စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသော်လည်း ပလက်၀မြို့အတွင်းမှ ရှေ့တန်းဌာနချုပ်များလက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေပြီဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေသော်လည်း ပလက်၀မြို့အတွင်းမှ ရှေ့တန်းဌာနချုပ်များလက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့်သေချာနေပြီဟု ညီနောင်သုံးဖွဲ့ထုတ်ပြန်

ရက္ခိုင့်တပ်တော် (AA)မှ ထိုးစစ်ဆင် တိုက်ခိုက်နေသည့် စစ်ကောင်စီ ပလက်၀မြို့အတွင်းရှိ အဓိက နှင့် အမာခံစခန်းကြီး ၂ ခုအပါအဝင် အမာခံစခန်းကြီး ၄ ခုကို စစ်ကောင်စီအနေဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများကို အများအပြားသုံးပြီး ခုခံနေသော်လည်း အဆိုပါစခန်းများ အားလုံးမှာ တစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာသည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ညီနောင်သုံးဖွဲ့၏ ဇန်နဝါရီ ၄ ရက်နေ့ကည ၁၁ နာရီ ၅၀ မိနစ်တွင် ထုတ်ပြန်သည့်  သတင်း ထုတ်ချက်တွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှ အရှိန်အဟုန်ဆက်လက်မြင့် ထိုးစစ်ဆင်တိုက်ခိုက်နေသော စစ်ကောင်စီ၏ အဓိကနှင့် အမာခံစခန်းကြီးများ မှာပလက်ဝမြို့အတွင်းရှိ စကခ (၁၉) ရှေ့တန်းတပ်မဌာနချုပ်၊ တပ်မ (၁၁) ရှေ့တန်းဌာနချုပ်၊ ပလက်ဝ-ကျောက်တော်အစပ်ရှိ မီးဝဗျူဟာ နှင့် ကျောက်တော်မြို့နယ် အတွင်းရှိ တောင်ရှည်တောင်ဗျူဟာကုန်း များဖြစ်ကြသည်။

ညီနောင်သုံးဖွဲ့၏ ထုတ်ပြန်ချက်အထဲတွင် စစ်ကောင်စီအနေဖြင့် လေကြောင်း၊ လက်နက်ကြီး ပစ်ကူများကို အများအပြားသုံးပြီး ခုခံနေသော်လည်း အဆိုပါ စခန်းများအားလုံးမှာ တစ်ခုပြီး တစ်ခု လက်လွတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာသည့်အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်ဟု ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်မှ စစ်ကောင်စီ၏ စခန်းငယ်အချို့ကို မိမိတို့မှ ယမန်နေ့က ထပ်မံသိမ်းပိုက်ရရှိထားပြီး အခြားတစ်ဘက်တွင်လည်း စစ်ကောင်စီဘက်မှ အဆိုပါ တပ်မဌာနချုပ်စခန်းများ မကျစေရေးအတွက် အသည်းအသန် ခုခံကာကွယ်လျက် ရှိသောကြောင့် တိုက်ပွဲများမှာ ယခင်ရက်များထက် ပိုမိုပြင်းထန် နေခဲ့သည်ဟု ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် အဆိုပါစခန်းများ မကျဆုံးစေရေးအတွက် ခုခံစစ်အားဖြင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုမှာ ယမန်နေ့က အကြိမ် အများဆုံးဖြစ်ခဲ့ပြီး စံချိန်တင်ခဲ့ကာ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများသည်လည်း ယမန်နေ့တွင် အကြိမ်အရေအတွက် ပိုများခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းပြင် ချင်းပြည်နယ် ပလက်ဝ ဒေသအတွင်းနှင့် ရခိုင်ရှိ မြို့ ၅ မြို့တွင် တိုက်ပွဲများဖြစ်ပွားခဲ့ကာ တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာခဲ့ကြောင်း၊  ရခိုင်ဒေသရှိ ပေါက်တောမြို့၊ ရမ်းဗြဲမြို့၊ မင်းပြားမြို့နှင့် အမ်းမြို့ ပတ်ဝန်းကျင်တို့တွင်လည်း တိုက်ပွဲများ ကြိုကြားကြိုကြားအဖြစ် ဆက်လက် ရှိနေခဲ့ကြောင်း၊ ရခိုင်ဒေသအတွင်း တိုက်ပွဲ ဧရိယာ ပိုမိုကျယ်ပြန်လာခဲ့ကြောင်း ပြောဆိုသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက်ပိုင်းကလည်း မင်းပြားမြို့နယ် င/စရိုင်းတောင်အနီး၊ မင်းရွာနှင့် ဖားပြိုရွာအကြားတွင် ရက္ခိုင့်တပ်တော်(AA) နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သေးဟု ထုတ်ပြန်ထားသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယမန်နေ့၊ နံနက် (၁၀) နာရီကျော်အချိန်ခန့်က  မင်းပြားမြိုနယ်၊ င/စရိုင်းတောင်အနီး၊ မင်းရွာနှင့် ဖားပြိုရွာ ကြားရှိ ရန်ကုန်-စစ်တွေ ကားလမ်းမနံဘေးတွင် မင်းပြားအခြေစိုက်စစ်ကောင်စီလက်အောက်ခံ ခလရ (၁၄၄) တပ်ဖွဲဝင် များနှင့် ရက္ခိုင့်တပ်တော် (AA) တိုကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  စစ်ကောင်စီ၏ မင်းပြားအခြေစိုက်တပ်ရင်းနှင့် မင်းပြား၊ ရာမောင်တံတားအနီး၌ အခြေချတပ်စွဲထားသည့် တပ်စခန်းများ မှလည်း အဆိုပါတိုက်ပွဲဖြစ်ပွားခဲ့သည့် အနီး အနားကျေးရွာ  များသို လက်နက်ကြီး၊ ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည် ဟု ဖော်ပြထားသည်။

ဆက်လက်၍ ထုတ်ပြန်ချက်တွင် ယမန်နေ့ နံနက် (၁၀) နာရီ (၄၀) မိနစ်ခန့်အချိန်တွင် ရခိုင်ပြည်၊ မောင်တောအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ နခခ (၅) တပ်ရင်း နှင့် (၆) မိုင်တပ်စခန်း တို့မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် လက်နက်ကြီးကျည် (၃) လုံးသည် ကံသာယာ (အထက်) ကျေးရွာရှိ ဒေသခံ (၁) ဦး၏ နေအိမ်သို ကျရောက်ပေါက်ကွဲခဲ့ကာ နောက်ထပ် (၂) လုံးသည်လည်း ကျေးရွာလမ်းမနံဘေး၌ ကျရောက်ပေါက်ကွဲခဲ့ဟု ပါရှိသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျေးရွာ အတွင်းရှိ ဆယ်ကျော်သက်အရွယ် မိန်းကလေး (၃) ဦးနှင့် အသက် (၇၈) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦးတိုမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဆိုထားသည်။

ယမန်နေ့ ဇန်နဝါရီလ ၄ ရက် နံနက် (၅) နာရီဝန်းကျင်တွင်လည်း ရခိုင်ပြည် စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်း၌ ဟင်းသီးဟင်းရွက်ရောင်းချနေသည့် ဒေသခံ လက်လုပ်လက်စားများအပါအဝင် ကုန်တင်ကုန်ချပြုလုပ်နေသည့် ဘုတ်သမားများ (၆၀) ခန့်အား စစ်ကောင်စီ တပ်ဖွဲ့ဝင်များမှ စျေးအတွင်းသို့ ဝရုန်းသုန်းကား ဝင်ရောက်လာပြီး အင်အားသုံးဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်ဟုလည်း ညီနောင်မဟာမိတ် သုံးဖွဲ့က ထုတ်ပြန်ထားသည်။

(ဇန်နဝါရီလ (၄) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ညီနောင်သုံးဖွဲ့မှ ထုတ်ပြန်သည်။ Operation 1027 ၁၀၂၇ စစ်ဆင်ရေး (၇၀) ရက်မြောက်နေ့ တိုက်ပွဲသတင်းများမှ ကောက်နှုတ်ဖော်ပြသည်။

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...