CDF-Daai ထိန်းချုပ်နယ်မြေထဲ ၂ လတာစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိ (၄) ဦးကို အသေဖမ်းဆီးနိုင်ခဲ့၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီး

CDF-Daai ထိန်းချုပ်နယ်မြေထဲ ၂ လတာစစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်ရင်းမှူးအပါအဝင် အရာရှိ (၄) ဦးကို အသေဖမ်းဆီးနိုင်ခဲ့၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီး

ချင်းပြည်နယ်၊ CDF- Daai ထိန်းချုပ်နယ်မြေအတွင်း နှစ်လတာ စစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်မှ တပ်ရင်းမှူးအပါအဝင် အရာရှိ(၄) ဦးကို အသေဖမ်းဆီးနိုင်ခဲ့ပြီး ဗိုလ်မှူး ၃ ဦး၊ ဗိုလ်ကြီး ၈ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၅၉ ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း CDF – Daai က ယနေ့ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ် နှစ်လတာ စစ်ဆင်ရေးများတွင် ထိတွေ့တိုက်ပွဲ (၄) ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီ၏ အရာရှိကြီးများအပါအဝင် တပ်ဖွဲ့ဝင် ၆၀ နီးပါး အသက်ရှင်လျက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကာ လက်နက်ခဲယမ်းအမြောက်အများကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း အထွေထွေအတွင်းရေးမှူး Salai Aibax က ပြောသည်။

“ကျနော်တို့ တော်လှန်ရေးအင်အားစုတွေရဲ့ စုပေါင်းအင်အား လုပ်ဆောင်ချက်တွေပေါ့နော်။ ကျနော်တို့ စုပေါင်းအင်အား တွေကြောင့် ဒီလိုမျိုး အောင်မြင်တာပါ။ စစ်ကောင်စီကတော့ တကယ့်ကို ဖရိုဖရဲဖြစ်နေတဲ့ အခြေအနေပေါ့။ တပ်က တကယ့်ကို ကျူးလွန်တဲ့ ပြစ်မှုတွေကြောင့် သံသရာဝဋ်ပြန်လည်တာပေါ့နော်” ဟု သူက ပြောသည်။

အရှင်ဖမ်းဆီးရမိထားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၉ ဦးထဲတွင် ပြင်းထန်ဒဏ်ရာ ရရှိသူ ၇ ဦးကို CDF – Daai ဆေးတ်ဖွဲ့မှ ဆေးဝါးကုသမှုများ ပြလုပ်ပေးနေကြောင်း CDF – Daai က ယနေ့ ဇန်နဝါရီလ ၂၈ ရက်မှာ ထုတ်ပြန်သည်။

စစ်သုံ့ပန်းများကို နိုင်ငံတကာ စစ်ဖက်ဆိုင်ရာ ဥပဒေ Geneva Convention နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်က ပြုလုပ်သော “မွန်တောင်”စစ်ဆင်ရေးတွင် စစ်ကောင်စီ၏ ဗိုလ်ကြီး (၁) ဦး၊ ဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၂) ဦးနှင့် အကြပ်ရဲဘော် (၁၁) ဦး တို့ကို CDF – Daai ချင်းကာကွယ်ရေးတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက်က လောင်းပွီတောင်တွင် ချင်းအမျိုးသားတပ်မတော် CNA ၊ CDF – Daai နှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်း၍ စစ်ဆင်ရေးပြုလုပ်ရာတွင် စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ် (၁) ဦး၊ တပ်ကြပ်ကြီး (၃) ဦး နှင့် အကြပ်ရဲဘော် (၁၉) ဦး စသဖြင့် စုစုပေါင်း (၂၃) ဦးတို့သည် ချင်းပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချ အလင်းဝင်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၇ ရက် “လှိန်းရှိန်တောင်” စစ်ဆင်ရေးတွင် မိနစ် (၂၀) ကြာထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီ၏ စကခ(၁၅) ၊ ဘူးသီးတောင် အခြေစိုက် လက်အောက်ခံ ခမရ (၂၃၃) တပ်ရင်း၊ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ထွန်း၊ ဗိုလ်မှူး (၁) ဦး နှင့် ဗိုလ်ကြီး (၂) ဦး၊ စုစုပေါင်း (၄) ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“လှိန်းရှိန်တောင်” စစ်ဆင်ရေးတွင် စစ်ကောင်စီမှ ဗိုလ်မှူး (၁) ဦး၊ ဗိုလ်ကြီး (၅) ဦးနှင့် အကြပ် ရဲဘော် (၈) ဦး၊ စုစုပေါင်း (၁၄) ဦးတို့ကို အရှင်ဖမ်းဆီးရမိခဲ့ပြီး CDF – Daai မှ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၀ ရက် “လုံရင်တောင်” စစ်ဆင်ရေးနှင့် ဖေဖော်ဝါရီလ ၂၁ ရက် “လှောင်အွေတောင်” စစ်ဆင်ရေးတို့ကို ဆောင်ရွက်ရာတွင် စစ်ကောင်စီတပ်မှ ဗိုလ်မှူး (၂) ဦး၊ ဗိုလ်ကြီး (၃) ဦးနှင့် အကြပ်ရဲဘော် (၂) ဦး၊ စုစုပေါင် ၇ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

“အဓိကက ပူးပေါင်းတပ်ဖွဲ့ဆိုတာထက် CDF Daai က အများဆုံးပါ။ ပူးပေါင်းတပ်ဖွဲ့အနေနဲ့က တစ်ကြိမ်ပါပဲ ။ ကျန်တဲ့ အကြိမ်အများစုက CDF Daai တစ်ဖွဲ့ထဲပါပဲ။ စစ်ကောင်စီက လူတစ်စုရဲ့ လူဆိုးဂိုဏ် အုပ်စုသာ ဖြစ်နေပါပြီ။ စစ်ကောင်စီနဲ့ အကြမ်းဖက်စစ်တပ်ဟာ ရေရှည်မှာ ခိုင်မြဲတော့မှာ မဟုတ်ဘူး။ တော်လှန်ရေးတပ်ဖွဲ့ကို ပြည်သူလူထုက ဆက်လက် အားပေးထောက်ခံမှု များများ ရှိနိုင်ရင် လူတစ်စုရဲ့ တပ်ဖွဲ့ကို မြန်မြန် ချေးမှုန်းနိုင်မှာဖြစ်ပါတယ်” ဟု CDF – Daai ၊ အထွေထွေအတွင်းရေးမှူး Salai Aibax က ပြောသည်။

CDF – Daai အနေဖြင့် ချင်းပြည် ချင်းအမျိုးသားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးလုပ်ငန်းများကို ညီနောင်တော်လှန်ရေးအင်အားစုများနှင့်အတူ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

October 11, 2024
ချင်းတော်လှန်ရေးအင်အားစုများက နယ်မြေအများစုကို သိမ်းပိုက်စိုးမိုးထားသည့် ချင်းပြည်နယ်တွင်...
October 9, 2024
ချင်းပြည်နယ် တောင်ပိုင်း၊ ပလက်ဝမြို့နယ်အတွင်း နှင့် အိန္ဒိယ-မြန်မာနယ်စပ်...
October 4, 2024
အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်းက မြန်မာစစ်ဘေးရှောင် ၇၀၀...
October 2, 2024
ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ပေါ် အနောက်ရပ်ကွက် ဘုရင့်နောင်လမ်းခွဲတွင် အောက်တိုဘာလ (၁)...