ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲမည့်သူမရှိ

ဒေါ်အောင်ဆန်းစုကြည်နေအိမ် လေလံဆွဲမည့်သူမရှိ

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အား လေလံဆွဲမည့်သူမရှိ၍  လေလံပွဲမအောင်မြင် ဖြစ်ခဲ့ပြီး မတ်လ ၂၁ ရက်နေ့တွင် လေလံပစ်သော အရာရှိမှ တရားရုံးသို့ အစီရင်ခံစာတင်ခဲ့ရကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအသိုင်းအဝန်းနှင့် နီးစပ်သူများမှ နိရဥ္စရာ သို့အတည်ပြုသည်။

မတ် ၂၀ ရက် နေ့တွင် လေလံစီမံခန့်ခွဲသည့် (bailiff) ဘိလစ်တရားရုံးအရာရှိ နှင့် တရားရုံး စာရေးတို့သည် ခြံနံပါတ် ၅၄ အား လေလံဆွဲမည်သူ ရှိ မရှိ ၃ ကြိမ်တိုင်တိုင် မေးမြန်းခဲ့ပြီး လေလံဆွဲမည့်သူ  မရှိသောကြောင့် လေလံပွဲမအောင်မြင်ကြောင်း ဘိလစ်အရာရှိမှ အဆိုပါ နေအိမ်ခြံဝန်းရှေ့မှာပင် ကြေညာခဲ့ကြောင်းသိရသည်။

“ ရှေ့ဆက်အခြေအနေကို မနက်ဖန်(မတ်လ ၂၁)ရက်နေ့ရုံးချိန်း ကျမှသိရမှာ လေလံပစ်တဲ့ အရာရှိက လေလံအစီရင်ခံစာတင်မှ ရှေ့ဆက်ဘာဆက်လုပ်မယ်ဆိုတာ သိရမယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအသိုင်းအဝန်းနှင့် နီးစပ်သူ တစ်ဦးမှ ပြောသည်။

လေလံဆွဲမည့်သူမရှိ၍  လေလံပွဲမအောင်မြင်သောကြောင့် ရှေ့ဆက်မည်သို့ ဖြစ်လာနိုင်မည်နည်းဟု နိရဥ္စရာ ဌာန၏ မေးမြန်းမှုအား “တရားရုံးက လေလံနောက်တစ်ကြိမ် ဆက်ပစ်မှာပေါ့ ဘယ်လိုပုံစံပစ်မလဲတော့ မသိဘူးပေါ့” ဟု သူက ဆက်လက် ဖြေကြားခဲ့သည်။

လေလံပွဲမအောင်မြင်သော ကြောင့် တရားရုံးမှ နောက်တစ်ကြိမ် လေလံထပ်ပစ်မည့်ရက်အား ကြေညာမည်ဖြစ်ကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်သည်နှစ်ဧကနီးပါးကျယ်ဝန်းပြီး စတုရန်းတစ်ပေလျှင် ကျပ် ၃၅ သိန်းဖြင့် ကျပ်သိန်းပေါင်း သုံးသန်းကျော် (အမေရိကန်ဒေါ်လာ သန်း ကိုးဆယ်နီးပါး) ကြမ်းခင်းဈေးရှိကြောင်းသိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေထိုင်ခဲ့သည် ခြံနံပါတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အား မတ်လ ၂၀ ရက်နေ့တွင် လေလံတင်ရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးမှ အမိန့်ချမှတ်ထားခဲ့ပြီးအမှုတွင် အမွေဆိုင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တရားရုံးသို့ တက်ရောက်ခွင့် မရခဲ့သကဲ့သို့ ရှေ့နေအဖွဲ့နှင့်လည်း တွေ့ခွင့်မရခဲ့ကြောင်းသိရသည်။

ဒေါ်အောင်းဆန်းစုကြည် နေထိုင်ခဲ့သည့် ခြံနံပါတ် ၅၄ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်အား လေလံတင်ရောင်းချမိန့် ကို ဇန်နဝါရီ ၂၅ ရက်နေ့တွင် တရားရုံးက ချမှတ်ခဲ့ခြင်းဖြစ်သည်။

သက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား စစ်ကောင်စီမှ အမှုပေါင်း ၁၉ မှုအတွက် ထောင်ဒဏ် ၃၃ ချမှတ်ထားပြီး ၆ နှစ်လျော့ချပေးခဲ့သောကြောင့် ၂၇ နှစ်ဆက်လက်ကျခံရန် ရှိနေသေးကြောင်း သိရသည်။

ဓာတ်ပုံ- အောင်အောင်

Most read this week

October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...
October 8, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ယမန်နေ့ညက အကြမ်းဖက် စစ်ကောင်စီ လေတပ်က ဗုံးကြဲ...
October 8, 2024
အကြမ်းဖက် စစ်ကောင်စီလေတပ်က ရခိုင်ပြည်မှ  စစ်တွေ ၊ ပုဏ္ဏားကျွန်း၊ တောင်ကုတ်နှင့်...