စစ်တပ်က ဂေဘားတပ်မတော်နာမည်တပ်၍ လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဒေသခံရပ်မိရပ်ဖ များပြော

စစ်တပ်က ဂေဘားတပ်မတော်နာမည်တပ်၍ လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဒေသခံရပ်မိရပ်ဖ များပြော

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့နယ်ခွဲအတွင်း စစ်ကောင်စီက ဌာနေပြည်သူ့စစ်နှင့် အမျိုး သားရေးအစွန်းရောက် လူတချို့အား ခေါင်းဆောင်စေကာ စစ်တပ်အကျိုးအတွက် ဂေဘားတပ်မတော်အမည်ဖြင့် လူအင်အားစုဆောင်းနေမှုကို လက်မခံကြောင်း ဂေဘားမျိုးနွယ်ဒေသခံရပ်မိရပ်ဖိများက ပြောသည်။

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်သည့် တပ်မဟာ(၂) တောင်ငူခရိုင် လိပ်သိုဒေသရှိ ဂေဘား ရွာများတွင် ပြီးခဲ့သည့် ဇန်နဝါရီလပိုင်းမှ စတင်၍ ဂေဘားတပ်မတော် ဖွဲ့ရန်ဟုဆိုကာ ဂေဘားရွာများသို့ ဝင်ရောက်၍ စည်းရုံးရေးနှင့်လူစုဆောင်းရေး လုပ်ဆောင်နေခြင်းဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံ လူတစ်စု၏ အဆိုပါလုပ်ရပ်သည် ဂေဘားမျိုးနွယ်များ၏ ပုံရိပ်နှင့်ဂုဏ်သိက္ခာကို ကျဆင်းစေသည့်အပြင် ဂေဘားမျိုးနွယ်အချင်းချင်း စိတ်ဝမ်းကွဲစေသဖြင့် ထိုလုပ်ရပ်ကို ကန့်ကွက်ကြောင်း ထိုနယ်မြေအတွင်း နေထိုင်သူဂေဘားမျိုးနွယ်ဒေသခံများက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံရပ်မိရပ်ဖတစ်ဦးက “ဒီလိုလုပ်တာက ကျနော်တို့ဂေဘားလူမျိုးတွေကို စိတ်ဝမ်း ကွဲစေတယ် ။ အခုလူနည်းစုတစ်ခုကပဲ ဦးဆောင်လုပ်သွားတယ်လို့ ကြားတယ်။ လုပ်ချင်သပဆိုရင်တောင် ကြို တင်ညှိနှိုင်းမှုရှိရမယ်။ ကျေးရွာအသီးသီးကို ချပြရှင်းပြရမယ်။ ကျနော်ဆိုလိုတာက ဂေဘား တပ်မတော်ဆို တဲ့နာမည်နဲ့မထွက်ဖို့ပါ။ အခုသူတို့လုပ်လိုက်တာ ကျနော်တို့ဂေဘားမျိုးနွယ်တစ်ခုလုံး Image(ပုံရိပ်) ကျတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ဂေဘားရွာများသို့ လိုက်လံ လူစုဆောင်းသူများသည် မျိုးနွယ်စုများ၏သဘောဆန္ဒမပါဘဲ ဂေဘားလူငယ်များအား မက်လုံးပေး၍ တိတ်တဆိတ် စည်းရုံးရေးလုပ်ဆောင်ကြခြင်းဖြစ်ကြောင်း ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

“သူတို့က ရွာတွေကို ကြိုတင်အသိပေး ဟောပြောတာမျိုးမရှိဘဲနဲ့ ဗြုန်းစားကြီးဝင်ပြီးတော့ လုပ်လိုက်တာ သူတို့ မှန်ကန်တယ်ဆိုရင် ကျေးရွာတိုင်းကိုပြောင်ပြောင်တင်းတင်းဝင်ပြီးလှုပ်ရှားပေါ့။ အခုက သူတို့က တိတ်တ ဆိတ်ဝင်လှုပ်ရှားသွားတာ ကလေးတွေကတော့မက်လုံးရရင် ယူမှာပဲလေ၊ ဒါပေမဲ့ နောက်ဆက်တွဲ ဘာဖြစ် လာမလဲဆိုတာ သူတို့မတွေးဘူးလေ၊ လူကြီးပိုင်းကတော့ လက်မခံတာများနေပြီ။” ဟု အထက်ပါ ဒေသခံရပ်မိရပ်ဖက ဆက်ပြောသည်။

ဂေဘားတပ်မတော်အတွင်း ဝင်ရောက်အမှုထမ်းမည့်သူများအတွက် ရိက္ခာအနေဖြင့် ဆန်အပြင် မြန်မာကျပ်ငွေ ခြောက်သောင်းကိုလည်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လူအင်အားစုဆောင်းနေသူများက ပြောဆိုထားခြင်းဖြစ်ပြီး လက်ရှိတွင် လူဦးရေ(၁၀၀) ထက်မနည်း စုဆောင်းရရှိနေပြီဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

ဒေသခံအမျိုးသမီးတစ်ဦးကလည်း “သတင်းထွက်လာကတည်းက မဖြစ်သင့်ဘူးပေါ့၊ တကယ်လည်း သွားနေတဲ့သူ တွေရှိတော့ ကျမတို့အရမ်းရှက်တယ်။ ကိုယ့်အမျိုးသားတွေက ဒီလောက် ‘အ’ ရလားဆိုပြီးတော့ ဝမ်းလည်း ဝမ်းနည်းတယ်။ ဒါပေမဲ့လည်း ဒီကလေးတွေက အသိပညာနဲ့အတွေးအခေါ်မရှိတာနဲ့ မက်လုံး တွေနောက် လိုက်တာနဲ့ အဲ့ဒီလိုဖြစ်သွားတာ စိတ်မကောင်းဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့လုံးဝကိုလက်မခံနိုင်ဘူး။” ဟု ပြောသည်။

ဂေဘားလူငယ်များအနေဖြင့်လည်း လက်ရှိစည်းရုံးစုဆောင်းရေးလုပ်ဆောင်နေသူတို့၏ လုပ်ရပ်က မှန်ကန် မှုရှိမရှိနှင့် မိမိတို့လူမျိုးရေးကိုထိခိုက်နိုင်ခြင်းရှိမရှိ လေ့လာပြီးမှ စဥ်းစားဆောင်ရွက်ကြရန်လည်း ဒေသခံဂေဘားမျိုးနွယ်ဝင် ရပ်မိရပ်ဖများက အသိပေးနှိုးဆော်ထားသည်။

KNU ကလည်း ဂေဘားမျိုးနွယ်အမည်တပ်၍ ၎င်းတို့အုပ်ချုပ်မှုနယ်မြေအတွင်း လှုပ်ရှားနေသူများအား သိရှိ စောင့်ကြည့်နေသလို အရေးယူမှုဆောင်ရွက်ရန် သက်ဆိုင်ရာတပ်မဟာအလိုက် ဆွေးနွေးနေကြောင်း သိရသည်။

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...