ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗထူးတပ်မတော်ပြော

ထားဝယ်နည်းပညာတက္ကသိုလ်အနီးရှိ စစ်ကောင်စီတပ်စခန်း နှစ်ခုတိုက်ခိုက်ခံရ၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ဗထူးတပ်မတော်ပြော

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ နည်းပညာတက္ကသိုလ်(ထားဝယ်)အနီး တပ်စွဲထား သည့် စစ်ကောင်စီ စခန်းကုန်းနှစ်ခုကို တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဗထူးစစ် ကြောင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်၊ မောင်းမယ်ရှောက်ကျေးရွာ၊ ထားဝယ် နည်းပညာတက္ကသိုလ် အနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် နှင့် တပ်စွဲနေထိုင်လျက်ရှိသည့် လုံခြုံရေးကင်းစခန်းများကို ယမန်နေ့ နေ့လည် (၁၂) နာရီဝန်းကျင်ခန့်က ဗထူး တပ်မတော်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း ဖေဖော်ဝါရီလ (၂၈)ရက်နေ့ ညက ထုတ်ပြန်ထားသည်။

ဗထူးတပ်မတော်မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က “ကျနော်တို့ တိုက်တာကတော့ နှစ်ခု ပေါ့။ ဘုရားမဲစစ်ဆေးရေးဂိတ်ရယ်။ ဒီဂိတ်ကို ကာကင်းယူထားတဲ့ စခန်းတစ်ခုရယ်ပေါ့။ ဘုန်းကြီးကျောင်း ထဲမှာ တပ်စွဲထားတဲ့ဟာကို တိုက်တာပေါ့။ သူတို့ နေရာမှာကတော့ စုစုပေါင်းအင်အား အယောက်နှစ်ဆယ် ကျော် လောက်တော့ရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်း စစ်ကောင်စီဘက်မှ (၅)ဦးသေဆုံးခဲ့ပြီး MA-3 အမျိုးအစား လက်နက် (၂)လက်၊ ကျည်ဘောက်(၆)ခု၊ (၄၀မမ) ဗုံးသီး (၆)လုံး၊ (၅.၅၆ကျည်) ၂၀၄ တောင့်၊ လက်ကိုင်ဖုန်း(၂)လုံးနှင့် စကားပြော စက်(၁) လုံး သိမ်းဆည်းရမိကြောင်း ရဲဘော်ထက်မြက်က ဆက်ပြောသည်။

ထို့အပြင် အာဏာသိမ်း စစ်ကောင်စီလက်အောက်တွင် လုပ်ကိုင်လျက်ရှိသည့် ပျူစောထီး၊ ပြည်သူ့စစ်များ နှင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်များ အနေဖြင့် စစ်တပ်အားစွန့်ခွာပြီး ပြည်သူ့ ရင်ခွင်အမြန်ဆုံး ခိုလှုံဝင်ရောက်ကြရန် လည်း ဗထူး စစ်ကြောင်းက ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။

ဖေဖော်ဝါရီလဆန်းပိုင်းမှ စ၍ တနင်္သာရီတိုင်းဒေသ၊ ထားဝယ်မြို့နယ် အတွင်း စစ်ကောင်စီ နှင့် တော်လှန်ရေး အင်အားစုအကြား နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း တိုက်ခိုက်မှုများ နှင့် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကို ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်ဒေသခံများထံမှ သိရသည်။

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...