ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦး

ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦး

ကျောက်မဲ တိုက်ပွဲ(၃)ရက်အတွင်း အရပ်သား ၂၀ ကျော် သေဆုံး၊ ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA )တို့ နှစ်ဘက်တိုက်ပွဲ (၃) ရက်အတွင်း အရပ်သား (၂၁) ဦး သေဆုံးပြီး ၁၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဇွန်လ ၂၅ ရက်မှ ဇွန်လ ၂၇ ရက် အထိ ကျောက်မဲမြို့တွင် စစ်ကောင်စီနှင့် TNLA တပ်ဖွဲ့တို့၏ နှစ်ဘက်တိုက်ပွဲအတွင်း မြို့ပေါ်ရပ်ကွက်များသို့ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၃ ဦး အပါအဝင် အရပ်သား စုစုပေါင်း (၂၁) ဦး သေဆုံးပြီး (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“မနေ့က ရန်ကင်းမှာ လက်နက်ကြီးကျည် အိမ်ပေါ်ကျလို့ တစ်အိမ်တည်း မိသားစု ၄ ယောက် ဆုံးပြီးတဲ့အပြင် နောက်ထပ် တခြားအိမ်က ၂ ယောက်ထပ်သေတယ်။ အလောင်းကိုလည်း အိတ်နဲ့ ထုတ်ထားရတယ်လို့ ပြောတယ်။ နောက်တခါ အမျိုးသားတစ်ယောက် ဆုံးတာလည်း သွားမပို့နိုင်သေးဘူး။ တစ်ရက်တည်း စုစုပေါင်း ၇ ယောက် ဆုံးတယ်”ဟု ကျောက်မဲမြို့ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယမန်နေ့ (ဇွန်လ ၂၆ ရက်) က ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ-၅၀၁/၅၀၂ ကို TNLA တပ်ဖွဲ့မှ စစ်ကြောင်းထိုးစဉ်အတွင်း ရပ်ကွက်(၁) နယ်မြေ(၁)မှ တရုတ်သင်္ချိုင်းအနောက်ဘက်ရှိ သားအဖ နှစ်ဦးကို သေနတ်ပစ်ခတ်မိပြီး ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း ဆွေမျိုးတော်စပ်သူများထံမှ သိရသည်။

အလားတူ ကျောက်မဲမြို့ပေါ် ရပ်ကွက်များရှိ ဌာနဆိုင်ရာရုံးများနှင့် မြို့မရဲစခန်းအထိ TNLA တပ်သားများနှင့် စစ်ကောင်စီတပ်သားတို့ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြပြီး တိုက်ပွဲအတွင်း သေနတ်ကျည် ထိမှန်ဒဏ်ရာရသူ အများအပြားရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ရပ်ကွက်ထဲထိ ဝင်ပစ်ကြတော့ တချို့လူတွေ သေနတ်ကျည်မှန်တာရှိတယ်။ အခု နောက်ထပ် ၃ ယောက်တိုးပြီး ဆေးကုနေတာလည်း လည်ပင်း၊ ပါးတွေမှာ ထိတယ်။ သွေးထွက်လွန်ပြီး ၃ ရက်လောက်အထိပဲ နေနိုင်မယ်လို့ ပြောလို့ရယ်။ စစ်တပ်က လက်နက်ကြီး အဆက်မပြတ် ပစ်နေတာ၊ ဟောင်ဝစ်ဇာနဲ့ ပစ်သလိုဖြစ်နေတာ။ အိမ်တွေပေါ် ကျရင် လူထပ်ထိမှာ”ဟု ၎င်းဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိတွင် ဒဏ်ရာပြင်းထန်သူများကို မန္တလေးသို့ ဆေးကုသရန် လမ်းကြောင်းအခြေအနေ မလုံခြုံမှုကြောင့် ပို့ဆောင်ကုသပေးနိုင်ခြင်း မရှိသေးဘဲ ရပ်ကွက်ဆေးပေးခန်းများတွင်သာ ကုသနေရကြောင်း သိရသည်။

ကျောက်မဲမြို့ပေါ်တွင် နှစ်ဘက်တိုက်ပွဲအတွင်း လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ရပ်ကွက်(၉) တိလင်ရပ်တွင် (၂) ဦး၊ ရန်ကင်းရပ်တွင် (၆) ဦး၊ ရပ်ကွက်(၁) တွင် ၃ ဦးနှင့် အခြားရပ်ကွက်များတွင်လည်း သေဆုံးဒဏ်ရာရသူ အများအပြားရှိကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

“ဒီတခေါက် တိုက်ပွဲက ပြည်သူလည်း မလွတ်ဘူး၊ အကုန်ထိတယ်။ ကျောက်မဲက အခု လေယာဉ်လာဝဲနေတာပဲ ရှိသေးတယ်။ ၅၀၁/၅၀၂ သိမ်းပြီးရင်တော့ လေယာဉ်နဲ့ ဗုံးလာကြဲမယ်ဆိုတာ မြို့ခံတွေကတော့ အဲ့လိုယုံကြည်နေကြတယ်။ အခုတော့ ရတဲ့လမ်းကနေ ရှောင်ဖို့ လုပ်နေကြပြီ”ဟု ကျောက်မဲမြို့ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျောက်မဲမြို့ပေါ်ရပ်ကွက်များမှ ပြည်သူများမှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေပြီး နောင်ပိန်လေး၊ နားပြိန်း၊ ခိုမုန်းနှင့် ဟဲကွီကျေးရွာဘက်သို့ လောလောဆယ် စစ်ဘေးရှောင် ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။

Most read this week

July 1, 2024
အာဏာသိမ်း စစ်ကောင်စီ ဘက်ကတောင်းဆိုလာသည့်အတွက်ကြောင့် စီအိုင် (CI) စင်တာအားလုံးကို...
July 1, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ ညသန်းခေါင်အချိန် လေကြောင်းဖြင့်...
June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...