စစ်တပ်က သင်္ဃန်းညီနောင်ကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ

စစ်တပ်က သင်္ဃန်းညီနောင်ကျေးရွာအုပ်စုကို လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေ

မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ကျေးရွာအုပ်စု၊ ကျေးရွာ ၆ ရွာထဲကို စစ်ကောင်စီလေတပ် Y12 ဗုံးကြဲ လေယာဉ်ဖြင့် ဧပြီလ ၃ ရက် နံနက်ပိုင်းက လာရောက်တိုက်ခိုက်သည့်အတွက် ဒေသခံနေအိမ်၊ တောင်ယာခြံကုန်းများအများအပြား ထိခိုက်ပျက်စီးလျက်ရှိကြောင်း ဒေသခံများက ပြောသည်။

" ဒီမနက် ဗုံးကြီးကြဲတာ အလုံးရေအများကြီးပဲ။ နှေးနှေးပဲပျံနေတာ လေယာဉ်က။ ပတ်ပျံနေတာ၊ လူတွေတော့မထိဘူး။ ခြံတွေအိမ်တွေတော့ ပျက်ကုန်ပြီ။  ဝှေ့ရှမ်းဘက်ရော၊ ထီးမူးထ ဘက်ရော ကြဲ တာ၊ ညီနောင်ရော ကုန်ပြီအိမ်တွေ မီးလာင်တာ"ဟု ဝှေ့ရှမ်းကျေးရွာ ဒေသခံ စစ်ဘေးရှောင်နေရသူ က ပြောသည်။

သင်္ဃန်းညီနောင်ဒေသအတွင်းရှိ စစ်ကောင်စီ စစ်စခန်းများနှင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ဦးဆောင်သည့် မဟာမိတ်တော်လှန်ရေး ပူးပေါင်းတပ်များကြားတွင် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ကတည်းက တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားနေသည့် တစ်လနီးပါး ကာလအတွင်း စစ်ကောင်စီတပ်က ကွင်းကလေး၊ ထီးမူထ၊ နို့ဖိုးနှင့် ဝှေ့ရှမ်း ၊ ဇရပ်ဖြူကုန်း၊ မဲပလဲ့၊ ပေါလာ၊ ခြေတော်ရာဘုရားတောင် နေရာများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခြင်းများ ဆက်လက်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

မြဝတီမြို့မြောက်ပိုင်း စစ်ဘေးရှောင်အရေး ကူညီလုပ်ဆောင်နေသူတစ်ဦးက"တိုက်ပွဲက တစ်လနီး ပါးရှိလာပြီ၊ ရာသီဥတုကလည်း နေပြင်းပူတဲ့အချိန်၊ ဗုံးကြဲတော့ မီးလာင်ကုန်တာ၊ အိမ်ခြေများနေပြီ။ လူတွေလည်း ရွာလုံးကျွတ်စစ်ရှောင်ရတာ၊ ထိုင်းဘက်အမျိုးရှိတဲ့ နေရာဘက်တွေ၊ ရှမ်းရွာ၊ ကရင် ရွာ ဘက်တွေ၊ ရွှေကုက္ကိုလ်ဘက်တွေ ရှောင်နေရတာ လူ သုံးထောင်လောက်ရှိနေပြီ။ ရိက္ခာလည်း လိုတယ်။ သက်ကြီးဘိုးဘွားတွေလည်း ကျန်းမာရေး မကောင်းတာရှိတယ်။" ဟု ပြောသည်။

လက်ရှိ မြဝတီမြို့ပြင်နေရာရှိ ခြေလျင်တပ်ရင်း - ခလရ ၂၇၅ ၊ သင်္ဃန်းညီနောင်စစ်ဗျူဟာ၊ ကုန်သွယ် ရေးဇုန်၊ ရွာသစ်ကုန်း ဘုန်းကြီးကျောင်း၊ လေးကေကော် စွယ်တေယ်အမြှောက်ကုန်း၊ နေရာများအား KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်းများမှ ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် စစ်တပ်လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကိုရှောင်ရှားနိုင်ရန် KNLA မဟာမိတ်စစ်ကြောင်းများက ဒေသခံများအား သတိပေးထားကြာင်း သိရသည်။

Photo: CJ

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...