တပ်တွင်းအသေအပျောက်များလာလို့ ပြည်သူ့စစ်ရရှိရေး စစ်ကောင်စီနည်းလမ်းမျိုးစုံသုံးလာ

တပ်တွင်းအသေအပျောက်များလာလို့ ပြည်သူ့စစ်ရရှိရေး စစ်ကောင်စီနည်းလမ်းမျိုးစုံသုံးလာ
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်
ဓာတ်ပုံ-စစ်ကောင်စီဝါဒဖြန့်ချန်နယ်

နိုင်ငံအနှံ့စစ်ရှုံးပြီး တပ်တွင်းအသေအပျောက်များလာတဲ့ စစ်ကောင်စီတပ်ဟာ အင်အားပြုန်းတီးလာတာကြောင့် ဒေသတချို့မှာ ရပ်ရွာတည်ငြိမ်အေးချမ်းရေးအကြောင်းပြချက်နဲ့ ပြည်သူ့စစ်ရရှိရေး နည်းမျိုးစုံသုံးပြီး ကြိုးပမ်းလာပါတယ်။

စစ်ကောင်စီဟာ ပဲခူးတိုင်း၊ မကွေးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တချို့နဲ့ ကျေးရွာတွေမှာ အုပ်ချုပ်ရေးမှူးတွေကို ပြည်သူ့စစ်ဖွဲ့ပေးဖို့ ဖိအားပေးညွှန်ကြားတာတွေရှိတယ်လို့ ဒေသခံတွေနဲ့ သံ လွင်တိုင်းမ်ရဲ့ တပ်တွင်းသတင်းပေးတွေဆီက သိရပါတယ်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ပျူစောထီးတွေဟာ လူဦးရေ ၁၀၀ ရှိတဲ့ ကျေးရွာတွေဆီက အနည်းဆုံး ပြည်သူ့စစ်ထဲဝင်ဖို့ ၁၀ ဦး မဲနှိုက်ရွေးချယ်နေတယ်လို့ သိရပါတယ်။

တချို့ဒေသတွေမှာတော့ ပြည်သူ့စစ်ထဲဝင်ဖို့ အသံချဲ့စက်တွေသုံးပြီး လှုံ့ဆော်နေတဲ့အတွက် ဒေသခံအမျိုးသား တော်တော်များများဟာ နေရပ်စွန့်ခွာထွက်ပြေးတာတွေရှိနေသလို PDF တပ်ဖွဲ့တွေဆီမှာ သွားရောက်ခို လှုံတာတွေလည်းရှိလာတာပါ။

စစ်ကောင်စီတပ်က ပြည်သူ့စစ်အဖွဲ့အတွက် လူမပေးတဲ့ကျေးရွာတွေကို PDF ရွာအဖြစ် သတ်မှတ် ဖျက်ဆီးမယ်ဆိုတဲ့ ညွှန်ကြားချက်ကြောင့် အသက်ကြီးပိုင်း အမျိုုးသားတချို့ကို စာရင်းပေးထားရတယ်လို့ ပဲခူးတိုင်းဒေသခံတစ်ဦးက  သံလွင်တိုင်းမ်ကို ပြောပါတယ်။

"မပေးရင်မပေးတဲ့ရွာကို မင်နီတားပြီး သူတို့က PDF ရွာလို့ဆိုပြီး ဖျက်ဆီးမယ်ပေါ့ဗျာ။ မီးရှို့မယ်ပေါ့။ အဲဒါအုပ်ချုပ်ရေးမှူးဆီက တစ်ဆင့်ကြားတာဗျ။ အခုကတော့ ပေးထားတယ်ဗျ။ ငါးယောက်ပေးထားတယ်။ ရွာကိုလာလုပ်မှာ ကြောက်တဲ့အတွက် အသက်ကြီးတဲ့လူတွေပြောရမယ်ဆိုရင် ၅၀ ကျော် ၆၀ ကျော်တွေရဲ့ နာမည်တွေပေးလိုက်တာ" လို့သူက ပြောပါတယ်။

အခုစာရင်းကောက်ယူထားသူတွေကို စစ်ကောင်စီတပ်က အခြေခံစစ်ပညာသင်ပေးပြီးနောက် ကျေးရွာနဲ့ ရပ်ရွာလုံခြုံရေးအတွက် တာဝန်ထမ်းဆောင်ခိုင်းမှာဖြစ်သလို လစာရိက္ခာအနေနဲ့ တစ်လကို ကျပ်ငွေတစ်သိန်းနှစ်သောင်းနဲ့ ဆန်တစ်အိတ်ပေးမယ်လို့ပြောပြီး စည်းရုံးနေတာပါ။

အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံတဝန်းတည်ငြိမ်မှုရရှိစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့က နေပြည်တော်မှာ နိုင်ငံ ရေးပါတီတွေနဲ့ တွေ့ ဆုံစဉ်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီဝင်အင်အားကို နိုင်ငံအတွက် အသုံးချဖို့နဲ့ နိုင်ငံတည်ငြိမ်ဖို့ ပါတီတွေ ပါဝင်ဆောင်ရွက်ပေးဖို့ကိုလည်း သူကတောင်းဆိုခဲ့ပါသေးတယ်။

စစ်တပ်နဲ့နီးစပ်တဲ့ CDM ရဲအရာရှိတစ်ဦးကတော့ ပြည်သူ့စစ်တွေကို စုဆောင်းပြီး လိုအပ်ပါက ရှေ့တန်း စစ်မျက်နှာတွေကိုပို့ဖို့ စီစဉ်နေတာ သိရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

"အစားထိုးဖို့ ရှေ့တန်းကိုလွှတ်ဖို့ပါ။ သူတို့ရဲ့ ညွှန်ကြားချက်ထဲမှာလည်း ပါတယ်လို့ သိရတယ်ပေါ့နော်။ လိုအပ်ရင် နိုင်ငံတော်ကာကွယ်ရေးကို ဆောင်ရွက်ရမယ်ဆိုတဲ့အချက်ပါတယ်။ အဲဒီအချက်က ရှေ့တန်းကိုပို့မယ်ဆိုတဲ့ အဓိပ္ပါယ်လို့ ယူဆလို့ရပါတယ်” လို့သူက ပြောပါတယ်။

လက်ရှိမှာတော့ အာဏာမသိမ်းခင်ထဲက ရှိပြီးသားပြည်သူ့စစ်အဖွဲ့တွေဟာ တိုက်ပွဲပြင်းထန်နေတဲ့ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်နေတာတွေရှိတယ်လို့ သိရပါတယ်။

လွတ်လပ်တဲ့ အစီရင်ခံစာတစ်ခုရဲ့ အဆိုအရ နိုင်ငံတွင်းမှာ ပြည်သူ့စစ်အုပ်စုပေါင်း ၅၀၀၀ ကျော်ရှိပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရဟာ ကျေးရွာပေါင်း တစ်သောင်းကျော်မှာ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဆိုထားပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေဟာ လွတ်လပ်ရေးရပြီးနောက် ပြည်တွင်းလက်နက်ကိုင် သောင်းကျန်းမှုတွေကို ထိန်းချုပ်ဖို့အတွက် စစ်တပ်ကနေ ကျေးရွာကာကွယ်ရေးတပ်အပြင် လမ်းပြနဲ့သတင်းပေးအဖြစ် ဆောင်ရွက်ဖို့ စစ်အစိုးရအဆက်ဆက် ဖွဲ့စည်းလာခဲ့တာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူတွေကတော့ အရန်အင်အားဖြစ်တဲ့ ပြည်သူ့စစ်တွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာတာဟာ တပ်တွင်းတော်တော့်ကို အခြေအနေကျဆင်းလာတာဖြစ်နိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

Most read this week

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...