တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များတွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွားလာ

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်များတွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွားလာ

တနင်္သာရီတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများတွင် ယခုလအတွင်း ဝမ်းပျက်ဝမ်းလျှောရောဂါ ပိုမို ဖြစ်ပွားလာကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့မှ တာဝန်ရှိသူများကပြောသည်။

စစ်ဘေးရှောင်အများစုနေထိုင်သည့် နေရာများတွင် သောက်သုံးရေ သန့်ရှင်းစွာ မရရှိမှုများအပြင် အစားအ သောက်များနှင့် လူနေထိုင်မှုစနစ် ပတ်ဝန်းကျင်မသန့်ရှင်းမှုများကြောင့် ယခင်နှစ်တွင် ဝမ်းရောဂါ ပိုမိုဖြစ်ပွား လာခြင်းဖြစ်ကြောင်း နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေး အဖွဲ့မှတာဝန်ရှိသူ အမျိုးသမီး တစ်ဦးက ကေအိုင်စီ သို့ပြောသည်။

“စာရင်းအတိအကျ ပြုစုနိုင်ဖို့အတွက်တော့ လုပ်ဆောင်‌နေတုန်းဘဲ။ ဘာလို့လဲဆိုတော့ အမြဲတမ်းစစ်ဘေးရှောင် နဲ့ ယာယီစစ်ဘေးရှောင်တွေနဲ့က အတူတူနေထိုင်နေကြတာဖြစ်တဲ့အတွက်ကြောင့်ပေါ့။ ကာလဝမ်းရောဂါ အဆင့်ထိတော့မရောက်သေးဘူး အများစုကတော့။ ယာယီစစ်ဘေးရှောင်တွေမှာ ပိုပြီးအဖြစ်များတာတွေ့ရ တယ်။ ပိုပြီးအဖြစ်များတာကတော့ သက်ကြီးရွယ်အိုတွေထက် အသက်နှစ်ဆယ်ဝန်းကျင်နဲ့ အထက်တွေမှာ ပိုပြီး အဖြစ်များတာကိုတွေ့ရတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ပုလောမြို့နယ်များတွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး ဒေသခံများအနေဖြင့် ဘေးလွှတ်ရာ တောတောင်များတွင် နေထိုင်နေရသလို စစ်ကောင်စီမှ ရိက္ခာသယ်ဆောင်ရာလမ်းကြောင်းအများစုကို တားမြစ်ထားသောကြောင့် သန့်ရှင်းသည့် သောက် သုံးရေမရရှိခြင်း၊ စခန်းအတွင်း ယင်လုံအိမ်သာလုံလောက်စွာမရှိခြင်းအပြင် ဆေးဝါးလုံလောက်စွာမရရှိခြင်း တို့ကြောင့် ယခုလို နောက်ဆက်တွဲဖြစ်လာရခြင်းဖြစ်ကြောင်း ၎င်းအမျိုးသမီးက ဆက်ပြောသည်။

“ခန့်မှန်းသလောက်ဆိုရင် ရာနဲ့ချီပြီးတော့ ရှိလာပြီး။ တောထဲမှာဆိုတော့ မိုးတွင်းကစိုစွတ်တဲ့ ပတ်ဝန်းကျင်ကို ဖြစ်လာစေတော့ နေရာထိုင်ခင်းမသန့်ရှင်းတာက ပိုဆိုးတဲ့အနေအထားမှာဖြစ်တယ်။ ပုံမှန်ဝမ်း ရောဂါကို ကုဖို့ အတွက်တောင် ဆေးအလုံအလောက်မရှိတဲ့ပြဿနာ ဖြစ်နေတယ်။” ဟု ၎င်းက ဖြည့်စွက်ပြောသည်။

တနင်္သာရီတိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် နှစ်ဖက်လက်နက်ကိုင်ပဋိပက္ခများကြောင့် စစ်ရှောင်ပြည်သူ (၆၀,၀၀၀) နီးပါးအထိရှိလာပြီး အမြဲတမ်းစစ်ရှောင်ပြည်သူ (၂၀,၀၀၀) ကျော် နှင့်ယာယီစစ် ဘေးရှောင် (၄၀,၀၀၀)အထိရှိနေကြောင်း ဒေသတွင်း သုတေသနအဖွဲ့ဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာ အရ သိရသည်။

အလားတူ မြန်မာတစ်နိုင်ငံလုံးတွင်လည်း ယခုဇူလိုင်လအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ဖြစ်ပွားသူ (၇၀၀) နီးပါးအထိ ရှိနေပြီးဖြစ်ကြောင်းလည်း ဒေသတွင်းသတင်းမီဒီယာများ၏ ကောက်နုတ်ဖော်ပြချက်များအရ သိရ သည်။

Most read this week

September 30, 2024
နိုင်ငံအတွင်း နယ်မြေအများစုကို တော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့်အချိန် ဖြစ်နေသည့်အတွက်...
September 30, 2024
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ သိန္ဓောကျေးရွာတွင် နှစ်ပေါင်း(၄၀)ကြာ...
September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...