သုံးလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် လက်နက်ချအညံ့ခံ

သုံးလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော် လက်နက်ချအညံ့ခံ

၁၀၂၇ စစ်ဆင်ရေး သုံးလတာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀၀ ကျော်ဟာ အလံဖြူထောင်ပြီး လက်နက်ချအညံ့ခံမှုတွေ ပြုလုပ်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အသိပေးထုတ်ပြန်ပါတယ်။

စောစောထွက်ပြေးမှ အသက်ရှင်ခွင့်ရလိမ့်မယ်ဆိုတဲ့ အမှန်တရားကို စောစောသိပြီး မိမိရဲဘော်၊ မိသားစုတွေရဲ့ အသက်ကိုငဲ့ညှာလို့ အသက်ချမ်းသာရာရသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အရေအ တွက်ဟာ ၆၀၀၀ ကျော်မက ရှိခဲ့ပြီလို့ ဆိုပါတယ်။

ဒီ ၆၀၀၀ ကျော်အင်အားဟာ စစ်တပ်သတ်မှတ်ထားတဲ့ ဖွဲ့စည်းပုံအရ တင်းပြည့်ကျပ်ပြည့်ရှိတဲ့ တပ် ရင်း ၃၀ စာဝန်းကျင်လောက် ရှိတယ်လို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ CDM ဗိုလ်ကြီးလင်းထက်အောင်က မှတ်ချက်ပြုပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံအနှံ့နီးပါး ရင်ဆိုင်နေရတဲ့ တိုက်ပွဲတွေကြောင့်  တပ်အင် အားပြုန်းတီးမှုနဲ့အတူ အင်အားသစ်ထပ်မံ မဖြည့်တင်းနိုင်တဲ့အတွက် တပ်ရင်းတစ်ရင်းမှာ အင်အား ၁၄၀ ကနေ ၁၅၀ လောက်သာ ကျန်ရှိတော့တာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရန်သူကိုမဟာဗျူဟာမြောက် အလစ်အငိုက်အနိုင်ယူနိုင်ခဲ့ပြီး မိမိတို့နဲ့ရင်ဆိုင်တိုက်ခိုက်ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းကို တုန်လှုပ်ခြောက်ချားမှုဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

ရန်သူဟာ မိမိတို့နဲ့တိုက်ပွဲဖြစ်ပြီဆိုရင် အသက်သေဆုံးဖို့နဲ့စခန်းဆုံးရှုံးဖို့မှာ ရာနှုန်းပြည့်သေချာသွားပြီဆိုတာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တိုင်းက သိရှိနားလည်လက်ခံသွားကြပြီးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM ဗိုလ်ကြီး လင်းထက်အောင်ကတော့ စစ်တပ်ဟာ အင်အားအပြင် စိတ်ဓာတ်နဲ့ စွမ်းရည်ပိုင်းပါ ဘက်ပေါင်းစုံယိုင်နဲ့နေပြီး ဒါဟာစစ်တပ်ရဲ့ တပ်ပျက်မှုအခြေအနေတစ်ခုလို့ သုံးသပ်ပါတယ်။

“စစ်တပ်အင်အားကတော့ တဖြည်းဖြည်းယိုင်နဲ့လာပြီ။ အဓိကတော့ စစ်တပ်ထဲမှာ စစ်မတိုက်ချင်တဲ့ စစ်သားတွေ များလာတယ်။ စစ်တပ်ရဲ့ ကျဆုံးမှုတွေ၊ လက်နက်ချမှုတွေ ဖမ်းဆီးခံရမှုတွေဟာ တဖြည်းဖြည်းပိုများလာတာဖြစ်တယ်။ စစ်တပ်အင်အားက အနုတ်ဘက်ကို သွားနေတာဖြစ်တယ်။ အဲဒီတော့ စစ်တပ်ဟာ အင်အားတစ်ခုတည်း ယိုင်နဲ့နေတာမဟုတ်ဘူး။ သူတို့ရဲ့ စိတ်ဓာတ်ပိုင်းဆိုင် ရာပါ ယိုင်နဲ့နေတယ်။ စွမ်းရည်ပိုင်းဆိုင်ရာပါ ယိုင်နဲ့နေတယ်။ ဘက်ပေါင်းစုံက ယိုင်နဲ့နေတဲ့ အခြေ အနေတစ်ခုကို ဒီစစ်တပ်က ကြုံတွေ့နေရတာလို့ ကျွန်တော်က မြင်ပါတယ်။ အဲဒီတော့စစ်တပ်ရဲ့ အင်အားယိုင်နဲ့မှုတွေ မဟုတ်ဘူး။ ဒါဟာစစ်တပ်ရဲ့ တပ်ပျက်မှု အခြေအနေတစ်ခုလို့ ကျွန်တော်ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ၁၀၂၇ စစ်ဆင်ရေး မတိုင်ခင်အထိ နိုင်ငံအနှံ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်တော်လှန်တဲ့ လက်နက်ကိုင်အဖွဲ့တွေကို နှစ်နှစ်ကျော်အထိ အင်အားများစွာ ဖြန့်ကျက်ထားရပါတယ်။

ဒီအခြေအနေမှာ ရှမ်းမြောက်အတွင်း စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီရဲ့ မဆုတ်တမ်းခံစစ်စခန်းတွေဟာ နာရီပိုင်းအတွင်း ရက်ပိုင်းအတွင်းမှာပဲ ကျဆုံးခဲ့ရပြီး မြို့တွေ၊ တပ်ရင်းတွေ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အထိ လက်လွှတ်လာခဲ့ရတာ ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ကတော့ အခုလိုစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေရဲ့ သွေးပျက်နေတဲ့ မြင်ကွင်းတွေဟာ မြန်မာနိုင်ငံအနှံ့ နေ့တိုင်း မြင်တွေ့နေရတဲ့ သက်ဆိုးရှည် ဖက်ဆစ်စစ်အာဏာရှင်တို့ ရဲ့နောက်ဆုံးနေ့ရက်တွေဆီ သွားရာလမ်းခရီးရဲ့အကြိုနေ့ရက်တွေပဲလို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ တပ်အင်အားပြုန်းတီးမှုတွေအပြင် တပ်စခန်းကနေ ထွက်ပြေးတာ၊ လက်နက်ချအညံ့ခံမှုတို့ကြောင့် တဖြည်းဖြည်း အင်အားယိုင်နဲ့လာနေချိန်မှာ မထင်မှတ်ထားတဲ့ ထိုးနှက်ချက်တွေကိုလည်း ရင်ဆိုင်နေရပါတယ်။

နိုင်ငံ့တောင်ပိုင်းအတွင်း အင်အားတစ်သောင်းဝန်းကျင်ရှိတဲ့ ဗိုလ်မှူးကြီး စောချစ်သူရဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီတပ်ရဲ့ အမိန့်ပေးကွပ်ကွဲမှုစနစ်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်တော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ အာဏာသိမ်းမှုအတွင်း NCA စာချုပ်အ‌ပေါ် ရပ်တည်ပြီး စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တဲ့ အပစ်ရပ်အဖွဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ကလည်း ဘဝတူညီနောင်မဟာမိတ်တွေနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ဆင်နွှဲသွားမယ်လို့ အသိပေးထားပါတယ်။

Most read this week

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...