လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ

လားရှိုး ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး ဒဏ်ရာရ

သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ဇွန်လ ၂၀ ရက် နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံများက ပြောသည်။

“၁၂ နာရီ ကျော်ကျော်လေးပဲ။ အသက် ၁၄ နှစ်ကလေးက ဘယ်ကနေယူလာလည်းမသိဘူး။ လမ်းမကြီးပေါ်လာ ဆော့တာ။‌ ကျောင်းဆင်းချိန်နဲ့တိုးတော့ ကလေးတွေက ဝိုင်းကြည့်ကြတာ။ အဲ့ဒါနဲ့ သူကတော့ လက်နဲ့ရိုက်လိုက်တော့ ပေါက်ကွဲသွားတာ လက်ပြတ်သွားတယ်။ တခြားကလေးတွေလည်း ထိသွားတာပေါ့”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သျှမ်းပြည် လားရှိုးမြို့တွင် ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့(ဇွန်လ ၂၀ ရက်) နေ့လည် ၁၂ နာရီကျော်တွင် လားရှိုးမြို့ ရပ်ကွက် (၇) တွင် မပေါက်ကွဲသေးသည့် ဗုံးကို ကိုင်တွယ်မိရာမှ ဗုံးပေါက်ကွဲမှုကြောင့် ကလေး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း လားရှိုးမြို့ ဒေသခံများက ပြောသည်။

“၁၂ နာရီ ကျော်ကျော်လေးပဲ။ အသက် ၁၄ နှစ်ကလေးက ဘယ်ကနေယူလာလည်းမသိဘူး။ လမ်းမကြီးပေါ်လာ ဆော့တာ။‌ ကျောင်းဆင်းချိန်နဲ့တိုးတော့ ကလေးတွေက ဝိုင်းကြည့်ကြတာ။ အဲ့ဒါနဲ့ သူကတော့ လက်နဲ့ရိုက်လိုက်တော့ ပေါက်ကွဲသွားတာ လက်ပြတ်သွားတယ်။ တခြားကလေးတွေလည်း ထိသွားတာပေါ့”ဟု လားရှိုးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုဗုံး‌ပေါက်ကွဲမှု‌ကြောင့် ထိခိုက်ဒဏ်ရာရရှိသော ကလေးငယ်များမှာ အသက် (၁၄) နှစ်နှင့် (၉)နှစ်အရွယ်ရှိ ယောင်္ကျားလေး နှစ်ဦးနှင့် အသက် ၅ နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးတို့ ဖြစ်ပြီး၊ ထိခိုက်ဒဏ်ရာရရှိသည့် ကလေးများကို လားရှိုးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။

လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့အပြင် ပြည်သူ့စစ်အဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင်များ ဖြစ်ကြသည့် SSPP/SSA၊ TNLA ၊ MNDAAစသဖြင့် လက်နက်ကိုင်တပ်ဖွဲ့များလည်း လှုပ်ရှားနေသည်။

သို့သော် လားရှိုးမြို့ပေါ်တွင် မကြာခဏ ဖြစ်ပွားနေသည့် ဗုံးပေါက်ကွဲမှု၊ ခိုးဆိုးလုယက်မှု၊ ဓားပြတိုက်မှုနှင့် ဆက်စပ်သူ တရားခံများကို သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းမှ ဖမ်းဆီးဆောင်ရွက်ပေးခြင်း မရှိကြောင်း၊ အဆိုပါ တရားခံများနှင့် လက်နက်ကိုင် အဖွဲ့အစည်းများ ဆက်စပ်နေသည်ဟု သံသယရှိကြောင်း ဒေသခံများက ပြောဆိုနေလျက်ရှိသည်။

June 29, 2024
သျှမ်းပြည် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့်...
June 28, 2024
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် စစ်‌ေကာင်စီနှင့် TNLA တိုက်ပွဲများကြောင့်...
June 28, 2024
သျှမ်းပြည်နှင့် မန္တလေးတိုင်းနယ်စပ် ဝက်ဝံကျေးရွာရှိ ရဲစခန်းနှင့် မူးယစ်ဂိတ်ကို တအာင်း(ပလောင်)...
June 27, 2024
သျှမ်းပြည် ပင်လောင်းမြို့နယ် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ၃...