ထားဝယ်ခရိုင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှ သံဃာများ ကံဆောင်ရာတွင် ပါဝင်

ထားဝယ်ခရိုင် ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှ သံဃာများ ကံဆောင်ရာတွင် ပါဝင်

ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းက သံဃာတော်များသည် စစ်ကောင်စီကို ဆန့်ကျင်ကံ ဆောင်သပိတ် မှောက်ခြင်းများကို ဆက်လက်လုပ်ဆောင် လျက်ရှိနေသည်ဟု သပိတ်မှောက်ရာတွင် ပါဝင်နေ သည့် သံဃာတော်များက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ဘုန်းကြီးကျောင်း ၁၀ ကျောင်းမှ သံဃာတော် ၁၆ ပါးသည် လမ်းမကြီးများပေါ်တွင် ကြွေးကျော်သံများနှင့်အတူ ချီတက်ပြီး စစ်ကောင်စီကို ဇွန်လ ၃၀ ရက်နေ့က ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ် မှောက်ခဲ့ကြကြောင်း ဦးဆောင်ရာတွင် ပါဝင်သည့် သံဃာတော် တစ်ပါးက မိန့် ကြားသည်။

ဦးဆောင်ဆရာတော်တစ်ပါးက “စစ်ကောင်စီပစ်သတ်လို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်က ဗုဒ္ဓနှစ်မျိုးထဲမှာ သုတဗုဒ္ဓလို့ စာရင်းဝင်ပြီး အင်မတန် တန်ဖိုးရှိတဲ့ ဆရာတော်တစ်ပါးပါ၊ သီတဂူဆရာတော်ပြောသွားတဲ့ သည်း ခံပါ၊ မေ့ပျောက်ပါဆိုတာကလည်း ဘုရားဟောတဲ့ဆိုလိုရင်း အမှန်မဟုတ်ဘူး၊ ပြည်သူတွေနဲ့ နောက်လိုက် တွေကို တမင်ဂျင်းထည့်တာပါပဲ” ဟု မိန့်ကြားခဲ့သည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရာတွင် “သံဃာကိုသတ် မင်းအောင်လှိုင်တပ် အလိုမရှိ၊ လူမိုက်ကိုကူ သီ တဂူ အလိုမရှိ၊ ‌‌သံဃာတော်များဘေးကင်းပါစေ၊ တို့ပြည်သူများ အောင်မြင်ပါစေ” စသည့်ကြွေးကြော် သံများ နှင့် အတူသံဃာတော်များက ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

စစ်ကောင်စီက ပြည်သူနှင့် ရဟန်းသံဃာများကို သတ်ဖြတ်ခဲ့သည်များ အပါအဝင် ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာ

တော်ကို ပစ်သတ်ခဲ့ခြင်းများက သပိတ်မှောက်အင်္ဂါ ရှစ်ချက်စလုံးနှင့် ညီနေပြီး၊ တိုင်းပြည်အာဏာ လုယူထား

သည်ကို ပြန်ပေးပြီး ရဟန်းသံဃာတော်များကို သတ်ဖြတ်ထားသည်များကို ကျေနပ်သည်အထိ ပြန်တောင်း

ပန်မှသာ သပိတ်ပြန်လှန်‌ပေးမည် ဖြစ်ကြောင်း ဆိုသည်။

သပိတ်လှုပ်ရှားမှုများကိုလည်း အခြေအနေအပေါ် မူတည်ပြီး ထပ်မံလုပ်ဆောင်သွားလည်း ရှိနေသည်ဟု ပြောသည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံ ဆရာတော် ပစ်သတ်ခံရကာ ပျံလွန်တော်မူပြီးသည့် နောက်ပိုင်း ထားဝယ်မြို့ပေါ်မှ မြေ တိုက်ကျောင်း၊ ဇေယျဝတီကျောင်းများ အပါအဝင် ဘုန်းကြီးကျောင်းများကို အရပ်ဝတ်ဖြင့် လက်နက်ကိုင် ဆောင်ပြီး လာရောက် စောင့်ကြည့်ခြင်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုပ်ဆောင်ခဲ့ကြသည်။

ကံဆောင်သပိတ်တွင် ပါဝင်နေသည့် သံဃာတော်များမှာ စစ်ကောင်စီ၏ လှူဒါန်းခြင်းများကို လက်မခံခြင်း၊ ပင့်

ဆောင်သည့် နေရာသို့ မသွားခြင်းများက စစ်ကောင်စီကို သပိတ်မှောက်လိုက်ခြင်း ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ ရှိ အခြားဒေသများမှ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်တွင် ပါဝင်နေသည့် သံဃာတော်များနှင့် ချိတ်ဆက်ပြီး လုပ် ဆောင်ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင်မှ နောက်ထပ် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

စောင့်ကြည့် စစ်ဆေးခြင်းများ ရှိနေသော်လည်း ခေါ်ယူမေးမြန်းခြင်းများနှင့် ဘုန်းကြီး ကျောင်းများအတွင်း ဝင် ရောက်ပြီး စုံစမ်းခြင်းများ လုပ်ဆောင်ခြင်းမျိုး မရှိသေးကြောင်း ကံဆောင် သံဃာတော်များက မိန့်ကြားသည်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်များကို စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ သံဃာတော်များကလည်း လုပ်ဆောင်နေကြသည်။

။။။။။။။။။။

ဝီကီပီဒီးယားတွင် ဖော်ပြထားသော ပတ္တနိက္ကုဇ္ဇန ကံဆောင်ခြင်းနှင့် ပတ်သက်၍ ဖော်ပြချက်များကို ဖော်ပြလိုက်ပါတယ်။

ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း

ကံဆောင်နိုင်သောအင်္ဂါ ၈-ပါး

ဝိနည်းတော်အရ ရဟန်းတော်များက ဒါယကာများအား သပိတ်မှောက်ရခြင်း အကြောင်းအရင်း အင်္ဂါ ၈-ပါးရှိ၏။

(၁) ဘိက္ခူနံ အလာဘာယ ပရိသက္ကန - ရဟန်းတို့အား လာဘ်တိတ်အောင် လာဘ်မရအောင် ပြုလုပ်ခြင်း၊

(၂) အနတ္တာယ ပရိသက္ကန - အကျိုးမဲ့ဖြစ်အောင်ပြုခြင်း၊

(၃) အဝါသာယ ပရိသက္ကန - နေမြဲကျောင်းကန်၌ မနေနိုင်အောင်ပြုခြင်း၊

(၄)အက္ကောသန - ဆဲရေးခြင်း၊

(၅) ဘေဒန - ရဟန်းချင်းဂိုဏ်းကွဲအောင်ပြုခြင်း၊

(၆) ဗုဒ္ဓအဝဏ္ဏ ဘာသန - ဘုရား၏ ဂုဏ်ကျေးဇူးမဲ့ကိုပြောဆိုခြင်း၊

(၇) ဓမ္မ အဝဏ္ဏ ဘာသန- တရား၏ဂုဏ်မဲ့ကို ပြောဆိုခြင်း၊

(၈) သံဃ အဝဏ္ဏ ဘာသန-သံဃာ့ ဂုဏ်ကျေးဇူးမဲ့ကို ပြောဆိုကဲ့ရဲ့ခြင်း။

ကံဆောင်နိုင်သော အချိန်

အင်္ဂါ၈ပါးအနက် တစ်ပါးပါး ပြည့်စုံသည်ဟု အနည်းဆုံးရဟန်းတော် ၄ ပါးမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချနိုင်လျှင် (ထင်ရှားစေခဲ့လျှင်) စတင်ကံဆောင်နိုင်သည်။

ကံဆောင်မှုကို ကန့်ကွက်ပိုင်ခွင့်

စတင်ကံဆောင်သော ရဟန်းတော်များ၏ လုပ်ရပ်သည် သင့်တင့် လျှော်ကံမှုမရှိ (မတရား) ဖြစ်နေလျှင် မည်သည့်ရဟန်းတော်မဆို ကန့်ကွက်ပိုင်ခွင့်ရှိသည်။ ကျူးလွန်သော အပြစ်တို့မှာ ထင်ရှားပြီးဖြစ်၍ ကန့်ကွက်ရန်မရှိတော့လျှင် ဆိတ်ဆိတ်နေခြင်းအားဖြင့် ထောက်ခံနိုင်သည်။

(ကန့်ကွက်သူ သံဃာ တစ်ပါးပါး ပေါ်ပေါက်ခဲ့လျှင်တော့ ကံဆောင်မှု အထမြောက်/မမြောက်ကို ပြန်လည်သုံးသပ်ကောင်း သုံးသပ်နိုင်သည်။ ကန့်ကွက်သူ မပေါ်ပေါက်ခဲ့လျှင် ရဟန်းတော်အားလုံးက တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ပြီ ဖြစ်သောကြောင့် သံဃာထု၏ ဆန္ဒနှင့်ညီသည်။ သံဃာ့ကံဆောင်မှု အထမြောက်ခဲ့ပြီ ဆိုသည်မှာ အငြင်းပွားစရာမရှိတော့။)

ကံဆောင်ခြင်း၏ နောက်ဆက်တွဲ အကျိုးကျေးဇူး

အရပ်စကားဖြင့် သံဃာထု၏ ဆန္ဒဟု သုံနှုံးခဲ့ရသော်လည်း မူအားဖြင့် ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ် အစရှိသော ကိလေသာ ဆန္ဒတို့အပေါ်တွင် ခြေခံခြင်းမရှိသည်ကို အသေအချာစဉ်းစား ကြည့်လျှင်ကောင်းစွာ တွေ့မြင်နိုင်သည်။

တစ်ကြိမ်တစ်ခါ စော်ကားခဲ့ပြီး ဖြစ်သောကြောင့် စော်ကားသူတို့၌ အပြစ်သည်ဖြစ်ခဲ့လေပြီ။ ထို့ကြောင့်

(က) စော်ကားသူတို့၌ နောက်တစ်ကြိမ် အပြစ်မဖြစ်စေရန်၊

(ခ) အနာဂတ် သံဃာထုအတွက် နောက်တစ်ကြိမ် အလားတူစော်ကားခံရမှုမျိုးမှာ မပေါ်ပေါက်စေရန်၊

စသော အကျိုးတရားများကို မျှော်ကိုး၍ စော်ကားသော ပုဂ္ဂိုလ်းအား ရဟန်းတော်တို့ အနေနှင့် အဆက်အဆံ မပြုကြရန် အဆိုတင်သွင်းခြင်းဖြစ်သည် ဟုယူဆနိုင်သည်။

အထက်တွင်ဖော်ပြခဲ့သော အကျိုးတရား နှစ်ပါးကို ကြည့်ခြင်းအားဖြင့်စတင်အဆိုတင်သွန်းခဲ့သော ရဟန်းတော်တို့၏ စော်ကားခဲ့သူအပေါ်၌ လည်းကောင်း၊ အနာဂတ်သံဃာထု အပေါ်၌ လည်းကောင်း ထားရှိသော စေတနာ မေတ္တာမှာ ထင်းရှားလျက် ရှိသည်။ သို့ဖြစ်ပါ၍ စတင်အဆိုတင်သွန်းခြင်း အလုပ်သည် အစော်ကားခံ ရဟန်းတော်တို့၏ ခံပြင်းမှုဒေါသစိတ်၌ အခြေခံခြင်း လုံးဝမရှိပဲ သတ္တဝါအားလုံး၏ ကောင်းကျိုးကို မျှော်ကိုးသော မေတ္တာတရား (အဒေါသ) ကိုအခြေခံ၍ ပြုလုပ်ခြင်းဖြစ်သည်ဟုပင် ဆိုနိုင်သည်။

ကံဆောင်ရန် အဆိုကို တင်သွန်းနေချိန်တွင်လည်း တည်ငြိမ်အေးချမ်းစွာဖြင့် မေတ္တာပို့ခြင်း အလုပ်ကို အဆက်မပြတ် ဆောင်ရွက်နေကြသောကြောင့် ဒေါသ ကိလေသာ စိတ်တို့မှ ကင်းလွတ်နေမည် ဆိုသည်မှာ အငြင်းပွားရန်မရှိတော့။

မေတ္တာတရားကို အခြေခံသော အလုပ်မှ ကံဆောင်သူတို့ အပေါ်တွင်ဖြစ်စေ၊ ကံဆောင်ခံရသူတို့ အပေါ်တွင်ဖြစ်စေ ဆိုးကျိုးတစ်စုံတစ်ရာ ပေါ်ပေါက်ခဲ့လျှင်လည်း (၁) မေတ္တာတရား လက်ကိုင်ထားသူတို့၌ လည်းကောင်း (၂) လိုအပ်သော အခြေအနေနှင့်တကွ သံဃာထုအား သပိတ်မှောက်ကံဆောင် ခွင့်ကို ပြဋ္ဌာန်းပေးခဲ့သော ဘုရားရှင်၏ မူဝါဒ၌ လည်းကောင်း အပြစ်တစ်စုံတစ်ရာမရှိ။ မေတ္တာတရား၏ တန်ဖိုးကို နားမလည်သူတို့တွင်သာ အပြစ်ရှိတော့သည်။

ကံဆောင်မှုနှင့် ဥပဒေ

ကံဆောင်ခြင်း ဆိုသည်မှာ ကံဆောင်ခံပုဂ္ဂိုလ် (သို့မဟုတ် အဖွဲ့အစည်းတစ်ခုခု) အား သံဃာထုမှ အဆက်အဆံမပြုရန် တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက် ချခြင်းဖြစ်သည် ဟုဆိုနိုင်သည်။ မည်သူမဆို မိမိနှင့် သင့်မြတ်သူကို မိတ်ဆွေ ဖွဲ့ပိုင်ခွင့်ရှိသလို၊ မည်သူမဆို မိမိနှင့် မသင့်မြတ်သူအားလည်း ဝေးဝေးရှောင်ကာ နေပိုင်ခွင့်ရှိသည်။ ထို့ကြောင့် သပိတ်မှောက် ကံဆောင်ခြင်းသည် မည်သည့်တရားဥပဒေ နှင့်မျှ ငြိစွန်းခြင်းမရှိနိုင်ပါ။

သံဃာထု၏ ဆုံးဖြတ်ချက်သည် မိမိ၏ရပိုင်ခွင့် ကိုကျော်လွန်၍ ပြုလုပ်ခဲ့ခြင်းမဟုတ်၊ မည်သည့်အပို အခွင့်အရေးကိုမှ အလွဲသုံးစား ပြုလုပ်ခဲ့ခြင်း လည်းမရှိ၊ သူတစ်ပါး၏ လွတ်လပ်ခွင့် (လူ့အခွင့်အရေး) တစ်စုံတစ်ရာကို ထိပါးစော်ကားခြင်းလည်း ကင်း၏။ ထို့ကြောင့် ကံဆောင်ခြင်းသည် လူ့အခွင့်အရေး ရှုဒေါင့်မှ ကြည့်မည်ဆိုလျှင်လည်း တရားမျှတသည် ဟုဆိုရမည်ပင်။

Most read this week

October 3, 2024
ကချင်အထူးဒေသ ၁ ၊ချီဖွေမြို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကနေ တိုက်ခိုက်သိမ်းပိုက်...
October 3, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂ ရက်။ထိုင်း - မြန်မာနယ်စပ်က မဲဆောက်မြို့မှာ မြန်မာရွှေ့ပြောင်း...
October 2, 2024
ကရင်နီပြည်နယ်တွင် ကုန်းစျေးနှုန်းများ အဆမတန် မြင့်လာသောကြောင့် စစ်ဘေးရှောင်များနှင့် ဒေသခံများ...
September 25, 2024
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် ရေဆက်ကြီးနေသည့်အတွက် စစ်ဘေးရှောင်များနှင့် ဒေသခံများ၏ နေထိုင်စား...