တရုတ်သို့ အလုပ်လုပ်ရန် သွားကြသည့် အမျိုးသမီး ၁၈ ဦးခန့်အပါအဝင် ရခိုင် ၂၀ ခန့်ဖမ်းဆီးခံရပြီး အဆက်အသွယ်မရပျောက်ဆုံးနေ

တရုတ်သို့ အလုပ်လုပ်ရန် သွားကြသည့် အမျိုးသမီး ၁၈ ဦးခန့်အပါအဝင် ရခိုင် ၂၀ ခန့်ဖမ်းဆီးခံရပြီး အဆက်အသွယ်မရပျောက်ဆုံးနေ
ယခုဖြစ်စဉ်နှင့်သက်ဆိုင်မှုမရှိပါ။ ပုံအဖြစ်ဖော်ပြခြင်းသာဖြစ်ပါသည်။  (ဓာတ်ပုံ- အင်တာနက်)
ယခုဖြစ်စဉ်နှင့်သက်ဆိုင်မှုမရှိပါ။ ပုံအဖြစ်ဖော်ပြခြင်းသာဖြစ်ပါသည်။ (ဓာတ်ပုံ- အင်တာနက်)

(ရန်ကုန်လေဆိပ်တွင် ဖမ်းဆီးခံရသူများကိုလည်း ယနေ့အထိ ပြန်လွှတ်ပေးခြင်းမရှိ၍ မိသားစုများစိုးရိမ်)

ရန်ကုန်မြို့မှ တရုတ်ပြည်သို့ အလုပ်လုပ်ရန် ဘတ်စ်ကားတစ်စီးဖြင့် လိုက်ပါသွားခဲ့သည့် ရခိုင်အမျိုးသမီး ၁၈ ဦးခန့် အပါဝင် လူပေါင်း ၂၀ ခန့်သည် ဖမ်းဆီးထိန်း ခံထားရပြီး ပျောက်ဆုံးနေကြောင်း မိသားစုများက နိရဉ္စရာသို့ သတင်းပေးပို့လာသည်။

သူတို့နှင့် ဆက်စပ်သည့် ရခိုင်လူငယ် တစ်ဦးက “ သူတို့က ရန်ကုန်မှာ အလုပ်အဆင်မပြေတာကြောင့် စားဝတ်နေရေးကျပ်တည်းလာတယ်။ ရခိုင်လည်း ပြန်လို့ မရတော့ တရုတ်ဘက်ကို သွားကြတာ။ မတ်လ ၆ ရက်နေ့ကပါ။ မွန်းလွဲ ၂ နာရီမှာ အဆက်အသွယ်ရပါတယ်။ သူတို့ကို လမ်းမှာ ရဲနဲ့ စစ်တပ်က စစ်ဆေးနေတယ်။ မှတ်ပုံတင်တွေကို သိမ်းထားတယ်။ ဒီလို အကြောင်းကြားလာတယ်။ ညနေပိုင်းကျတော့ အဆက်အသွယ် လုံး၀ မရတော့ဘူး။ အခုအချိန်ထိ အဆက်အသွယ် ပြတ်နေပါတယ်”ဟု ၎င်းက ပြောသည်။

ပျောက်ဆုံးနေသူများအထဲတွင် ရခိုင်ပြည် မြောက်ဦးနယ် လက်ယာရွာမှ မမဲလုံးချေ (ခေါ်)  

မေယုခင်၊ နောက်တစ်ယောက်မှာ  မင်းပြားနယ် ဇီးကိုင်းရွာက မလှဝင်းကြည်ဖြစ်ပြီး ကျန်အမျိုးသမီးများ၏ နာမည်များကို မသိရှိကြောင်း၊ အမျိုးသမီး ၁၈ ဦးနှင့် အမျိုးသား ၂ ဦးတို့ဖြစ်ကြောင်း သူကဆက်ပြောသည်။

“ အဲဒီအထဲမှာ ကျွန်တော်ရွာက တစ်ယောက်ပါပါတယ်။ နောက်တစ်ယောက်က သူနဲ့ အတူတူ နေတဲ့ သူငယ်ချင်းတစ်ယောက်ပါ။  သူတို့ဟာ  ရန်ကုန်ရွှေပြည်သာကနေပြီး  မတ်လ၆ရက်နေ့  နံနက် ၁၀ နာရီ အချိန်ကားနဲ့ တရုတ်ဘက်သို့ သွားတာမှာ လမ်းမှာ နေ့လယ်  ၁နာရီမှာ စစ်ဆေး ခံရပါတယ်။  မှတ်ပုံတင်တွေကို စစ်ဆေးပြီး ရဲကယူထားတယ်။ ပြန်မပေးသေးဘူးလို့ ၂ နာရီလောက်မှာ ဖုန်းဆက် ပြောတယ်။ အဲဒီလောက်ဘဲ ပြောလို့ရလိုက်ပါတယ်။  လက်ဖုန်းက နောက်ပိုင်းဆက်သွယ်လို့ လုံးဝ မရ လိုက်တော့ဘူး။ ဖုန်းက စက်ပိတ်ထားချည်းဘဲ ပြန်ဖြေနေပါတယ်။  လူအားလုံး ၂၀ ကျော်လို့တော့ ပြောပါတယ်။  ယောက်ကျား၂ယောက်တည်းဘဲ ပါတယ်လို့ ပြောတယ်။ အဲသလောက်ဘဲ  သိရပါတယ်”ဟု ပြောသည်။

ထိုသို့ အဆက်အသွယ်မရ ပျောက်ဆုံးနေသဖြင့် အထူးစိုးရိမ်နေကြသည်ဟု ၎င်းက ပြောဆိုသည်။

၎င်းပြင် မတ်လ ၈  နံနက် ၆ နာရီ ၃၀ မိနစ်အချိန်တွင်၊ ရန်ကုန်မှ သံတွဲသို့ ပျံသန်းမည့် Myanmar international Airline မှ flight No. UB-405 လေယာဉ်ဖြင့် စီးနင်းလိုက်ပါမည့် အသက် ၁၉ မှ ၃၀ ကြားရှိ ကျား/မ ရခိုင် ခရီးသည် ၂၀ ဝန်းကျင်အား လေဆိပ်တွင် ဖမ်းဆီးပြီး ရွှေပြည်သာရှိ စစ်အကျဉ်းထောင်သို့ ခေါ်ယူသွားကြောင်း ဒေသခံတစ်ဦးက အကြောင်းကြားလာပါသည်။

၎င်းတို့အား ဖမ်းဆီးပြီး လေဆိပ်ရှိ ရုံးခန်းတွင် ၁ နာရီခန့် ထားကာ၊ လေဆိပ်မှတဆင့်  ကားဖြင့် ရွှေပြည်သာရှိ စစ်ထောင်သို့ ခေါ်ဆောင်သွားခဲ့သည်ဟု ပြောဆိုသည်။

၎င်းနှင့် ဆွေမျိုးတော်စပ်သူ မိန်းကလေးငယ်မှာ  နာမကျန်းဖြစ်၍ ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူပြီး ရခိုင်သို့ပြန်ရန် ဆေးရုံဆေးမှတ်တမ်းနှင့် ရပ်ကွက်ထောက်ခံစာများ အပြည့်အဝ ပါရှိသူဖြစ်သော်လည်း ယနေ့ထိ မလွတ်သေးဘဲ ဖမ်းဆီးထားကြောင်း ၎င်းက ပြောကြားသည်။

နိရဉ္စရာသတင်းဌာနအနေဖြင့် ဖမ်းဆီးခံရသူများ သတင်းအား ပုံမှန်လက်ခံရရှိနေပြီး ဖမ်းဆီးခံရသူ အများစုမှာ မိသားစုနှင့် အဆက်အသွယ်မရဘဲ စစ်ကောင်စီ၏ ဖမ်းဆီး ထိန်းသိမ်ထားခြင်းကို ခံနေရသည်ဟု သိရှိရသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...