မတူပီစစ်ဘေးရှောင်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတဲ့အချိန် ဖြတ်သန်းသွားလာခွင့်တွေပါ ပိတ်ထားလို့ စစ်ဘေးရှောင်တွေအတွက် ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရ

မတူပီစစ်ဘေးရှောင်တွေအတွက် အရေးပေါ်စားနပ်ရိက္ခာလိုအပ်နေတဲ့အချိန် ဖြတ်သန်းသွားလာခွင့်တွေပါ ပိတ်ထားလို့ စစ်ဘေးရှောင်တွေအတွက် ဆိုးရွားတဲ့ အခြေအနေနဲ့ ကြုံနေရ

မတူပီမြို့နယ်အတွင်း စစ်ဘေးရှောင်နေကြတဲ့ ဒေသခံ ပြည်သူ ၃ ထောင်ကျော်အတွက် အရေးပေါ်စားနပ်ရိက္ခာတွေ လိုအပ်နေတဲ့အချိန် ဖြတ်သန်းသွားလာခွင့်ပိတ်တာတွေကြောင့် မတူပီစစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ရရှိရေးနဲ့ ပက်သက်လို့ ဆိုးရွားတဲ့အခြေအနေနဲ့ ကြုံတွေ့နေကြတယ်လို့သိရပါတယ်။

ချင်းအမျိုးသားတပ်ဦး (CNF/CNA )နဲ့ ပူးပေါင်းအဖွဲ့က စစ်ဘေးရှောင်တွေ လိုအပ်တဲ့ စားနပ်ရိက္ခာသယ်ယူရေး၊ စစ်ဘေးရှောင်ပြောင်းရွှေ့ရေးကိစ္စတွေကို ဇွန်လ ၂၄ ရက်နေ့ကစလို့ ဒီကနေ့အချိန်အထိ ပိတ်ပင်လျက်ရှိတယ်လို့ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ တပ်မဟာ(၁) က ဒီကနေ့ ဇူလိုင်လ ၁၇ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။

မတူပီ IDPs Supporting Committee တာဝန်ရှိသူတစ်ဦးက “အဲအကြောင်းနဲ့ပက်သက်ပြီး ဖြေလဲမဖြေချင်တော့ဘူး ရိက္ခာတွေယူလို့မရဘူး လမ်းသွားလာခွင့်လဲပိတ် မိုးကလည်းများ မြေလဲပြိုဆိုတော့” လို့ပြောပါတယ်။

မတူပီစစ်ဘေးရှောင်ဦးရေ  ၅ ထောင်ကျော်ရှိပြီး အဲဒီထဲကနေ ၁ ထောင်ကျော်ဝန်းကျင်သာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဘက်ကို စစ်ဘေးရှောင်နေကြပြီး ကျန်တဲ့ ၃ ထောင်ကျော်ကတော့ မတူပီမြို့နယ်က ကျေးရွာတွေမှာ စစ်ဘေးရှောင်နေကြရတယ်လို့လည်း သိရပါတယ်။

ချင်းလဲန်းကာကွယ်ရေးတပ် (CNF/CNA) ဦးဆောင်တဲ့ပူးပေါင်းအဖွဲ့က မတူပီက စစ်ကောင်စီစခန်းတွေ သိမ်းယူနိုင်ဖို့ဆိုပြီး မတူပီ - ကန်တောင်လမ်း၊ မတူပီ - ဟားခါးလမ်း နဲ့ မတူပီ - လိုင်လဲန်းပီ လမ်းတွေကို ရက်အကန့်အသတ်မရှိ ပိတ်ခဲ့တာလည်းဖြစ်ပါတယ်။

CNF/CNA ရဲ့ မဟာမိတ်ဖြစ်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ၂) က ခွင့်ပြုချက်မရှိဘဲ ပြည်သူတွေ ဖြတ်သန်းသွားလာပါက ကြီးလေးတဲ့ ပစ်ဒဏ်ခံရမယ်လို့လည်း ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ - မတူပီ (တပ်မဟာ၂) က ဇွန်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့က မတူပီမြို့ကို ဇွန်လ ၂၉ ရက်နေ့က အပြီးသိမ်းပိုက်နိုင်ခဲ့ပေမယ့် ပြည်သူလူထုကို စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှာနဲ့ မြေမြုပ်မိုင်းအန္တရယ်တွေကြောင့် မြို့တွင်းဝင်ရောက်နေထိုင်ခွင့်မပေးသေးဘူးလို့ သိရပါတယ်။

Most read this week

September 26, 2024
မလေးရှားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံက ချင်းစစ်ဘေးဒုက္ခသည်တွေနဲ့ CDM...
September 21, 2024
နေပြည်တော်ကောင်စီနယ်မြေ  လယ်ဝေးမြို့နယ် ကျောက်အိုးကျေးရွာက အသက် ၁၄ နှစ်ကနေ ၄၀ အကြားရှိ...
September 20, 2024
စက်တင်ဘာလ ၄ ရက် ညနေပိုင်းမှာ ကလေးမြို့ တောင်ဖီလာရပ်ကွက်က အများပြည်သူတွေရဲ့နေအိမ်တွေမှာ...
September 13, 2024
၂၀၂၁ ခုနှစ် မြန်မာနိုင်ငံမှာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်မှာ...