မြစ်ကြီးနား-ဖားကန့်လမ်းကို စစ်ကောင်စီပိတ်ထား

မြစ်ကြီးနား-ဖားကန့်လမ်းကို စစ်ကောင်စီပိတ်ထား
မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာ ရွာလယ်လမ်းမကြီး။
မြစ်ကြီးနား-ဖားကန့်လမ်းပေါ်က နန့်ယားကျေးရွာ ရွာလယ်လမ်းမကြီး။

တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် မြစ်ကြီးနား-ဖားကန့် လမ်းကို စစ်ကောင်စီဘက်နေ သွားလာခွင့်ပိတ်ထားတာ ဒီကနေ့နဲ့ဆို သုံးရက်ရှိပြီလို့ သိရပါတယ်။

စစ်ကောင်စီတပ်က မြစ်ကြီးနားဘက်ကနေ ဖားကန့်ဘက်ကို သွားတဲ့လမ်းကို ပိတ်ထားတာဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်းလောက်မှ ပြန်ဖွင့်ပေးမယ်လို့ ကြားသိခဲ့ရကြောင်း ကားသမားတစ်ဦးရဲ့ ပြောဆိုမှုကို ဖားကန့်ဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြန်လည်ပြောပြပါတယ်။

“ကားမိုင်းမှာ လမ်းပိတ်ထားတယ်ဆိုပြီး စောင့်နေတာတဲ့ ကားသမားက။ လဝါးမှာ အိပ်ပြီးစောင့်နေတာတဲ့။ မနေ့ကလည်း မဖွင့်ဘူး၊ ဒီနေ့လည်းမဖွင့်ဘူး။”လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီတပ်က ဖားကန့်လမ်းကို ပိတ်ထားတဲ့အတွက် ဖားကန့်ဘက်သွားမယ့် ကုန်စိမ်းကားတစ်စီးဟာ နန့်ယားဈေးမှာပဲ ရောင်းလိုက်ရတယ်လို့ နန့်ယားဒေသခံ အမျိုးသမီးတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ကျွန်မတို့ နန့်ယားမှာ ပိတ်ထားတယ်။ မနေ့က ကားတစ်စီး ကုန်စိမ်းသည်တစ်ဦးတောင် ကျွန်မတို့ နန့်ယားစျေးမှာ လာရောင်းလိုက်တယ်”လို့ ဆိုပါတယ်။

ဖားကန့်ကနေ မြစ်ကြီးနားလမ်းအတိုင်းလာတဲ့ အဆင်းကားတွေကို စစ်ကောင်စီတပ်ကနေ ဇန်နဝါရီလ ရက်နေ့က လယ်ပြင်ဂိတ်မှာ ပိတ်ထားခဲ့ပြီး ၁၆ ရက်နေ့ မနက်မှ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်

ဖားကန့်ဘက်ထပ်တက်လာတဲ့ ခရီးသည်ကားတွေနဲ့ ကုန်တင်ကားတွေကိုတော့ ကားမိုင်းစစ်ကောင်စီဂိတ်မှာ ပိတ်ထားတာဖြစ်ပြီး သွားလာခွင့်မပြုသေးပါဘူး။

ဒါ့အပြင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ကလည်း တာမခန်ကနေ ဖားကန့်ဘက်တက်လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေကို စစ်ရေးအခြေအနေကြောင့် သွားလာခွင့်ပိတ်ထားခဲ့တယ်လို့ သိရပါတယ်။

မြစ်ကြီးနား- ဖားကန့်လမ်းပေါ်က နန့်တိန်းကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIAတပ်တို့ ဇန်နဝါရီလ ၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကျေးရွာဒေသခံတွေ စစ်ရှောင်သွားကြရတာဖြစ်ပြီး နေအိမ်တွေ ဆိုင်ခန်းတွေ ဒီအတိုင်းပစ်ထားတာ တွေ့ခဲ့ရတယ်လို့ ဖားကန့်ဘက်ကိုတက်သွားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောချက်အရသိရပါတယ်။

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...