ရခိုင်တွင် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား ရှစ်ထောင်ကျော်ရှိပြီး တစ်သောင်းကျော် ပျက်ကွက်

ရခိုင်တွင် စနစ်သစ်တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုသူ ကျောင်းသား ရှစ်ထောင်ကျော်ရှိပြီး တစ်သောင်းကျော် ပျက်ကွက်

ရခိုင်ပြည်တွင် စနစ်သစ်တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ရှစ်ထောင်ကျော်ရှိပြီး တစ် သောင်းကျော် ပျက်ကွက်သည်ဟု သိရသည်။

၂၀၂၃-၂၀၂၄ခု ပညာသင်နှစ်တွင် ရခိုင်တပြည်လုံးမှ စာမေးပွဲဝင်ရောက်ဖြေဆိုမည့် စာရင်း ၁၈၂၀၆ ဦးအထိ ဖြေဆိုခွင့်လျှောက်ထားခဲ့ပြီး ဝင်ရောက်ဖြေဆိုသူမှာ ၈၅၃၄ဦးအထိသာရှိပြီး ၁၀၀၅၉ ဦးထိပျက်ကွက်ခဲ့သည်ဟု  ယနေ့ မတ် ၁၂ ရက်နေ့ စစ်ကောင်စီပိုင် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြသည်။

ရခိုင်တွင် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ကျောင်းသူဦးရေ ၄၁၇၅၃ ဦးဖြေဆိုခဲ့ပြီး ယခုနှစ်တွင် ၈ထောင်ကျော်သာဖြေဆိုခဲ့သည့်အတွက် ဖြေဆိုသူ   ၅ ဆနီးပါးခန့် လျော့ကျသွားကြောင်းသိရသည်။

စစ်တွေမြိုတွင် လည်းမြို့ပေါ်လူဦးရေအနည်းငယ်သာ ဝင်ရောက်ဖြေဆိုပြီး တခြားမြို့နယ်များဖြစ်သည့် ရသေ့တောင်၊မင်းပြား၊ကျောက်တော်၊မြောက်ဦးနှင့်ပေါက်တောဖက်မှလာရောက်ဖြေဆိုသူ ၁၀ ရာခိုင်နူန်းခန့်သာရှိကြောင်း စစ်တွေမြို့ခံ တစ်ဦးက နိရဉ္စရာကိုပြောသည်။

"  အထက (၄)တို့ အထက (၂)တို့ဆိုရင်အရင်နှစ်ကစာမေးပွဲဖြေတဲ့သူတွေ အပြည့်ပဲ။ အခုအရေအတွက် အတိအကျ မသိပေမယ့် တော်တော်လေးကိုနည်းတယ် ။ နယ်ဖက်ကဆိုရင် ပေါက်တော မြင့်ဂါဖက်က စာစစ်ဌာနကဆို လုံးဝမလာဘူး။  ပေါက်တောဖက်က လာတဲ့သူဆို လက်ချိုးရေးလို့ရတယ်။ နယ်ဖက်က ကလေးတွေကိုကျတော့ စစ်တွေတက္ကသိုလ်မှာ ဖြေခိုင်းတယ် လို့သိရတယ် " ဟုပြောသည်။

ရခိုင်ပြည်တွင် ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်စဉ် စာစစ်ဌာန ၁၂၀ ကျော်ခန့်တွင် ယခင်က ကျင်းပ စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန ၆၉ ခုတွင်သာ ကျင်းပစစ်ဆေးနေကြောင်းသိရသည်။

ရခိုင်ပြည် မြောက်ဘက်ပိုင်းတွင်ဆိုလျှင် စစ်တွေမြို့ တစ်မြို့တွင်သာ စာမေးပွဲစစ်ဆေးလျှက်ရှိပြီး တောင်ဘက်ပိုင်းမှ တောင်ကုတ်၊ သံတွဲ၊ ဂွ၊ မာန်အောင်၊ အမ်း နှင့် ကျောက်ဖြူမြို့တို့တွင် စာမေးပွဲကျင်းပစစ်ဆေးလျက်ရှိကြောင်းသိရသည်။

ယခုနှစ် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ခရိုင်၊ မြို့နယ်၊ စာစစ်ဌာန၊ နိုင်ငံခြားစာစစ်ဌာနတို့တွင် ဖြေဆိုသူ စာရင်းသွင်းအရေအတွက်မှာ ခရိုင်ပေါင်း(၁၁၄)ခရိုင်၊ မြို့နယ် ပေါင်း(၂၈၅)မြို့နယ်၊ စာစစ်ဌာနပေါင်း (၇၉၄)ဌာန ၊ စာမေးပွဲ ဖြေဆိုရ် စာရင်းသွင်းသူ ကျောင်းသား ကျောင်းသူ ( ၁၄၆၅၂၃ ) ဦး အနက် လာရောက်ဖြေဆိုသူ ဦးရေမှာ (၁၂၈၈၀၁)ဦး ရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၂၀၂၂ - ၂၃ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုသူ အရေအတွက် ၁သိန်း ၆သောင်းနီးပါးရှိခဲ့ပြီး ယခုနှစ်တွင် ၁သိန်း ၂သောင်းကျော် အထိသာ ရှိသည့် အတွက်  ပြီးခဲ့တဲ့ စာသင်နှစ်နှင့် နှိုင်းယှဉ်ပါက ဖြေဆိုသူ  ၄ သောင်းကျော်  လျော့ကျသွားကြောင်းသိရသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...