နှစ်လအတွင်း KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာ

နှစ်လအတွင်း KNU တပ်မဟာ ၅ နယ်မြေတွင် စစ်ကောင်စီတပ်စခန်း ၃ ခု စွန့်ခွာ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မူတြော်(ဖာပွန်)ခရိုင်၊ လူသောမြို့နယ်တွင် ယခု ၂၀၂၄ နှစ်ဆန်းပိုင်းမှစ၍  နှစ်လကျော်ကာလအတွင်း နှစ်ပေါင်း ၂၀ နီးပါးအခြေချတပ်စွဲခဲ့သည့် စစ်ကောင်စီတပ်စခန်း ၃ ခုအထိ စွန့်ခွာသွားခဲ့ကြောင်း ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူတပ်ဖွဲ့ဝင်များ၏ ဘက်ပေါင်းစုံ ပိတ်ဆို့ ဖြတ်တောက်ထားမှုကြောင့် စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (ခမရ-၃၄၉) တပ်သည် တပ်စခန်းကိုစွန့်ခွာထွက်ပြေးမှုများရှိသလို အလင်းဝင်လက်နက်ချမှုများလည်း ရှိလာသည်ဟု KNLA နှင့်စစ်ဆင်ရေးဖော်ဆောင်နေသည့် ဒရုန်းတပ်ဖွဲ့ဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။

၎င်းက  “KNLA ရဲ့စစ်ရေးဦးဆောင်မှုတွေနဲ့ ဗျူဟာကျကျ သူတို့ရဲ့အဓိကထောက်ပို့လမ်းတွေ၊ လက်နက်ခဲ ယမ်းလမ်း ကြောင်းအားလုံးကို ကျနော်တို့ပူးပေါင်းအဖွဲ့တွေ ပိတ်ဆို့ထားလို့ သူတို့ရိက္ခာတွေ အားလုံး ပြတ်ပြီး စခန်းစွန့်တာ လို့မြင် တယ်။ ဘာလို့လဲဆိုရင် အရင်ဆိုလေကြောင်းက အမြဲစစ်ကူလာတယ်။ အခုက လေယာဉ်လာတယ် ရိက္ခာလာချလည်း ကျနော်တို့ဆီပဲရောက်တယ်။ သူတို့တပ်စခန်းနဲ့တစ်ခြားစီ ဖြစ်နေတယ်။ အခုလည်း ကျန်နေသေးတဲ့စခန်းတွေကို ပူးပေါင်းတပ်တွေနဲ့ပေါင်းပြီး ပိတ်ဆို့ထားတယ်။ လက်နက်ချအလင်းဝင်တာလည်းရှိနေပါတယ်”ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စစ်ကောင်စီတပ်၏ (ခမရ-၃၄၉)တပ်ရင်းသည် လယ်ကလေးကျိုးစခန်းကို စွန့်ခွာ၍ ကျူလူတွင်တပ်စွဲထားသည့် တပ်ဖွဲ့ဝင်များနှင့် ပြန်လည်ပူးပေါင်းသွားခဲ့ရာမှ နောက်နေ့ ဖေဖော်ဝါရီလ ၁၁ ရက် နေ့တွင် ပူးပေါင်းသွားသည့် ကျူလူစခန်းကို ထပ်မံစွန့်ခွာကာ မော်ဖူးဗျူဟာ စခန်းသို့ ပြန်လည်ပူးပေါင်းခဲ့ခြင်းဖြစ်သလို လက်ရှိတွင်ပူးပေါင်းခဲ့သည့်မော်ဖူးဗျူဟာစခန်းကိုလည်း ထပ်မံစွန့်ခွာခဲ့သည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။

ထို့အပြင် ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေရှိ စစ်ကောင်စီတပ်သည် တပ်ခစန်းများကိုစွန့်ခွာကာ ထွက်ပြေးမှုများရှိသလို KNLA ပူးပေါင်းတပ်များ၏ တိုက်ခိုက်သိမ်းပိုက်မှုခံထားရသည့် စခန်းများလည်ရှိပြီး တပ်ဖွဲ့ဝင်များအနေဖြင့် အဖက်ဖက် ကျရှုံးနေမှုကြောင့် စိတ်ဓာတ်ပျက်ပြားနေပြီးဖြစ်သောကြောင့် ယခုလို စခန်းစွန့်ခွာမှုများ ပြုလုပ်ရခြင်းဖြစ်သည်ဟု CDM ပြုလုပ်ထားသည့် တပ်သား ကိုလီအိုက ယခုလိုပြောသည်။

၎င်းက “သူတို့ဘက်က စိတ်ဓာတ်ပိုင်းဆိုင်ရာအားလုံးအဖက်ဖက်က ပျက်ပြားနေပြီး။ ပြည်သူနဲ့ ပူးပေါင်းချင်ရင် အစကတည်းက ဖြစ်ဖြစ်နေမှာပဲလေ။ အခုကနယ်မြေအားလုံးနီးပါးမှာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိလာကြပြီး။ စစ်တပ် အကြီးပိုင်းတွေက လက်အောက်ငယ်သားတွေကို အမိန့်တစ်ခုနဲ့ ထိန်းချုပ်ထားတာဆိုတော့ အခုလိုစခန်းစွန့်ပြီး ထွက်ပြေး တာကလည်း သူတို့အမိန့်ရလို့ရယ် စခန်းမကျဖို့ဘယ်လိုမှ တောက်ခံမထားနိုင်လို့ ထွက်ပြေးတာပဲလေ။” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အတူ ၂၀၂၃ခုနှစ် တစ်နှစ်တာအတွင်းမှာလည်း KNLA ပူးပေါင်းတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီကြား တိုက်ပွဲ ပေါင်း(၁,၈၅၇)ကြိမ် ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ (၈၆၉)ဦး သေဆုံးပြီး (၆၀၉)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု KNU ၏တစ်နှစ်တာ အစီရင်ခံစာတွင် ဖော်ပြထားခဲ့သေးသည်။

Photo: KNU

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...