စစ်တပ်ကိုပြောနေတာ။ စစ် တပ်က မလုပ်ဘူးဖြစ်နေတာ။ အဲဒီဟာပေါ်လာရေးအတွက် သူကနည်းလမ်းပေါင်းစုံနဲ့ ကြိုးစားနေတာထင်တယ်။ အဲဒီတော့ အခုဖိတ်တဲ့လေးပါတီက စစ်ကောင်စီနဲ့လည်း တစ်စုံတစ်ရာ ဆက်ဆံရေးကောင်းပြီး စစ်ကောင်စီက ဖွင့်ပေးထားတဲ့ ပါတီတွေဖြစ်တော့ အဲဒီကနေတဆင့် စစ်ကောင်စီကို ချဉ်းကပ်နိုင်ဖို့အတွက် ကြိုးစားတယ်ထင်တယ်”လို့ ပြောပါ တယ်။

တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေးတွေဖြစ်ဖို့ နိုင်ငံတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အပစ်ခတ်ရပ်စဲပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ် အ ဖြေရှာကြဖို့ အမြဲလိုလိုတိုက်တွန်းခဲ့တာပါ။

ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက မြန်မာစစ်ခေါင်းဆောင် အာ ဏာစွန့်ရေးနဲ့ ရွေးကောက်ပွဲအတွက် လမ်းဖွင့်ပေးနိုင်မယ့် ကြားဖြတ်အစိုးရတစ်ရပ် ဖော်ဆောင်ပေးရေး သမ္မတဟောင်း ဦးသိန်းစိန်ကနေတဆင့် ပြောကြားခဲ့ပါသေးတယ်။

အဲဒီနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီက မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီလေးခုကို ကျေးလက်ဒေသဖွံ့ဖြိုးရေးနဲ့ ပိုးလမ်းမစီမံကိန်းအကောင်အထည်ဖော်ဖို့ ကျွမ်းကျင်သူတွေနဲ့ အမြင်ချင်းဖလှယ် ဆွေး နွေးသွားဖို့ ဖိတ်ကြားလာတာဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လာမယ့်နှစ်မှာ ရွေးကောက်ပွဲကျင်းပမယ့်အပေါ် ဖြစ်နိုင်ခြေဘယ်လောက်ရှိမလဲဆိုတာ မှန်းဆနိုင်ဖို့ တရုတ်ကစစ်ကောင်စီနဲ့ ရပ်တည်လာတဲ့ ပါတီတွေကို ခေါ်ပြီး မေးမြန်းစုံစမ်းတာလို့ သုံးသပ်ပါတယ်။

“ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစာစာအော်ဟစ်နေတဲ့ ၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပမယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဖြစ်နိုင်ခြေဘယ်လောက်ရှိသလဲ။ နောက်တစ်ခုက ကျယ်ပြန့်တဲ့ တ ရားဥပဒေအောက်မှာ လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ခြေ ဘယ်လောက်ရှိမလဲဆိုတာ မှန်းဆအကဲဖြတ်ဖို့အတွက် စစ်ကောင်စီနဲ့ တစ်လျှောက်လုံး ပူးတွဲပြီး ထောက်ခံရပ်တည်လာတဲ့ပါတီတွေကို ခေါ်ပြီးတော့ အခြေအနေတွေ ကို မေးမြန်းစုံစမ်းတာလို့ ကျွန်တော်တော့ ယူဆပါတယ်။ ဒါပေမယ့် အဲဒီအတွက် မြန်မာ့နိုင်ငံရေးမှာ ဘာမှသက်ရောက်မှု ရှိလာစရာအကြောင်းမရှိပါဘူး”လို့ ဆိုပါတယ်။

တရုတ်ကွန်မြူနစ်ပါတီရဲ့ ဖိတ်ကြားမှုနဲ့ပတ်သက်ပြီး ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီးကို သံလွင်တိုင်းမ်က မေးမြန်းရာမှာ သတင်းမီဒီယာအတော်များများကို ဖြေကြားပေးပြီးဖြစ်တဲ့အတွက် ခရီးစဉ်ကနေပြန်လာမှသာ ဖြေကြားပေးမယ်လို့ အကြောင်းပြန်ပါတယ်။

တရုတ်နိုင်ငံခရီးစဉ်ကို ဖိတ်ကြားခံရတဲ့ ပါတီတွေဟာ မေလမှာ ပြန်လည်ရွေးချယ်စုဖွဲ့ခဲ့တဲ့ ကိုယ် စားလှယ် ၁၅ ဦးပါဝင်တဲ့ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့ကို အလှည့်ကျဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေ ဖြစ်ကြပါတယ်။

Most read this week

September 30, 2024
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဆွေးနွေးပွဲ...
September 28, 2024
ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီတွေကို စစ်ကောင်စီရဲ့...
September 27, 2024
မကွေးတိုင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ကျေးရွာနဲ့ ရပ်ကွက်တွေမှာ စစ်ကောင်စီက မကြာမီပြုလုပ်မယ့်...
September 27, 2024
နိုင်ငံတဝန်းမှာ တိုင်ဖွန်းရာဂီမုန်တိုင်းဒဏ်ကြောင့် စပါးစိုက်ဧက ခုနှစ်သိန်းခွဲနီးပါး...