ကောလင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံး

ကောလင်းမှာ စစ်ကောင်စီပစ်ခတ်တဲ့ လက်နက်ကြီးကြောင့် Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် တောင်မော်ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့လို့ Non-CDM ဆရာမတစ်ယောက် နှလုံးရပ်သေဆုံးခဲ့ပြီး နှစ်ယောက် လက်နက်ကြီးစထိမှန်ဒဏ်ရာ ရခဲ့တယ်လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ဆီကသိရပါတယ်။

ဝန်းသိုမြို့နယ် ခမရ ၁၂၀ တပ်ရင်းက‌နေ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့ည ၉ နာရီဝန်းကျင်လောက်မှာ ဟောင်ဝစ်ဇာလက်နက်ကြီးအမျိုးအစားနဲ့ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ပထမတစ်လုံးမှာ တောင်မော်ရွာထဲက နေအိမ်တစ်လုံးကိုထိမှန်ခဲ့ပြီး နေအိမ်မှာ မီးလောင်ပျက်ဆီးသွား တယ်။ အိမ်မှာရှိတဲ့ မဂျူးဂျူးလှိုင်ထိခိုက်ဒဏ်ရာရ၊ နောက်ထပ် အမျိုးသားတစ်ယောက်လည်း ထိခိုက် ဒဏ်ရာရ သူ့အမျိုးသမီးဖြစ်သူကတော့ ထိခိုက်ဒဏ်ရာရတာမရှိဘဲ နှလုံးဖောက်ပြီး နေရာမှာသတိလစ် သေဆုံးသွား တယ်လို့သိရပါတယ်”လို့ ကောလင်းပြည်သူမှပြည်သူသို့ အဖွဲ့ကဆိုပါတယ်။

သေဆုံးခဲ့သူဟာ အသက် ၄၃ နှစ်အရွယ် ဒေါ်မင်းမင်းစိန်ဆိုသူဖြစ်ပြီးတော့ မကြာသေးခင်ကပဲ အလင်းဝင် လာတဲ့ Non-CDM ဆရာမတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲ့ဒီလက်နက်ကြီးကြောင့် နေအိမ်တစ်လုံးမီးလောင်ပျက်ဆီးခဲ့ရပြီး နောက်ထပ်နေအိမ်တစ်လုံး ကတော့ အနည်းငယ်ပျက်ဆီးသွားတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့ကလည်း ဝန်းသို ခမရ ၁၂၀ တပ်ရင်းကနေပဲ ကောလင်းမြို့ပေါ်ကရပ်ကွက်ထဲကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့လို့ ကလေးငယ်၂ယောက်အပါအဝင်၃ယောက်သေဆုံးခဲ့ပါသေးတယ်။

ကောလင်းမြို့ကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၅ ရက်နေ့ကစပြီး KIA နဲ့ ကာကွယ်ရေးတပ်တွေပူးပေါင်းသိမ်းပိုက် နိုင်ခဲ့တာဖြစ်ပြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးတပ်တွေဘက်က မြို့ကိုထိန်းချုပ်ကာ ပြည်သူ့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ကောလင်းမြို့ကိုပြန်ရဖို့အတွက် ဝန်းသိုမြို့နယ်ဘက်ကို အင်အားတွေ ဖြည့်တင်းတာတွေရှိသလို လက်နက်ကြီးတွေအသုံးပြုပြီး အရပ်သားတွေနေထိုင်တဲ့ ရွာ၊ ရပ်ကွက်တွေ ဘက်ကို ပစ်ခတ်တိုက်ခိုက်မှုတွေ မကြာခဏပြုလုပ်လေ့ရှိပါတယ်။

Most read this week

September 20, 2024
မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းကနေ စစ်လက်နက်ရိက္ခာဖြည့်တင်းဖို့ဆန်တက်လာတဲ့...
September 19, 2024
ဖားကန့်မြို့ ဆိုင်းတောင်တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင် ၄...
September 17, 2024
ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ဆိုက်ကပ်ထားတဲ့ စစ်သင်္ဘော ဗန်းမော်ဘက်ကို ဆန်တက်လာချိန်...
September 16, 2024
ရှမ်းပြည်မြောက်ပိုင်း မုံးကိုးမြို့နယ် မုံးပေါ်ဒေသမှာ KIO/KIA နဲ့ MNDAA လက်နက်ကိုင်နှစ်ဖွဲ့ကြား...