ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ

ပင်လည်ဘူးမှာ တိုက်ပွဲဆက်လက်ပြင်းထန်နေ
လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ ပင်လည်ဘူးမြို့နေအိမ်တစ်ချို့
လေကြောင်းပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးနေတဲ့ ပင်လည်ဘူးမြို့နေအိမ်တစ်ချို့

စစ်ကိုင်းနဲ့ကချင်အစပ် ပင်လည်ဘူးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲပြင်းထန်နေတာ ၅ ရက်ကြာရှိလာပြီး ကောလင်းမြို့နဲ့ဝန်းသိုဘက်ကနေပါ ပင်လည်ဘူးကို စစ်ကူလာတာမျိုးတွေပါရှိနေတယ်လို့ ကာကွယ်ရေးတပ်တွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ကတည်းက ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က မြို့သိမ်း တိုက်ပွဲအဖြစ် ပင်လည်ဘူးမြို့ကိုတိုက်ခိုက်ခဲ့ရာကနေ ဒီကနေ့အထိတိုက်ပွဲပြင်းထန်နေတာဖြစ် တယ်လို့ ကာကွယ်ရေးတပ်တွေဘက်ကပြောပါတယ်။

“တိုက်ပွဲကတော့အခုလည်းဖြစ်နေဆဲ တိုက်ပွဲအခြေနေအသေးစိတ်ကိုတော့ အတည်မပြုနိုင်သေး ဘူး ကောလင်းဘက်ကနေလည်း ပင်လည်ဘူးဘက်ကို စစ်ကြောင်းထိုးနေတာ စစ်ကူလာခဲ့တာ ရှိသေးတယ် ပင်လည်ဘူးကို စစ်ကူလာတဲ့ဟာက ဒီပင်လည်ဘူးပကဖနဲ့PDF တွေဘက်က ဖြတ်တောက်ရေးတော့လုပ်ထားတယ်”လို့ပင်လည်ဘူးမြို့နယ်ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

တိုက်ပွဲစဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ကနေ ၂၃ ရက်နေ့အထိတော့ ကာကွယ်ရေးတပ်ဘက်က ၅ ယောက် ဒဏ်ရာရရှိခဲ့သလို တစ်ယောက်ကတော့ ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ သိရပြီး ဒီရက်ပိုင်း ဖြစ်တဲ့တိုက်ပွဲအတွင်းအခြေနေအသေးစိတ်ကိုတော့ ဖုန်းလိုင်းအခက်အခဲကြောင့် အတည်မပြုနိုင် သေးဘူးလို့ ကာကွယ်ရေးတပ်ဘက်ကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ တိုက်ပွဲအတွင်းလေကြောင်းအသုံးပြုဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ပင်လည်ဘူးမြို့ပေါ်ရပ်ကွက်က နေအိမ်တချို့လည်းပျက်ဆီးတာတွေရှိတယ်လို့ သိရပါတယ်။

“ကျနော်တို့ဘက်ကလည်း ထိခိုက်မှုတွေရှိပါတယ် သူတို့ဘက်ကထိခိုက်မှုအခြေနေတော့အတည် မပြုနိုင်သေးပါဘူး လေကြောင်းတိုက်ခိုက်တာကြောင့်တော့ မြို့တွင်းအထကအနောက်ဘက် နဲ့ အာစိဏ္ဏကံဓမ္မာရုံနားက ပြည်သူနေအိမ် ၆ လုံးနဲ့၁၀လုံးကြားထိခိုက်ပျက်စီးခဲ့ပါတယ်”လို့ကောလင်းခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကသိရပါတယ်။

စစ်ကောင်စီတပ်ဘက်က အထိုင်ချထားတဲ့ ပင်လည်ဘူးမြို့ပေါ်အထက်တန်းကျောင်းတွေက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရဲစခန်းကိုတပ်ဆုတ်သွားကြပြီး မြို့ရဲ့ ထက်ဝက်ကျော်ကို ထိန်းချုပ်ထားနိုင်ပြီလို့ ကာကွယ်ရေးတပ်ဖွဲ့ဘက်ကပြောပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဘက်က စော်ဘွားဘုရားကုန်း၊ ရဲစခန်း နဲ့ လွတ်လပ်ရေးကျောက် တိုင်ကုန်းတွေမှာတပ်စွဲပြီးအထိုင်ချထားတယ်လို့သိရပါတယ်။

စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေအကြား ဖြစ်ပွားနေတဲ့ပင်လည်ဘူးတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာရှိသလို စစ်ကောင်စီတပ်ဘက်က တိုက်ပွဲစဖြစ်တဲ့နေ့ကစ ၃ ရက်ဆက်တိုက်လေကြောင်းကန ဗုံးကြဲတိုက်ခိုက်မှု ၁၃ ကြိမ်ထက်မနည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...