ဆီဆိုင်စစ်ရှောင်များ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည် ဟု စစ်ကောင်စီပြော

ဆီဆိုင်စစ်ရှောင်များ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည် ဟု စစ်ကောင်စီပြော

သျှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့ မှ ထွက်ပြေးလာသည့် စစ်ရှောင်များနေရပ်သို့ မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဟု မေလဆန်းပိုင်းတွင်  စစ်ကောင်စီမှ ပြောဆိုသဖြင့်  စိုးရိမ်စိတ်ဖြင့် နေရပ်သို့ ပြန်နေရကြောင်း  စုံစမ်းသိရသည်။

ဆီဆိုင်မြို့နယ် အတွင်း စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်( PNO) နှင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့တိုက်ပွဲကြောင့် ဒေသခံများသည် တောင်ကြီးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြသည်။

လက်ရှိမှာ တောင်ကြီးမြို့သို့ စစ်ရှောင်လာသော ဆီဆိုင်မြို့စစ်ရှောင်များကို စစ်ကောင်စီမှ နေရပ်မပြန်ပါက နေအိမ်ချိတ်ပိတ်မည်ဆိုသည့် သတင်းကြောင့် စိုးရိမ်ထိတ်လန့်မှုဖြင့် ပြန်နေရကြောင်း ဆီဆိုင်မြို့ ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ဆီဆိုင်က ကလေးတွေအကုန် ကျောင်းပြန်အပ်ရမယ်ပြောတယ်။ ကျောင်းပြောင်းခွင့်လည်း မပေးဘူး ပြန်မလာရင် နေအိမ်တွေ အကုန်ချိတ်ပိတ်မယ်ဆိုလို့ အကုန်ပြန်ကုန်ကြပြီ”ဟု ၎င်းအမျိုးသားက ဆိုသည်။

ထို့အပြင် ဆီဆိုင်မြို့ တိုက်ပွဲဖြစ်ပြီး (၃)လအတွင်း စစ်ကောင်စီဖိ အားပေးမှုကြောင့် နေရပ်သို့ပြန်ကြရာတွင် နေအိမ် အများအပြား ပျက်စီးပြီး အချို့ အိမ်ခေါင်မိုးများမရှိသောကြောင့် ဖြစ်သလိုနေကြရကြောင်း ဆီဆိုင် စစ်ရှောင်  အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။  

“အခု အိမ်ခေါင်မိုးတွေမရှိတော့လို့ မိုးကာတွေအုပ်ပြီးနေရတယ် တစ်ချို့ကျတော့ အသိအိမ်တွေမှာ နေနေရတာပေါ့” ဟု ၎င်းစစ်ရှောင်အမျိုးသားက ပြောသည်။

သျှမ်းပြည်တောင်ပိုင်း တိုက်ပွဲဖြစ်ပွားသည့်မြို့နယ်များတွင် စစ်ဘေးရှောင်အရပ်သားများကို ဖိအားပေးပြီးပြန်ခိုင်းသည့် ဖြစ်စဉ်အများအပြားရှိပြီး ဒဏ်ကြေးရခြင်း ပိုင်ဆိုင်မှုများ သိမ်းယူခံရခြင်း၊ ခြိမ်းခြောက်မှုများကြောင့် နေရပ်သို့ ပြန်နေရကြောင်း  Pa-O  Youth Organization မှ မေလ ၁၃ရက်တွင် ဖော်ပြထားသည်။

ဆက်လက်ပြီး သျှမ်းတောင်တိုက်ပွဲ ၃လတာကာလအတွင်း စစ်ဘေးရှောင်ဦးရေ (၆)သောင်းအထက်ရှိကြောင်းသိရသည်။

သျှမ်းတောင် စစ်ပွဲအတွင်းတွင် သေဆုံးသူ (၆၉)ဦး ရှိပြီး   ထိခိုက်ဒဏ်ရာရသူ အရပ်သား(၉၈)ဦး ရှိသည်   ထိုထဲမှ (၁၇)ဦးသည် နေရပ်ပြန်ရင်းစစ်ပွဲ အကြွင်းအကျန်လက်နက်ထိမှန် ကြောင်းသိရသည် ။

Most read this week

October 5, 2024
သျှမ်းပြည်တောင်ပိုင်း၊ကျောက်တလုံးမြို့နှင့် ညောင်ရွှေမြို့ တောင်ဘက်ဒေသများတွင် ပအိုဝ်းပြည်သူစစ်...
October 4, 2024
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့တွင် ရှိ နာမည်ကြီး တရုတ်ဘုံကျောင်း နှင့်...
October 4, 2024
သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်ထိ ကျားဖြန့် ဟု လူသိများသည်...
October 3, 2024
သျှမ်းပြည် ပင်လောင်းမြို့၏ တောင်ဖက်တွင် တိုက်ပွဲများပြန်ဖြစ်ပွားနေသောကြောင့်...