တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရာ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ထား

တီးတိန်မြို့သိမ်းတိုက်ပွဲဖော်ဆောင်ရာ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ထား

- ချင်းပြည်နယ် တီးတိန်မြို့ကို သိမ်းပိုက်နိုင်ဖို့အတွက် ချင်းညီနောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ဖော်ဆောင်နေပြီး လက်ရှိမှာ စစ်ကောင်စီတပ်စခန်း ၂ ခုကို သိမ်းပိုက်ထားသလို စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးကိုလည်း အရှင်ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။

- တီးတိန်မြို့မှာ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က မြို့ထဲက နေအိမ်တွေကို မီးတင်ရှို့တာကြောင့် နေအိမ် ၃၀ ကျော် ပြာကျခဲ့ရတယ်လို့ သိရပါတယ်။

- စစ်အာဏာသိမ်းပြီး ၃ နှစ်ကျော်မှာ စစ်ကောင်စီရဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့် ချင်းပြည်နယ်အတွင်းက ဘုရားကျောင်း၊ ဆေးရုံနဲ့ စာသင်ကျောင်းပေါင်း ၁၉၀ ကျော် ပျက်စီးခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့(CHRO)က သတင်းထုတ်ပြန်ပါတယ်။

October 4, 2024
- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ထဲက ချင်းလူမျိုးတွေနေထိုင်တဲ့ ကျေးရွာတွေမှာ အာရက္ခတပ်တော် (ULA/AA)က...
October 3, 2024
- စေတနာ့ဝန်ထမ်းဆရာ၊ ဆရာမတွေအတွက် သင်ကြာရေးနည်းပညာပိုမိုအဆင့်မြင့်လာစေဖို့ ၃ ရက်တာ...
October 2, 2024
- ဝိုင်းမော်မြို့နယ် နောင်းချိန်းကျေးရွာက စစ်ဘေးရှောင် ၇,၀၀၀ ကျော်အတွက် စားနပ်ရိက္ခာတွေ...
October 2, 2024
နိုင်ငံရေး ပြဿနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး တိုင်းရင်သား လက်နက်ကိုင် EROs...