မကြာမီ အိမ်ပြန်ရတော့မည်ဟု KSCC ဥက္ကဌ ပြော

မကြာမီ အိမ်ပြန်ရတော့မည်ဟု KSCC ဥက္ကဌ ပြော
ဓါတ်ပုံ - Karenni Humanitarian Team-KHT
ဓါတ်ပုံ - Karenni Humanitarian Team-KHT

ပြည်သူလူထုများ မကြာမှီအချိန်တွင်းမှာ မိမိနေရပ်သို့ ပြန်နိုင်ကြတော့မည်ဟု ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCC ဥက္ကဋ္ဌက ပြောဆိုလိုက်သည်။

ကရင်နီပြည်တွင် ပြည်နယ်၏ နေရာအများစုကို ကရင်နီတပ်ပေါင်းစုများမှ တိုက်ခိုက်သိမ်းပိုက်ထားပြီး နောက် KSCC ဥက္ကဋ္ဌ ခူဦးရယ်မှ ဇန်နဝါရီလ ၁ ရက်နေ့၊ နှစ်သစ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ် သည်။

“ကျနော်တို့ မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ မဝေးတော့သလို စိန်ခေါ်မှုများ ဆက်လက်ရှိနေသော်ငြား လည်း မကြာမှီမှာ အရပ်ရပ်ကနေ မိမိတို့ ဇာတိချက်မြုပ်ရာ မွေးရပ်မြေကို မလွဲမသွေ ပြန်နိုင်ကြတော့မှာ ပါ။ ဒါကြောင့် ဒီနှစ်သစ်တစ်လျောက်လုံးမှာ ကျနော်တို့ အားလုံး မိမိတို့ရှိတဲ့ နေရာကနေ ဆက်လက်ပြီး စိတ်ဓာတ် ကြံ့ခိုင်မှုနဲ့အတူ တိုက်ပွဲဝင်ကြရင်း လှေခွက်ကြီးကျန် အလှံမလဲ ငုတ်မိသဲတိုင် တက်နိုင်ဖျား ရောက် ဆိုတဲ့ ခံယူချက်တွေနဲ့ ဆက်လက်ပြီး အတူ ကြိုးစားရုန်းကန်ကြရအောင်လို့ တိုက်တွန်း ခွန်အားပေး ချင်ပါတယ်။”

လက်ရှိ ကရင်နီပြည်၏ မြို့တော်လွိုင်ကော်ရှိ လွိုင်ကော်တက္ကသိုလ်၊ ပြည်နယ်ရဲရုံး၊ လျှပ်စစ်ဦးစီးဌာနရုံးနှင့် ပြည်နယ်ဝန်ကြီးရုံးတို့အပြင် လွိုင်ကော်မြို့၏ ထက်ဝက်ကျော်ကိုလည်း ၂၀၂၃ ခုနှစ်အတွင်း တိုက်ခိုက် သိမ်း ပိုက်ထားနိုင်ပြီ ဖြစ်သည်။

ထို့အပြင် ပြည်နယ်၏ ၈၀ ရာခိုင်နှုန်းကျော်ကို ကရင်နီတော်လှန်ရေးအဖွဲ့များမှ ဆက်လက် ထိန်းချုပ်ထား လျှက်ရှိပြီး တိုက်ပွဲများလည်း နေ့စဥ်ရက်ဆက်ဖြစ်ပွားနေသည်ဟု မြေပြင်က သတင်းအရင်းအမြစ်များက ပြောရှိသည်။

၁၁၁၁ စစ်ဆင်ရေးအတွင်း တိုက်ပွဲများ အပြင်းထန်ဆုံး ဖြစ်ပွားနေပြီး စစ်ကောင်စီ၏ လေကြောင်းနှင့် လက် နက်ကြီးများကြောင့် လွိုင်ကော်မြို့တွင် နေအိမ်ပျက်စီးမှု အများအပြားရှိနေသည်။

ထိုလွိုင်ကော်မြို့မှ စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးကလည်း သူမ၏ အိမ်အပြန် မျှော်လင့်ချက်ကို ပြောပြသည်။

“ပြန်ချင်တယ်ပေါ့။ ကိုယ့်ရပ်ကိုယ့်မြေ သူများနားမှာနေ ဘယ်လောက် ဇိမ်ထားထားလည်း ကိုယ့်အိမ် လောက် ဘယ်ဟာကမှ မကောင်းပဲနဲ့ကို။ ဒါပေမယ့် ပြန်ရင်လည်း ဘာမှမရှိတော့ဘူးဆို အဒေါ်တို့ကတော့ အခုကတည်းက ဘာမှတော့ မမျှော်လင့်ထားပါဘူးလို့။ အဒေါ်တို့ပြန်ရင်တော့ မိုးကာလေးဘာလေး လှူဖို့ တော့ စိတ်ကူးထားပေါ့။ မိုးကာလေးရှိရင် မြေကွက်လေးကတော့ ဘယ်လိုပဲ ဖြစ်ဖြစ်ရှိနေမှာပဲလေ၊ မဟုတ် ဘူးလား တဲထိုးပြီးနေလို့ရတာပေါ့။ ငါတို့ ကယားပြည်နယ်၊ မြန်မာပြည်ငြိမ်းချမ်းဖို့ကတော့ နံပါတ်ဝမ်း ပေါ့။”

စစ်အာဏာရှင် စနစ်ကို ဆန့်ကျင်ပြီး CDM လုပ်ထားသည့် ကရင်နီပြည်မှ CDM ဝန်ထမ်း တစ်ဦးကလည်း လက်ရှိ IEC ၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များအပေါ် ယုံကြည်ကြောင်း ယခုကဲ့သို့ ပြောသည်။

“ယုံကြည်တယ် ကိုယ့်ပြည်နယ်ထဲက လူတွေပဲဆိုတော့ ယုံကြည်တယ်။ ပြီးတော့ ဖက်ဒရယ်ကိုလည်း မျှော် လင့်တယ်ပေါ့။ ယုံကြည်မှုအပြည့်ပါပဲ ကိုယ့်တိုင်းရင်းသား အချင်းချင်းတွေဆိုတော့ ပြန်မယ်ဆို ပြန်ဖို့ အစီ အစဥ် ရှိတယ်။ ကိုယ့်အိမ်ကိုပဲလွမ်းတယ် ဒီနှစ်တော့ သိပ်တော့မသေချာသေးဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ဝန် ထမ်းလုပ်တာ သင်ခန်းစာလည်းရတယ်။ နောင်တလည်းရတယ်။ တကယ်တမ်း နိုင်ငံရေး မကောင်း တော့ နိုင်ငံရေး အပေါ်မှာပဲ ကြည့်ရမှာပေါ့။ နိုင်ငံရေး အဆင်ပြေတယ်ဆိုရင်တော့ ပြန်လုပ်ရင်လုပ်မယ်။ မဟုတ်ရင် လည်း တခြား အလုပ်ရှာရင်လည်းရှာမယ်။ အဲ့တစ်ခုက နည်းနည်းတော့ စဥ်းစားရတော့မှာပေါ့။ ပြန်လုပ် မလား မလုပ်ဘူးလားဆိုတာ ၅၀/၅၀ပဲ အဲ့လိုပဲတွေးတော့တယ်။”

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ကရင်နီပြည်သူလူထု လိုလားတောင့်တနေသည့် ဖက်ဒရယ် ဒီမိုကရေစီစနစ်အား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက်သွားမည်ဟု IEC က ပြောဆို ထားသည်။

ထို့အပြင် ၂၀၂၄ ခုနှစ်တွင် စစ်အာဏာရှင်စနစ် အပြီးသတ်ချုပ်ငြိမ်းပြီး အောင်မြင်သည့် နှစ်ဖြစ်အောင် စည်း လုံးညီညွတ်စွာနှင့် ဝိုင်းဝန်းကြိုးစားကြရန်လည်း ကရင်နီပြည် ကြားကာလလွှတ်တော် ဥက္ကဋ္ဌ ဦးဌေးအောင် က နှစ်သစ်မိန့်ခွန်းထဲ တိုက်တွန်း ပြောဆိုလိုက်သည်။

October 18, 2024
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် မိုးဦးရာသီမှ စတင်ဖြစ်ပွားခဲ့သည့် ရာသီတုပ်ကွေး...
October 18, 2024
ကချင်ပြည်၊ ဖားကန့်ဒေသက သတင်းထောက် ၂ ဦးကို ဖမ်းဆီးထားသည်ဆိုသည်မှာ ဟုတ်မှတ်သည်ဟု ကချင်လွတ်လပ်ရေး...
October 16, 2024
သတင်းနှင့် မီဒီယာ ကွန်ရက် ၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၅ ရက်ကရင်နီပြည် ဖားဆောင်းမြို့နယ်နှင့်...
October 14, 2024
၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁၄ ရက်။တနင်္သာရီတိုင်းရှိ  ရေဖြူတံတားစစ်ဆေးရေးဂိတ်...