မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ပြည်သူ့ဝန်‌ဆောင်မှုအပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာ

မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ပြည်သူ့ဝန်‌ဆောင်မှုအပေါ် ယုံကြည်အားကိုးမှု ကျဆင်းလာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

အာဏာသိမ်းကာလမှာ မွန်ဒေသတွင်း စစ်ကောင်စီရဲ့ ဒေသန္တရစီမံအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့ လုံခြုံရေးဝန်ဆောင်မှုတွေကို ဒေသခံပြည်သူတွေက ယုံကြည်အားကိုးမှု ကျဆင်းလာတယ်လို့ ရာမညဖက်ဒရယ်အင်အားစုသစ်ရဲ့ သုတေသနအစီရင်ခံစာက ဖော်ပြပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ “အကျပ်အတည်းကာလ မွန်ဒေသအတွင်းရှိ ပြည်သူ့ဝန် ဆောင်မှုလေ့လာချက်” အစီရင်ခံစာမှာ အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်း မတူညီတဲ့ ထိန်းချုပ်နယ်မြေတွေမှာ ပြည်သူ့ဝန်ဆောင်မှု အခြေအနေတွေကို သုတေသနပြုထားတာပါ။

သုတေသနအစီရင်ခံစာအရ စစ်ကောင်စီရဲ့ ဒေသန္တရအုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ပြည်သူ့လုံခြုံ ရေးဝန်ထမ်းတွေက ပြည်သူ့ကောင်းကျိုးထက် ကိုယ်ကျိုး ဒါမှမဟုတ် စစ်ကောင်စီအကျိုးကိုသာ ဆောင်ရွက်လာကြတာလို့ ဆိုပါတယ်။

မွန်အရေးလုပ်ဆောင်သူ ဒေသခံတစ်ဦးက တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ် မြေအနည်းစုလောက်သာ လုံခြုံရေးရှိနိုင်ပေမယ့် တရားဥပဒေစိုးမိုးရေးမှာ စစ်ကောင်စီထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ဒုစရိုက်မှုပိုများလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လုံခြုံရေးက ဘယ်နေရာမဆိုပေါ့။ တိုင်းရင်းသားလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်မြေအ နည်းအကျဉ်းလောက်ပဲ လုံခြုံရေး ရှိကောင်းရှိနိုင်တယ်။ တရားဥပဒေစိုးမိုးရေးမှာကျတော့ စကစထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဘယ်သူမှ တရားရင်ဆိုင်ရတဲ့အနေအထားတော့ မရှိသလောက်နည်းသွားတာပေါ့ဗျာ။ ဘယ်သူမှ (နိုင်ငံရေးအမှုကလွဲရင်) တရားရုံးသွားတာတို့ တိုင်ကြားတာတို့ ဘာမှမရှိဘူး။ ဒီထက်ဆိုးတာက ဒုစရိုက်မှုတွေက ပိုပြီးများလာတယ်။ ပိုရဲလာတယ် အရင်ကထက်စာရင်။ တိုင်ကြားမှုယန္တရားပြတ်တောက်နေတဲ့ အခွင့်အရေးကိုယူပြီး ပြည်သူတွေအပေါ် မကောင်းတဲ့သူတွေက ဖိနှိပ်တာတို့၊ လုယက်တာတို့ အများကြီးရှိလာတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးကင်းမဲ့မှုဟာ မွန်‌ဒေသရဲ့ အကြီးမားဆုံးအခက်အခဲတစ်ရပ်ဖြစ်လာပြီး ခရီးလမ်း ကြောင်းတွေမှာ စစ်ဆေးမေးမြန်းမှု များပြားလာတာနဲ့ နေအိမ်အတွင်း ဝင်ရောက်စစ်ဆေးမှုတွေကြောင့် ပြည်သူတွေ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုကင်းမဲ့လာတယ်လို့ သုတေသနအစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုကဏ္ဍဖြစ်တဲ့ အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ တရားစီရင်ရေးနဲ့ လုံခြုံရေးတွေမှာ စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုဟာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုနဲ့ လာဘ်စားမှုတွေကို ပြည်သူအများစု ရင်ဆိုင်နေရတဲ့ အကြီးမားဆုံးပြဿနာလို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ တော်လှန်ရေးအဖွဲ့တွေကြား ထိတွေ့တိုက်ပွဲကြောင့် အချို့ဒေသတွေမှာ ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းတွေ ခေတ္တပိတ်လိုက်ရတာလည်းရှိနေပြီး စစ်ကောင်စီရဲ့ စစ်အုပ်ချုပ်ရေးကြေညာ ချက်နဲ့ ညမထွက်ရ အမိန့်ကြောင့် မွန်ဒေသခံတွေ သွားလာလှုပ်ရှားမှု အဟန့်အတားဖြစ်စေခဲ့တာပါ။

လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေသူတစ်ဦးကတော့ လက်ရှိကာလမှာ ဒေသတွင်းအခြေအနေကြောင့် ကျန်းမာရေးဝန်ထမ်းလိုအပ်ချက်မြင့်မားတဲ့အပြင် ညအိပ်ညတာ အရေးပေါ်လူနာပို့ဆောင်ရာမှာလည်း လုံခြုံရေးအရ အဆင်မပြေတဲ့အနေအထားလို့ ပြောပါတယ်။

“အဓိကတော့ ဒီကာလမှာ ကျွန်တော်တို့ ကျန်းမာရေးအခက်အခဲတော့ အများကြီးဖြစ်တယ်။ အဓိ က ဆရာ၊ ဆရာမလိုအပ်ချက်မြင့်တာပေါ့။ ကျွန်တော်တို့လို မငြိမ်းချမ်းတဲ့ ရေးဒေသလိုမျိုးဆိုရင် တာဝန်ထမ်းဆောင်ချင်တဲ့ ပုဂ္ဂိုလ်ကနည်းတာပေါ့။ ရှိစုမဲ့စုဆရာ၊ ဆရာမတွေ အနည်းအကျဉ်းနဲ့ပဲ ကျန်းမာရေးစောင့်ရှောက်မှုကို စလုပ်နေရတယ်။ နောက်ညအိပ်ညတာကျတော့ အရေးပေါ်လူနာတွေ မော်လမြိုင်ကို သွားပို့ပေးရမယ့်ဟာမျိုးဆို ကျွန်တော်တို့ ဘယ်လိုမှသွားလို့ အဆင်မပြေတဲ့ အနေအထားဖြစ်တော့ အသက်ဆုံးရှုံးမှုတွေ အများကြီးဖြစ်တာပေါ့”လို့ ဆိုပါတယ်။

နောက်ထပ် မွန်ဒေသခံတစ်ဦးကလည်း ရေးမြို့နယ်တောင်ပိုင်းမှာ ညမထွက်ရအမိန့်နဲ့ နယ်မြေမတည်ငြိမ်မှုကြောင့် ရော်ဘာလုပ်သားတွေ ဒုက္ခရောက်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီကာလဆိုလို့ရှိရင် ရော်ဘာခြစ်သမားတွေတော့ ဒုက္ခရောက်ကြတာပေါ့။ ခြံမှာလည်း ရော်ဘာခြစ်သမားတွေက အခုကာလ ရော်ဘာခြစ်ချိန်ဆိုတော့ နိုင်ငံရေးအခြေအနေမကောင်းတော့ ရော်ဘာတွေလည်း မခြစ်ရဘူးပေါ့။ လမ်းမမှာရှိနေတဲ့ ခြံသမားတွေက ဒုက္ခရောက်ကြတာပေါ့”လို့ ဆိုပါတယ်။

မွန်ပြည်နယ်မှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုနဲ့အတူ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ရေးမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးအမိန့် ကျင့်သုံးဖို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

နယ်မြေမတည်ငြိမ်မှု တရားဥပဒေစိုးမိုးရေးလျော့ရဲမှုနဲ့ တရားမဲ့ပြုကျင့်မှုတွေကြောင့် မွန်ဒေသခံပြည်သူတွေက စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုကို ယုံကြည်အားကိုးမှု ကျဆင်းလာတာလို့ သု တေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ CDM ကြောင့် လစ်လပ်သွားတဲ့ စစ်ကောင်စီရဲ့ ပြည်သူ့ဝန်ဆောင်မှုနေရာမှာ တိုင်း ရင်းသား လက်နက်ကိုင်တွေရဲ့ ပြည်သူ့ဝန်ဆောင်မှုတွေ အစားထိုးဝင်ရောက်ပြီး အရင်းအမြစ်အ နည်းဆုံးနဲ့ ဝန်ဆောင်မှုအပေးနိုင်ဆုံး ဒေသန္တရယန္တရားတစ်ရပ် ဖြစ်လာပါတယ်။

ဒါပေမယ့် ဘယ်အာဏာပိုင်အဖွဲ့အစည်းမှ အပြည့်အဝမထိန်းချုပ်နိုင်တဲ့ ရောနှောထိန်းချုပ်‌ရေး အ ညိုနယ်မြေမှာတော့ တိုက်ပွဲတင်းမာမှုကြောင့် ပြည်သူ့ဝန်ဆောင်မှုအပေါ် သက်ရောက်မှု ရှိနေတယ်လို့ အစီရင်ခံစာမှာ အဓိကတွေ့ရှိချက်အဖြစ် ဖော်ပြထားပါတယ်။

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...