တောင်ရှည်တောင်ဗျူဟာကို သိမ်းပိုက်ရာတွင် AAနှင့်အတူ လက်တွဲ၍ ယောကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်

တောင်ရှည်တောင်ဗျူဟာကို သိမ်းပိုက်ရာတွင် AAနှင့်အတူ လက်တွဲ၍ ယောကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်
YDF (တောင်ရှည်တောင်ဗျူဟာမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ)
YDF (တောင်ရှည်တောင်ဗျူဟာမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ)

ရခိုင်ပြည်၊ ကျောက်တော်မြိုနယ်၊ တောင်ရှည်တောင် ဗျူဟာစခန်းအား တိုက်ခိုက်သိမ်းပိုက်ရာတွင် ရက္ခိုင့်တပ်တော်(AA) နှင့် အတူလက်တွဲ၍  ယောကာကွယ်ရေးတပ် - YDF လည်း ပါဝင်တိုက်ခိုက်ခဲ့သည်။

ယောကာကွယ်ရေးတပ် - YDF   မှဇန်နဝါရီ ၁၂ ရက်နေ့ သတင်း ထုတ်ပြန်ချက်တွင် တောင်ရှည်တောင် ဗျူဟာကုန်းသိမ်းတိုက်ပွဲသည် ကာလအားဖြင့် (၃) ပတ်ကြာမြင့်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့တွင် ၎င်းဗျူဟာစခန်းအား ရက္ခိုင့်တပ်တော်မှ အပြီးသတ် သိမ်းပိုက်ခဲ့ရာတွင် YDF တပ်ဖွဲ့မှ ဗျူဟာကုန်း တစ်ခုလုံးအား သိမ်းပိုက် လိုက်သည့် အချိန်အထိ တက်ကြွစွာပါဝင်ခဲ့ကြောင်း ဖော်ပြထားသည်။

ရခိုင်တွင် မဟာမိတ်တပ်များနှင့်အတူ ပူးပေါင်း ပါဝင် တိုက်ပွဲ ဆင်နွှဲခဲ့ ရာ စစ်ရေးအတွေ့အကြုံ နှင့် တိုက်ပွဲဝင်ခွင့်ပေးသော ရက္ခိုင့်တပ်တော်ကို ကျေးဇူးများစွာတင်ရှိကြောင်း၊  မဟာမိတ် တပ်များနှင့် အတူ စစ်ရေး အတွေ့အကြုံယူရင်း ရဲရင့်တက်ကြွစွာ ပူးပေါင်း ပါဝင်၍ တိုက်ပွဲ ဆင်နွှဲခဲ့ကြကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်စစ်အုပ်စုကို လက်နက်ကိုင် တော်လှန်ရေးလမ်းစဉ်ဖြင့် အမြစ်ပြတ်ချေမှုန်းရန် တိုက်ပွဲဝင်နေမှုကို ပြည်သူလူထုကြီးမှလည်း အားပေး ထောက်ခံ လာခဲ့သောကြောင့် တော်လှန်ရေးသက်တမ်း နှစ်နှစ်ကျော်ကြာလာသည့်တိုင် အခက်အခဲ မျိုးစုံကြားထဲတွင်ခိုင်မာစွာဖြင့်ရပ် တည်နိုင်ခဲ့ကြောင်း YDF မှ ထုတ်ပြန်ထားသည်။

ပြည်သူများလိုလားတောင့်တသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်လာရေး အတွက် တိုက်ပွဲပေါင်းများစွာကို ရာချီဆင်နွှဲလာခဲ့ရာ လက်ရှိတွင် ယောကာကွယ်ရေးတပ် - YDF တဖွဲ့တည်း တိုက်ခိုက်နေခြင်းထက် လက်နက်အင်အားသာလွန်ပြီး အင်အားကြီးမားသည့် ဘုံရန်သူ အကြမ်းဖက်စစ်အုပ်စုကို တိုက်ခိုက်ရာတွင် တော်လှန်ရေးအဖွဲ့အစည်းများ အချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ပူးပေါင်းတိုက်ခိုက်ကြပါက အောင်ပွဲသည် အချိန်တိုတိုအတွင်း ရရှိနိုင်သည်ဟူသော မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖော်တို့ကို စံနမူနာယူပြီး မဟာမိတ် အဖွဲ့အစည်းများနှင့်အတူ အကြမ်းဖက်စစ်ကောင်စီကို နေရာဒေသမရွေး ပူးတွဲစစ်ဆင်ရေးများ ထိရောက်အောင်မြင်စွာ လုပ်ဆောင်လျက် ရှိကြောင်းလည်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

ယောကာကွယ်ရေးတပ် - YDF သည် ယောပြည်သူလူထုအား ကာကွယ် စောင့်ရှောက်ရန်နှင့် မြန်မာ တပြည်လုံး စစ်ကျွန်ဘဝမှ လွတ်မြောက်ရန် ရည်ရွယ်ပြီး ၂၀၂၁ ခုနှစ်၊ မေလ (၁၂) ရက်နေ့တွင် ယောဒေသခံလူငယ်များမှ ဦးဆောင်၍ဖွဲ့စည်းခဲ့သောအဖွဲ့အစည်းတစ်ခုဖြစ်ပြီး မည်သည့်အဖွဲအစည်း၏ လက်အောက်ခံမဟုတ်ဘဲ ခိုင်မာသောတော်လှန်ရေးစိတ်ဓာတ်အပြည့်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့ကြခြင်း ဖြစ်ကြောင်းသိရသည်။

စတင်ဖွဲ့စည်းသည့်အချိန်မှစ၍ ယောကာကွယ်ရေးတပ်၏ ပြည်သူလူထုအပေါ် သစ္စာရှိမှု၊ ရိုးသားမှု၊ အများပြည်သူများ၏ လိုအပ်ချက်များကို ကူညီပေးမှု၊ ပြည်သူများကိုစောင့်ရှောက်ပေးမှုများကြောင့် ပြည်သူများမှ ယုံကြည် ကိုးစားမှုများနှင့် ထောက်ခံမှုများကိုရရှိလာခဲ့ကြောင်းသိရသည်။

Most read this week

October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...
October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...