ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA ပြော

ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ AA ပြော

ရက္ခိုင်ဒေသနဲ့ ပလက်ဝဒေသအတွင်းက စစ်ကောင်စီရဲ့ စခန်းတစ်ခုမှမကျန် တိုက်ခိုက်ချေမှုန်းသွားမယ်လို့ ရက္ခို့င်တပ်တော်(AA) က သတိပေး ပြောဆိုလိုက်ပါတယ်။

ပလက်ဝဒေသအတွင်းက ကျန်ရှိနေသေးတဲ့ စစ်ကောင်စီရဲ့  ဗျူဟာကုန်းတွေကို တိုက်ခိုက်နေပြီး ဇန်နဝါရီလ ၁ ရက်နေ့က စတင်ပြီးတော့ ပလက်ဝ (၂၈၉) ဗျူဟာကုန်းနဲ့  မီးဝဗျူဟာကုန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ခလရ- ၂၃၃၊ ခမရ- ၃၇၄၊ ခမရ- ၃၇၆ ၊ခမရ- ၃၀၈ ၊ခမရ-၂၁၁၊ ခမရ- ၂၁၇ ၊ခလရ- ၂၈၉နဲ့  ခမရ- ၂၂၀ တို့ကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ညီနောင်သုံးဖွဲ့က မနေ့ညက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

ဒါ့အပြင်  ပလက်ဝဒေသက ချင်းလက်ဝစခန်းကုန်းကို ဇန်နဝါရီလ ၃ ရက်နေ့မှာ ရက္ခိုင့်တပ်တော် (AA) ကနေ အပြီးသတ်သိမ်းပိုက်ရယူနိုင်ခဲ့ပြီး ရန်သူ့အလောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံအဆောင်ပစ္စည်းတွေ အများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးမှာ စစ်ကောင်စီဘက်က နှစ်ရှည်လများ အခိုင်အမာစခန်းချတပ်စွဲထားပြီး လက်နက်အားကိုးနဲ့ ပြည်သူထုကို ကာလရှည်ကြာ အနိုင်ကျင့်ဗိုလ်ကျနေတဲ့ တောင်ရှည်တောင် ဗျူဟာကုန်းကိုလည်း  အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့လည်း ဆိုပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့ကလည်း ပလက်ဝဒေသအတွင်းက ခမောင်းဝစခန်းကို  အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ချအညံ့မခံသေးတဲ့ စခန်းကြီး/ငယ်တွေနဲ့  တစ်ဝက်တစ်ပျက် ကျန်ရှိနေတဲ့ စခန်းတွေကို ယခုရက်သတ္တတစ်ပတ်အတွင်း အပြီးသတ် ချေမှုန်းတိုက်ခိုက်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးစတင်တဲ့နေ့ကစပြီး ရက္ခိုင်နဲ့ ပလက်ဝဒေသမှာ ဒီကနေ့အထိ စစ်ကောင်စီရဲ့ စခန်းပေါင်း ၁၅၀ လောက်ကို ရက္ခိုင့်တပ်တော်(AA) က တိုက်ခိုက်သိမ်းပိုက်ထားပါတယ်။

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...