ရခိုင်ပြည်၊ သံတွဲမြို့နယ်၊ သူဌေးရေအားလျှပ်စစ်စီမံကိန်းအထဲကို တိုက်ပွဲထဲက လက်နက်ကြီး ကျည်တွေ ကျရောက်လာတဲ့အတွက် အဲဒီမှာ အလုပ်လုပ်ကိုင်နေတဲ့ တရုတ်အင်ဂျင်နီယာတွေ အပါအဝင် တရုတ် ဝန်ထမ်းတွေ စီမံကိန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်းတွေဟာ ဧပြီ ၂၆ ရက်နေ့က စခန်းကို စွန့်ခွာသွားကြပြီဖြစ်တယ်လို့ သိရပါတယ်။
ဒေသခံ တစ်ဦးကတော့ “ သူဌေးရေးအားလျှပ်စစ်စီမံကိန်းမှာ လာရောက်လုပ်ကိုင်နေတဲ့ တရုတ် အင်ဂျင်နီယာတွေ အပါအဝင် တရုတ်ဝန်ထမ်း ၃၀ လောက်က မနေ့ကတည်းက စီမံကိန်းကနေ ပြောင်းပြေးကြတယ်။ လက်ရှိသံတွဲက ဟိုတည်တွေမှာ တည်းခိုနေတယ်သိရပါတယ်” လို့ နိရဉ္စရာသတင်းဌာနကို ပြောဆိုပါတယ်။
ဒီသူဌေးရေအားလျွှပ်စစ် စီမံကိန်းဟာ သံတွဲမြို့ အရှေ့မြောက်ဘက် (၁၂ ) မိုင် အကွာမှာ တည်ရှိပြီး နှစ်စဉ်ပျမ်းမျှလျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၃၈၆ သန်း ထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ ခန့်မှန်းပါတယ်။ ဒီစီမံကိန်းကို ၂၀၀၈- ၂၀၀၉ ခုနှစ်ကတည်းက စတင် တည်ဆောက်ခဲ့ပြီး ၁၅နှစ်ကျော်ကြာတဲ့အထိ မပီးနိုင်သေးတဲ့ မြန်မာနိုင်ငံ အရှည်ကြာဆုံးစီမံကိန်းတစ်ခုလည်းဖြစ်ပါတယ်။