ကော့သောင်းမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ အတွက် အိမ်ထောင်စုစာရင်းကောက်နေ

ကော့သောင်းမှာ စစ်မှုထမ်းသင်တန်း အမှတ်စဉ် ၂ အတွက် အိမ်ထောင်စုစာရင်းကောက်နေ

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်ရှိ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ဆယ်အိမ်မှူးတွေက စစ်မှုထမ်းဆောင်ဖို့အတွက် ခြင်ထောင်ဝေတာကို ဗန်းပြပြီး အိမ်ထောင်စုစာရင်း ကောက်ယူတာတွေ လုပ်ဆောင်နေတယ်လို့ မြို့ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေ ၂၇ ရက်နေ့စပြီး စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ အိမ်ထောင်စာရင်း လူဦးရေအလိုက် ခြင်ထောင်ဝေတာတွေ လုပ်ဆောင်ခဲ့ပြီး အိမ်ထောင်စုစာရင်း ကောက်ယူနေတာ ဖြစ်ပါတယ်။

ကော့သောင်းမြို့မှာတော့ ပြီခဲ့တဲ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ အတွက် မဲနှိုက်တာတွေကို ၂၀၀၈ ခုနှစ် သန်းခေါင်စာရင်းအရ မြို့ပေါ်ရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး သန်းခေါင်စာရင်းထဲမပါတဲ့ အိမ်ထောင်စုတွေရှိတဲ့အတွက် အခုလို ခြင်ထောင်ဝေပြီး အိမ်ထောင်စုစာရင်း ကောက်ယူတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။

တစ်ဖက်မှာလည်း ခြင်ထောင်ဝေတဲ့နေရာမှာ အိမ်ထောင်စုတစ်ခုကို မိတ္တူတစ်ခု၊ ဧည့်သည်ဆိုရင် ဧည့်စာရင်းစာအုပ်နဲ့ ရာအိမ်မှူးထောက်ခံချက်တွေ တောင်းယူနေပြီး အိမ်ထောင်စုရင်းထဲမှာ လူဦးရေ ဘယ်လောက်ရှိလဲ၊ အိမ်ထောင်စုရင်းထဲမှာ ပါတဲ့လူတွေဟာလည်း ပြည်တွင်းထဲမှာရှိလား၊ ပြည်ပမှာ ရှိနေတာလား စတဲ့ စစ်ဆေးချက်တွေနဲ့ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ကော့သောင်းဒေသခံ တစ်ဦးရဲ့ပြောပြချက်အရ အခုလိုအိမ်ထောင်စုစာရင်း ကောက်ယူနေတာဟာ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ အတွက် ဖြစ်ပြီး အပတ်စဉ် ၁ မှာတော့ ကော့သောင်းမြို့က လူဦးရေ ၉၀ နီးပါး စစ်သား စုဆောင်းခံခဲ့ရတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း အပတ်စဉ် ၁ အတွက် လူစားထိုးဖို့ အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတွေက တစ်အိမ်ထောင်ကို ၂၀,၀၀၀ ကျပ်ကနေ ၅၀,၀၀၀ ကျပ်အထိ ကောက်ယူခဲ့တာလို့ ဆိုပါတယ်။

တနင်္သာရီတိုင်းမှာတော့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၂ ကို ပလောက်မြို့ရှိ တမ်မတော် တန်းမြင့်သင်တန်းကျောင်း (တကက-၁၂) မှာ လူဦးရေ ၂၃၀ ခန့် နဲ့ဖွင့်လှစ်ခဲ့ပြီး အဲဒီထဲမှာ မွန်ပြည်နယ်အတွင်းက စုဆောင်းခံရတဲ့ သူတွေလည်း ပါဝင်တယ်လို့ ဗမာ့ရေးရာနဲ့ ပဋိပက္ခ စောင့်ကြည့်လေ့လာရေးအဖွဲ့ (BACS) ရဲ့ အစီရင်ခံစာအရ သိရပါတယ်။

October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...
October 2, 2024
နိုင်ငံတဝန်းရှိ အကျဉ်းထောင်တွေမှာ အခုနှစ် ကိုးလအတွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ...
October 1, 2024
လူတစ်ဦးချင်းစီရဲ့ ကိုယ်ရေးအချက်အလက်တွေကို ဖြည့်စွက်ကောက်ယူသွားမယ့် စစ်ကောင်စီရဲ့...