ဗန်းမော်မြို့က ရေဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေ

ဗန်းမော်မြို့က ရေဘေးရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေ

ဗန်းမော်မြို့နယ်အတွင်းက ရေဘေးရှောင်ပြည်သူ ၁,၀၀၀ ကျော် နေ့စဉ်စားသောက်နိုင်ဖို့ အစားအစာ၊ တစ်ကိုယ်ရေသန့်ရှင်းသုံးပစ္စည်းနဲ့ ကျန်းမာရေးအတွက် အိမ်သာတွေဆောက်ဖို့အတွက် လိုအပ်နေတယ်လို့ သိရပါတယ်။

ရေဘေးရှောင်တွေ ရွှေ့ပြောင်းနေထိုင်နေတဲ့ နေရာမှာ  သောက်သုံးရေအတွက် မီးစက်နဲ့ အဝီစီကနေ တင်ပေးတာတာကြောင့် အဆင်ပြေတယ်လို့ သုညသုခပရဟိတလူငယ်အသင်း ခေါင်းဆောင်က ပြောပါတယ်။

"နေ့တိုင်းစားရတာဆိုတော့ သူတို့တွေဆန်တွေဘာတွေတော့ လိုမှာပေါ့။ ပြီးတော့ အိမ်သာတို့ပေါ့။ လူအစုနဲ့ လူဦးရေ ရာချီနေတာဆိုတော့ အိမ်သာတွေလည်း ပြန်လိုတယ်လေနော်။"လို့ဆိုပါတယ်။

ဒါ့အပြင် ရေဘေးရှောင်သူတွေထဲမှာ အအေးမိဖျားနာသူတွေနဲ့ အရေပြားဆိုင်ရာရောဂါ ခံစားရသူတွေရှိတယ်လို့ ဗန်းမော်ပြည်သူတွေဆီက သိရပါတယ်။

လွန်ခဲ့တဲ့ နှစ် ၂၀၀၄ ခုနှစ် ရေကြီးစဉ်က ဗန်းမော်မြို့ရဲ့ စိုးရိမ်ရေမှတ် ၁,၁၅၀ စီတီမီတာအထက် ၁,၃၃၈ စီတီမီတာကိုရောက်ရှိခဲ့ပြီး ဒေသခံပြည်သူတွေဟာ ၁၅ ရက်လောက်  တိမ်းရှောင်ခဲ့ကြရတာတာကြောင့် အခုလည်း ၁၀ ရက်ကျော်လောက်ရှောင်ရမယ်လို့ ခန့်မှန်းထားကြောင်း သုညသုခပရဟိတ လူငယ်အသင်း ခေါင်းဆောင်က ဆက်လက်ပြောပါတယ်။

"အဲဒီမြစ်ရေဝင်ဧရိယာတွေ အကုန်လုံးကို ပြောင်းရွှေ့ဖို့ နှိုးဆော်နေတာပေါ့။  လွန်ခဲ့တဲ့ နှစ် ၂၀ တုန်းကရေးကြီးတာကို ဥပမာယူပြီးတော့ အဲဒီအတိုင်းလေး ပြင်ဆင်ဆောင်ရွက်နေကြတာပေါ့။ "လို့ ဆိုပါတယ်။

မြစ်ကြီးနားမြို့မှာ ရေကြီးရေလျှံတာတွေ ဖြစ်ပြီးနောက် ဗန်းမော်မြို့ဘက်မှာ ဆက်လက်ဖြစ်ပွားလာတာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ ရက်လောက်ကတည်းက ကြိုတင်ပြင်ဆင်ထားခဲ့လို့လည်း ပြောပါတယ်။

အဲဒါ့ကြောင့် ပြည်သူတွေကိုအချိန်နဲ့ တပြေးညီ သတိပေးခဲ့ပြီး ရေဝင်နိုင်တဲ့ မြေနိမ့်ပိုင်းမှာနေတဲ့သူတွေကို ဘုန်းကြီးကျောင်းဝင်းနဲ့ စာသင်ကျောင်းဝင်းတွေမှာ ရွှေ့ပြောင်း ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

လတ်တလောမှာ ရေဘေးရှောင်စခန်း ၄ ခုမှာ ရွှေ့ပြောင်းနေထိုင်နေကြတဲ့ ရေဘေးရှောင်ပြည်သူ အယောက် ၁၀၀၀ ကျော်ရှိနေပြီဖြစ်ပြီး ဆက်လက်ရေဝင်နေတဲ့ ရပ်ကွက်ကျေးရွာက ပြည်သူတွေကိုလည်း ရွှေ့ပြောင်းကူနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြည်သူတွေနဲ့ ပစ္စည်းတွေကို သုညသုခပရဟိတလူငယ်အသင်းကနေ အသက်ကယ်လှေတွေ၊ ကားတွေနဲ့ ရွှေ့ပြောင်းပေးခဲ့ပြီး အရေးပေါ်ယာယီတဲတွေ ထိုးပေးတာတွေ လုပ်ပေးနေတယ်လို့လည်း သိရပါတယ်။

နေပြည်တော် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ ဒီမနက် ၆ နာရီခွဲတိုင်းထွားချက်အရ ဗန်းမော်မြစ်ရေဟာ စိုးရိမ်ရေမှတ်ထက်ကျော်ပြီး ၁,၂၀၉ စီတီမီတာကိုရောက်ရှိနေပြီးတာ့ အန္တရာယ်ရေမှတ်ဖြစ်တဲ့ ၁,၂၄၅ ကိုရောက်ရှိဖို့ စီတီမီတာအနည်းငယ်သာ လိုတော့တယ်လို့ သိရပါတယ်။

September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...
September 10, 2024
ကချင်ပြည်နယ်၊ဗန်းမော်နဲ့ မိုးမောက်မြို့ကြား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ စစ်ကောင်စီတို့...