မြေရှားသတ္တုတူးဖော်မှုကိုဆန့်ကျင်တဲ့ ဖရဲဒေသခံအများစုကို KIA ကဖမ်းဆီးထားဆဲ

မြေရှားသတ္တုတူးဖော်မှုကိုဆန့်ကျင်တဲ့ ဖရဲဒေသခံအများစုကို KIA ကဖမ်းဆီးထားဆဲ

- KIA တပ်မဟာ (၇) နယ်မြေ ချီဖွေမြို့နယ် ဖရဲဒေသမှာ မြေရှားသတ္တုတူးဖော်မှုကိုဆန့်ကျင်တဲ့ ဒေသခံပြည်သူတွေနဲ့ KIA ကြားပြဿနာဖြစ်ပွားရာမှာ ဖမ်းဆီးသွားတဲ့ပြည်သူတချို့ကို ပြန်လွှတ်ပေးပြီဖြစ်ပေမဲ့ တချို့ကိုတော့ ပြန်လွှတ်ပေးခြင်းမရှိသေးဘူးလို့ သိရပါတယ်။

- ရှမ်းပြည်မြောက်ပိုင်း ပန်ဆိုင်းမြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ် MNDAA က ပြည်သူတွေကို ခြိမ်းခြောက်အုပ်ချုပ်နေပြီး  SSPP နဲ့ KIA စစ်သားတွေကိုလည်း ပန်ဆိုင်းမြို့အတွင်း စစ်ဝတ်စုံနဲ့ လက်နက်ကိုင်ဆောင်ပြီး ဝင်ခွင့်မပြုဘူးလို့ သိရပါတယ်။

- စစ်ကောင်စီတပ်က တိုက်ပွဲတိုင်းရှုံးနိမ့်ပြီး အင်အားနည်းပါးလာတာကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို တရားမဝင် ပြဋ္ဌာန်းလိုက်ပြီး တပ်သားစုဆောင်းနေတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောပါတယ်။

October 12, 2024
မွန်ပြည်သစ်ပါတီရဲ့ တပ်ရင်းတစ်ရင်းလုံး မွန်ပြည်သစ် AD နဲ့ ပူးပေါင်းလာပါတယ်။ မွန်ပြည်နယ်မှာ...
October 12, 2024
-  တနိုင်းမြို့နယ် လီဒိုလမ်းမပေါ်ရှိ ဝါရာဇွပ်ကျေးရွာအုပ်စု ရှဒူးဇွပ်ကျေးရွာမှာ...
October 11, 2024
- ချင်းပြည်တောင်ပိုင်း ပလက်ဝမြို့နယ်နဲ့ အိန္ဒိယ-မြန်မာနယ်စပ် မီဇိုရမ်ပြည်နယ်ဘက်ကို...
October 10, 2024
- သံလွင်မြစ်ရေကြီးမှုကြောင့် ဖားဆောင်းစစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေရဲ့ သီးနှံစိုက်ခင်းဧကပေါင်း ၁,...