စစ်ကောင်စီ၏ FTC-2000G အမျိုးအစား တိုက်လေယာဉ်ပစ်ချခံရခြင်းဟုဆို

စစ်ကောင်စီ၏ FTC-2000G အမျိုးအစား တိုက်လေယာဉ်ပစ်ချခံရခြင်းဟုဆို
တရုတ်နိုင်ငံရှိ လေကြောင်းပြပွဲ တစ်ခုတွင် တွေ့ရသည့်  FTC-2000G အမျိုးအစား တိုက်လေယာဥ်တစင်း။
တရုတ်နိုင်ငံရှိ လေကြောင်းပြပွဲ တစ်ခုတွင် တွေ့ရသည့် FTC-2000G အမျိုးအစား တိုက်လေယာဥ်တစင်း။

KIA က စစ်ကောင်စီ၏ FTC- 2000G အမျိုးအစား တိုက်လေယာဥ်ကို ပစ်ချခဲ့ခြင်းဖြစ်ကြောင်း စစ်ကောင်စီ၏ လေတပ်သတင်းအရင်းအမြစ်များကို ကိုးကားပြီး ပြည်သူ့ပန်းတိုင် (People`s goal) က ဖော်ပြသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့မှာ CDM စစ်သားများဖြင့် ဖွဲ့စည်းထားသည့် အဖွဲ့တစ်ခုဖြစ်ပြီး CDM ပြုလုပ်လိုသည့် စစ်သားများကို အကူအညီပေးနေသည့် အဖွဲ့လည်းဖြစ်သည်။

ဇန်နဝါရီ ၁၆ ရက်တွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဖက်ကာဒေသတိုက်ပွဲအတွင်း ဗုံးလာကြဲသည့် စစ်ကောင်စီ ၏ တိုက်လေယာဉ် တစင်းအား ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပစ်ချခဲ့ခြင်းဖြစ်သည်။

"ပစ်ချခံရတာ မှန်ပါတယ်၊ မကြာသေးခင်ကမှ ဝယ်ယူထားတဲ့ FTC-2000G တိုက်လေယာဉ်ပါ၊ ပိုင်းလော့နှစ်ယောက် အခြေအနေတော့ မသိရသေးဘူး" ဟု လေတပ်သတင်းအရင်း အမြစ်က ပြောကြားကြောင်း ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

ပစ်ချခံရသည့် လေယာဉ်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ် FTC-2000G အမျိုးအစား၊ နှစ်ယောက်မောင်း အပေါ့စားဗုံးကြဲတိုက်လေယာဉ်ဖြစ်ပြီး နမ့်စန်လေတပ်စခန်းမှ နမ့်ဖက်ကာဒေသကို ဗုံးကြဲပျံသန်းနေစဉ် ပစ်ချခံရခြင်းဟု လေတပ်သတင်းရင်းမြစ်ကို ကိုးကားပြီး ဆက်လက်ရေးသားထား သည်။

စစ်ကောင်စီက တရုတ်နိုင်ငံမှ အဆိုပါ လေယာဥ် ခြောက်စင်းဝယ်ယူထားပြီး ၂၀၂၃ ခုနှစ် နိုဝင်ဘာလက နမ့်စန်လေတပ်စခန်းသို့ ရောက်ရှိလာခြင်းဟု ပြည်သူ့ပန်းတိုင်အဖွဲ့က ဆိုသည်။

အဆိုပါ တိုက်လေယာဥ်၏ တန်ဖိုးမှာတစင်းလျှင် အမေရိကန်ဒေါ်လာ ၈ ဒသမ ၅ သန်း ရှိသည်။

KIA ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူကလည်း နမ့်ဖက်ကာဒေသ ခလရ (၁၂၃) တပ်ရင်းအား သိမ်းပိုက်စဉ် လာရောက်ဗုံးကြဲသည့် စစ်ကောင်စီ တိုက်လေယာဉ်အား ပစ်ချနိုင်ခဲ့ကြောင်း သတင်းဌာနများကို အတည်ပြုထားသည်။

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...