ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအချို့ကို စစ်ကောင်စီ ဖြေလျော့ပေး

ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီမှတ်ပုံတင် ဥပဒေအချို့ကို စစ်ကောင်စီ ဖြေလျော့ပေး

စစ်ကောင်စီဟာ ရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီမှတ်ပုံတင်တာနဲ့ပတ်သက်ပြီး ဥပဒေအချို့ကိုဖြေလျော့ပေးခဲ့ပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ခြင်းဥပဒေကိုပြင်ဆင်တဲ့ဥပဒေကို ဇန်နဝါရီလ (၃၀)ရက်နေ့ရက်စွဲ နိုင်ငံတော်စီမံ အုပ်ချုပ်မှုကောင်စီ ဥပဒေအမှတ် ၁၅/၂၀၂၄ထုတ်ပြန်ချက်အရသိရပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်ကပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ မှတ်ပုံတင် ခြင်းဥပဒေအရ နိုင်ငံရေးပါတီမှတ်ပုံတင်ခွင့်ပြုပြီးတဲ့နေ့ကစပြီး “ရက်ပေါင်း(၉၀)အတွင်း” ပြည်ထောင်စု တစ်ဝန်းလုံးအဖြစ် စည်းရုံးမဲ့ပါတီဖြစ်ပါက အနည်းဆုံးအယောက်”(၁၀၀၀၀၀)”ကိုစည်းရုံးရမည်ဆိုတဲ့ ဥပဒေကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အခုပြင်ဆင်လိုက်တဲ့ဥပဒေမှာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ(၅) ပုဒ်မခွဲ(စ)မှာပါတဲ့ “ရက်ပေါင်း၉၀”ဆိုတဲ့စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ အနည်းဆုံးရက်ပေါင်း (၉၀)” ကြိုတင်ပြီး ကော်မရှင်က မိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်ရက်နေ့”ဆိုတဲ့စကားရပ်ကိုပြင်ဆင်ထားပါတယ်။ အဲ့ဒီအပြင် ပါတီဝင်ဦးရေအနည်းဆုံး ၁၀၀၀၀၀ ဆိုသည့်စကားရပ်ကို ပါတီဝင်ဦးရေ အနည်းဆုံး(၅၀၀၀၀)ဆိုသည့် စကားရပ်ဖြင့်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအပြင် နိုင်ငံရေးပါတီမှတ်ပုံတင်ပြီးတဲ့သူဟာ မှတ်ပုံတင်ပြီးတဲ့နောက် ရက်ပေါင်း(၁၈၀)အတွင်း ပြည်ထောင်စု တစ်ဝန်း လုံးရှိမြို့နယ်အားလုံးရဲ့ “အနည်းဆုံးထက်ဝက်၌” ပါတီဝင်ရုံးခန်းများဖွင့်လှစ်မည်ဖြစ်ပြီး ပြည်နယ်တစ်ခု အတွင်းမှာ စည်းရုံးမယ့်ပါတီဝင်တွေဟာ တိုင်းဒေသကြီး (သို့)ပြည်နယ်အတွင်းရှိ မြို့နယ်အားလုံးရဲ့ အနည်းဆုံး(၅)မြို့နယ်မှာ ပါတီရုံးခန်းဖွင့်ရမည်ဖြစ်တယ်ဆိုတဲ့ ပုဒ်မခွဲ(ဇ)ကိုလဲ ထုတ်ပြန်ထားဉပဒေကိုလဲ ပြင်ဆင်ထားပါတယ်။

“ပုဒ်မခွဲ(ဇ)ပါရှိတဲ့ရက်ပေါင်း “(၁၈၀)”ဆိုတဲ့စကားရပ်ကို “ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီအနည်းဆုံး ရက်ပေါင်း(၉၀) ကြိုတင်ပြီးကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့်နေ့ရက်” ဆိုသည့် စကားရပ်ဖြင့် လည်းကောင်း “မြို့နယ်အားလုံးရဲ့အနည်းဆုံးထက်ဝက်ဆိုသည့်စကားရပ်ကို မြို့နယ်အားလုံးရဲ့ အနည်းဆုံးသုံးပုံ တစ်ပုံဆိုတဲ့စကားရပ်နဲ့ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။

စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဉက္ကဌဟာ ယခုပြင်ဆင်ထားတဲ့ဉပဒေအတည်မပြုမီ ယခင်နှစ်က အတည် ပြုခဲ့တဲ့ဉပဒေအရ နိုင်ငံရေးပါတီအချို့ဟာ တင်ပြလာတဲ့ ပါတီဝင်အင်အားစာရင်းတွေဟာ သတ်မှတ်ချက်နဲ့ မကိုက်ညီတာတွေရှိတယ်လို့ ပြီးခဲ့တဲ့၂၀၂၃ခုနှစ်အောက်တိုဘာလ(၁၆)ရက်နေ့က နိုင်ငံရေးပါတီဝင် ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့အချိန်မှာပြောဆိုခဲ့ဖူးပါတယ်။

အဲ့ဒီအပြင် နိုင်ငံရေးပါတီခေါင်းဆောင်တွေဟာ စစ်ကောင်စီရဲ့ရွေးကော်ဉက္ကဌဆီမှာ နိုင်ငံရေးပါတီဝင် မှတ်ပုံတင်ခြင်းဉပဒေနဲ့ပတ်သက်ပြီး လျော့ပေါ့ပေးကြဖို့ကိုလဲ တောင်းဆိုခဲ့တာတွေရှိနေခဲ့ပြီး ယခုအချိန်မှာတော့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဉပဒေအချို့ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိချင်းပြည်နယ်မှာ စစ်ကောင်စီထံမှာ နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်း ဉပဒေပုဒ်မ(၃)အရ ပါတီတည်ထောင်ခွင့်လျောက်တဲ့ပါတီအနေနဲ့ ခူမီးအမျိုးသားပါတီ၊ ချင်းပြည်သူ့ပါတီဖြစ်ကြပြီး ၎င်းတို့ကိုလဲ ပါတီတည်ထောင်ခွင့်ပြုထားပြီလို့သိရပြီး ယခင်ရှိနှင့်ပြီးသားပါတီတွေအနက် ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ်ပါတီသာ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင်ဆီမှာ ပါတီအဖြစ်ဆက်လက်မှတ်ပုံတင်ထားတာဖြစ်ပါတယ်။

October 11, 2024
ယခု ၂၀၂၄ ခုနှစ်အတွင်းတီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့မှာ ဘိန်းစိုက်ပျိုးမှု...
October 10, 2024
ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ စစ်ကောင်စီတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးတာတွေ...
October 7, 2024
ချင်းပြည်နယ်က မြို့နယ်အများစုမှာ ဆက်သွယ်ရေးဖုန်းလိုင်းဖြတ်တောက်ထားလို့...
October 2, 2024
ချင်းပြည်နယ်ဟားခါးမြို့မှာ ဆိုင်ကယ်တစ်စီးကို အမျိုးသား ၂ ဦးစီးလာတာမျိုးတွေ့ရင် စစ်ကောင်စီတပ်က...