တနင်္သာရီမြို့နယ်တွင် (စရဖ)၏ထောက်ခံချက်ဖြင့်သာ ဒေသခံများဆန်ဝယ်ယူခွင့်ရှိနေ

တနင်္သာရီမြို့နယ်တွင် (စရဖ)၏ထောက်ခံချက်ဖြင့်သာ ဒေသခံများဆန်ဝယ်ယူခွင့်ရှိနေ
Photo: Crd
Photo: Crd

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)၏ ထောက်ခံချက်ရယူနိုင်မှသာ ဒေသခံများအနေဖြင့် အိမ်ထောင်စုတစ်စုလျှင် ဆန်အိတ်တစ်အိတ်ဝယ်ယူနိုင်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် မတ်လ ဒုတိယအပတ်မှ စတင်၍ ဆန်(၂၄)ပြည်အိတ် ဝယ်ယူလိုသည့် ဒေသခံများအနေဖြင့် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ)ရုံးများတွင် အိမ်ထောင်စုနှင့် မှတ်ပုံတင်ပြကာ ထောက်ခံချက်များ ထုတ်ယူ၍ဆန်များကို ဝယ်ယူစားသောက်နေရကြောင်း တနင်္သာရီမြို့နယ်ရှိ အမည်မဖော်လိုသူ ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

၎င်းက “ဆန်ဝယ်မယ်ဆိုရင် ရုံးမှာထောက်ခံချက် ထုတ်ရတယ်။ အကယ်၍ အဲ့တာမပါရင်တော့ ဆန်ဝယ်လို့ မရဘူး။ တစ်ခါထုတ်ရင် တစ်အိမ်ထောင်ကို တစ်အိတ်ပဲ ထုတ်ရတယ်။ ပိုက်ဆံရှိနေရင်တောင် လွယ်လွယ်နဲ့ဝယ်လို့ မရတဲ့အခြေနေမျိုးတော့ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် ကျေးရွာများမှတစ်ဆင့် ဆန်အိတ်လာရောက် ဝယ်ယူသွားသည့်ဒေသခံများအနေဖြင့်လည်း  မြို့နယ်အတွင်းရှိ စစ်ဆေးရေးဂိတ်အများစုတွင် (စရဖ)ရုံးထောက်ခံချက်ပါမှသာ သွားလာခွင့်ပြုပြီး ထောက်ခံချက် မပါပါက ဆန်အိတ်များကို သိမ်းယူမှုများ ပြုလုပ်လျက်ရှိကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

“ထောက်ခံချက်ထုတ်တာကတော့ ပိုက်ဆံတော့မပေးရဘူး။ အလှည့်ကျစောင့်ပြီး ယူရတယ်။ တနင်္သာရီ လမ်း ပိုင်းတစ်လျောက်က အစစ်အဆေးများတယ်။ ကုန်းလမ်းပိုင်းအပြင် ရေလမ်းပိုင်းမှာပါ စစ်တပ်က ပိုကြပ်လိုက် တာ။ ပြီးတော့ စစ်ဘေးရှောင်တွေအတွက် ရိက္ခာလမ်းကြောင်းတွေ ပိုကြပ်လာတော့ သယ်ဆောင်တဲ့ စရိတ်က ပိုများလာတယ် ။” ဟု စစ်ဘေးရှောင် အနီးကပ်ကူညီနေသူတစ်ဦး ကပြောသည်။

ထို့အပြင် စစ်အုပ်ချုပ်ရေး ကြေညာခံထားရသည့် တနင်္သာရီမြို့နယ်တွင်  ဆန်နဲ့စားသောက်ကုန်များ သယ်ဆောင်ခွင့်ကို ပြီးခဲ့သည့်(၂၀၂၂)ခုနှစ်မှ စတင်ပြီး ကုန်းလမ်းပိုင်များတွင် ကန့်သတ်တင်း ကြပ်ခြင်းများ လုပ်ဆောင်ခဲ့သည့်အပြင် ယခုနှစ်တွင်ရေလမ်းကြောင်းကိုပါ စစ်ကောင်စီမှ ထပ်မံကန့် သတ်လိုက်ကြောင်း ဒေသခံများက ပြောဆိုသည်။

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...