ဓမ္မသကျေးရွာအတွင်း စစ်ကောင်စီတပ်များ ထပ်မံ ဝင်ရောက်တပ်စွဲထား

ဓမ္မသကျေးရွာအတွင်း စစ်ကောင်စီတပ်များ ထပ်မံ ဝင်ရောက်တပ်စွဲထား
CJ(မတ်လအတွင်း မီးလောင်ခဲ့သည့် ဓမ္မသကျေးရွာပုံဟောင်း)
CJ(မတ်လအတွင်း မီးလောင်ခဲ့သည့် ဓမ္မသကျေးရွာပုံဟောင်း)

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ဓမ္မသကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဧပြီလ ၅ရက်နေ့ ညပိုင်းအချိန်တွင် ထပ်မံ ဝင်ရောက်တပ်စွဲထားကြောင်း ကျေးရွာရှိ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ဧပြီ ၅ရက်၊ ယမန်နေ့ ည(၇)နာရီခွဲအချိန်တွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တပ်စွဲထားပြီး အင်အားအရေအတွက်ကိုမူ အတိအကျ မပြောနိုင်သော်လည်း ၎င်းတပ်ဖွဲ့မှာ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက် ပြုလုပ်နေသည်ဟု ရွာခံတစ်ဦးက ပြောသည်။

သူက “ရွာမှာ စကစတွေ အများကြီးရောက်နေတယ်။ စခန်းလည်း ချထားတယ်။ အခုလည်း အမြှောက်နဲ့ပစ် တာ ဘယ်နားကျသွားလည်းတော့ မသိဘူး။ တစ်နေကုန် လက်နက်ကြီးနဲ့ ပစ်နေတာ။ ဘယ်လိုပြောရမှန်း တောင် မသိတော့ဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ (၂၄)ရက်နေ့မှ စတင်ပြီး ဂျိုင်းမြစ်ဒေသတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီ တပ်များ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသောကြောင့် ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနှင့် ကော့သပ်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံများမှာ ယနေ့အချိန်ထိ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဓမ္မသရွာမှ အခြားဒေသခံတစ်ဦးက ယခုလို ပြောသည်။

“ပြီးခဲ့တဲ့လကတည်းက ပြေးနေရတာ။ တိုက်ပွဲမရှိလည်း စစ်သင်္ဘောနဲ့ရော၊ မြေပြင်ပေါ်က စစ်သားတွေက ရော လက်နက်ကြီးတွေနဲ့ ဆက်တိုက်ထုနေတာ ဒီနေ့အထိပဲ။ ရွာထဲမှာတော့ ရွာသားတွေ သိပ်မရှိတော့ဘူး။ လက်နက်ကြီး စထုပြီးဆိုရင် အင်တာနက်လိုင်းတွေ ဖြတ်ခံရပြီး။”ဟု ၎င်းဒေသခံက ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ကျိုက်မရောမြို့နယ်မှ စစ်ဘေးရှောင်များအနေဖြင့် မော်လမြိုင်မြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ပေါင်မြို့ နယ်နှင့် ဖားအံမြို့နယ်များ၌ အများဆုံး လာရောက်တိမ်းရှောင်နေကြပြီး ရေရှည်အတွက် စားနပ်ရိက္ခာအခက် အခဲများနှင့် ကြုံတွေ့နိုင်ကြောင်း ထိုင်းရောက် မြန်မာစစ်ဘေးရှောင်များကို အနီးကပ် ကူညီနေသူတစ်ဦးများ က ပြောဆိုသည်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ၏ ထုတ်ပြန်ချက်များအရ စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ် ခတ်မှုများကြောင့် ဂျိုင်းမြစ်ဒေသတွင်းရှိ ကျေးရွာများမှ ဒေသခံ ၆၀၀၀ကျော်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း ပါရှိသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် လက်နက်ကိုင် ပဋိပက္ခများကြောင့် နိုင်ငံတဝှမ်းတွင် နေရပ်စွန့်ခွာတိမ်းရှောင်ရသူ ၂.၈ သန်းအထိ စံချိန်မြင့်တက်လာကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး UNOCHA က ဧပြီ ၅ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...