အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်

အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ စာသင်ကျောင်းပြန်ပြီးဖွင့်လှစ်
အင်ဂျန်းယန်အထက်တန်းကျောင်းစာသင်ကြားနေပုံ( ပုံဟောင်း)
အင်ဂျန်းယန်အထက်တန်းကျောင်းစာသင်ကြားနေပုံ( ပုံဟောင်း)

ကချင်ပြည်နယ် အင်ဂျန်းယန်မြို့နယ်မှာ ၁ လခွဲနီးပါးပိတ်ထားတဲ့ အခြေခံပညာအထက်တန်းကျောင်းမှာ ကျောင်းသား၊သူတွေကို စာသင်ကြားနေပြီလို့ အင်ဂျန်းယန်ဒေသခံတွေဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်းဆုတ်ခွာသွားတဲ့အချိန် မြို့ထဲက အစိုးရအုပ်ချူပ်ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတာဖြစ်ပါတယ်။

ဒါပေမယ့် ဒီဇင်ဘာလ ကုန်ပိုင်းနဲ့ ဇန်နဝါရီလဆန်းအတွင်း  ထွက်သွားကြတဲ့ အစိုးရ ကျောင်းဆရာ၊ဆရာမတွေကို ရွာထဲကအသင်းတော်ခေါင်းဆောင်တွေနဲ့ ရပ်မိရပ်ဖတွေ ပြန်လည်ခေါ်ယူပြီး ကျောင်းပြန်လည်ခေါ်ယူပြီး  ဒီအပတ်ကစပြီး ကျောင်းပြန်လည်ဖွင့်လစ်နေပြီလို့ အင်ဂျန်းယန်ဒေသခံတွေ ပြောပါတယ်။  

“အခုက ထွက်ခွာပြန်သွားကြတဲ့ ဝန်ထမ်းတွေကို ပြန်ခေါ်ယူထားပြီး သူတို့နဲ့ ပြီးပညာသင်နှစ်ပြီးဆုံးအောင် ဆက်သင်ဖို့ ဟုတ်ပြီ။ဒီတလော တချို့ကျောင်းဆရာမတွေတော့ ရောက်ပြီ။ မြစ်ကြီးနားဘက်ဆင်းသွားတဲ့သူတွေကို ပြန်ခေါ်ယူတာပေါ့။ နဂိုကတည်းကလည်း အင်ဂျန်းယန်မှာက အသင်းတော်နဲ့ ရပ်မိရပ်ဖတွေ နည်းနည်းစီတာဝန်ယူထားတာရှိတော့ အခုသူတို့ကပဲ ပြန်ခေါ်ယူပြီး ပညာသင်နှစ်ပြီးဆုံးအောင် လုပ်နေတာပေါ့။” လို့ အင်ဂျန်းယန်ဒေသခံတစ်ဦးကပြောပါတယ်။

လက်ရှိ ပြန်ပြီးခေါ်ယူသင်ကြားပေးနေတဲ့ ဆရာ၊မတွေဟာ ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်ကို ပြီးဆုံးအောင် သင်ကြားပေးနိုင်ဖို့သာဖြစ်ပြီး နောက်နှစ်ကစပြီးတော့ KIO ပညာရေးဌာန ကဦးဆောင်ပြီး ဖွင့်လှစ်တော့မှာ ဖြစ်သလို KIO ပညာရေးကျောင်းအဖြစ် ဆက်လက်ဖွင့်လှစ်သွားဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း အင်ဂျန်းယန်ဒေသခံတွေက ပြောပါတယ်။

အင်ဂျန်းယန်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က အင်ဂျန်းယန်မြို့ထဲ ဆယ်စုနှစ်ကျော်ကြာအထိုင်ချခဲ့တဲ့စစ်ကောင်စီတပ်စခန်း အပြီးရုပ်သိမ်းဆုတ်ခွာသွားတဲ့အချိန် မြို့ထဲက အစိုးရအုပ်ချူပ်ရေးဆိုင်ရာ ရဲနဲ့ ဝန်ထမ်းများလည်း အားလုံး ထွက်ခွာသွားခဲ့ကြတဲ့အတွက် အခြေခံပညာအထက်တန်းကျောင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာ၊ဆရာမများလည်း ထွက်ခွာသွားကြတာကြောင့် ကျောင်း ၁ လခွဲနီးပါးလောက် ပိတ်ထားလိုက်ရတာဖြစ်ပါတယ်။   

ဒါကြောင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO ပညာရေးဌာနဆိုင်ရာဘက်က ဦးဆောင်ပြီး အင်ဂျန်းယန်မှာ ကျောင်းဆက်လက်ဖွင့်လှစ်နိုင်ရေး ဆွေးနွေးအကောင်အထည်ဖော်နေတာဖြစ်ပါတယ်။

သို့ပေမဲ့ ဒီနှစ်ရဲ့ ပညာသင်ကာလကိုတော့ ပြီးဆုံးအောင် ဖွင့်လှစ်လိုက်ပြီးနောက် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ကစပြီး KIO အစိုးရပညာရေးဌာနကဦးဆောင်ပြီး ကျောင်းစတင်ဖွင့်လှစ်မှာဖြစ်ကြောင်း သိရပါတယ်။  

“အင်ဂျန်းယန်မှာက အနီးပတ်ဝန်းကျင်ကျေးရွာတွေထဲက ကလေးတွေလည်း ကျောင်းလာတက်ရောက်နေတာပါတယ်။ ကျေးရွာတော်တော်များများက ကလေးတွေ တက်နေတာပေါ့။ ဆိုတော့ ဒီဒေသမှာ အဓိကလိုအပ်နေတာက KIO အစိုးရက တာဝန်ယူပြီး ကျောင်းတွေဖွင့်လှစ်တော့မဲ့အချိန်မှာလည်း အခြား NGO အဖွဲ့အစည်းတွေရဲ့ ကိုယ်ညီမှုတွေလိုအပ်တယ်။ ဥပမာ ကျောင်းသုံးပစ္စည်းတွေ၊ ကျောင်းစရိတ်နဲ့ပတ်သက်တာတွေ များစွာခက်ခဲနေတယ်။ ပြီးတော့ ကျောင်းဆရာ၊ဆရာမတွေ တော်တော်များများလိုအပ်တယ်။ အထက်တန်းကျောင်းဆိုတော့ အထက်တန်းပြန်ဘက် အားသန်တဲ့ဆရာ၊ဆရာမတွေလည်း ထောက်ပံ့ပေးဖို့ လိုအပ်နေတယ်။”ဟု သူကဆက်ပြောပါတယ်။

မြစ်ကြီးနားမြို့ မေခနဲ့ မလိခမြစ်ဆုံရာ မြစ်ဆုံအထက်ပိုင်း အလယ်ပိုင်းဒေသဖြစ်တဲ့ တြိဂံနယ်မြေ အင်ဂျန်းယန်မြို့အထက်တန်းကျောင်းမှာ ပုံမှန်အားဖြင့် ကျောင်းသား စုစုပေါင်း ၆၀ ကျော်ရှိပြီး ကျောင်းဆရာ၊ ဆရာမ စုစုပေါင်း ၁၀ ယောက်ကျော်ရှိကြောင်း သိရပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...